ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၁၂

14.09.2020

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်း နေကြကာ လိမ်လည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက် အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်း နေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်အချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာ မရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေမြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့် မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်တောင်တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင်သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဉ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး အသိတရား အလုံးစုံကို ဆန့်ကျင်ကြကာ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့် အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ်ကို မည်သူ ပံ့ပိုးခဲ့သနည်း။ ဘုရားသခင်၏ အလုပ်အတွက် မည်သူသည် ၎င်းတို့၏ အသက်တာကို စွန့်လွှတ်ခဲ့သနည်း၊ သို့မဟုတ် သွေးမြေခခဲ့သနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုင်အောင်၊ မိဘများမှသည် သားသမီးများအထိ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား ခပ်ဆတ်ဆတ်ပင် ကျွန်ပြုခဲ့ကြသည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက် ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့် တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ နေနေရသော လူသား သည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက်နှင့် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်း ကို ကြံ့ကြံ့ခံခဲ့ပြီ၊ ကြီးစွာသော နာကျင်မှုနှင့် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သူသည် သင်တို့အား နှင်းအပ်ခဲ့ပြီ— ထို့ကြောင့် သင်တို့သည် အဘယ်အတွက်နှင့် မမြင်ချင် ယောင်ဆောင်နေကြသနည်း။ လူဘုံအလယ်တွင် သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်း ကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းဆိုခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန်တရာမှပင် ကျိုးကြောင်း မဆင်ခြင် နိုင်ရသနည်း။ သင်တို့သည် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းအတွင်းရှိ မတရားမှုများကို ကြံ့ကြံ့ခံရန် ဆန္ဒရှိနေကြသလော။ နှစ်ထောင်ချီသည့် မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့် အစား အဘယ်ကြောင့် သင်တို့သည် မိမိတို့ကိုယ်မိမိ မာရ်နတ်တို့ ရှင်ဘုရင်၏ “ချေး” နှင့် သိပ်ထည့်ကြ သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။