ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၂၇

11.10.2020

သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ “ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်” ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ “ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။” ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။ ထို့ကြောင့် ယနေ့ သင်တို့ကို ထိုသို့ ငါ တရားစီရင်သည်နှင့်အမျှ၊ အဆုံးတွင် သင်တို့ မည်သည့် အတိုင်းအတာအထိ နားလည်မှု ရှိလိမ့်မည်နည်း။ သင်တို့၏ အဆင့်အတန်း မမြင့်သော်လည်း ဘုရားသခင်၏ မြှင့်တင်ခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ဆိုကြလိမ့်မည်။ သင်တို့သည် နိမ့်ကျစွာ မွေးဖွား လာခဲ့သောကြောင့် သင်တို့၌ အဆင့်အတန်း မရှိပေ၊ သို့သော် ဘုရားသခင်သည် သင့်ကို မြှင့်တင်သော‌ကြောင့် သင် အဆင့်အတန်း ရရှိပေသည်- ယင်းမှာ ဘုရားသခင် သင်တို့အား ပေးသနားသောအရာဖြစ်သည်။ ယနေ့ သင်တို့သည် ဘုရားသခင်၏ လေ့ကျင့်သင်ကြားပေးခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ တရားစီရင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း သာ၍ပင်ဖြစ်သည်။ သင်တို့သည် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို ကိုယ်တိုင်ကိုယ်ကျ လက်ခံရရှိနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ခေတ်ကာလများတစ်လျှောက်တွင် သူ၏ သန့်စင်ပေးခြင်းနှင့် လောင်မြိုက်စေခြင်းကို လက်ခံ ရရှိခဲ့သောသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့သကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်ခြင်းခံရသည့် လူတစ်ဦးမျှ မရှိခဲ့ပေ။ ဘုရားသခင်သည် ယခု သင်တို့အား မျက်နှာချင်းဆိုင် စကားပြောနေသည်၊ သင်တို့အား သန့်စင်ပေးနေသည်၊ သင်တို့၏ ဆန့်ကျင်ပုန်ကန်လိုသော အတွင်းသဘောကို ထုတ်ဖော်ပြသ နေပေသည်- ဤသည်မှာ သူ၏ မြှင့်တင်ပေးခြင်း အစစ်အမှန်ပင် ဖြစ်သည်။ လူတို့သည် မည်သည့် အရည်အချင်းများ ရှိကြသနည်း။ ၎င်းတို့သည် ဒါဝိဒ်၏မျိုးဆက် သို့မဟုတ် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ပါစေ အကျဉ်းချုပ်အားဖြင့်၊ လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။ သင်တို့ အများစု၌ ယခု ရှိနေသော စိုးရိမ်ပူပန်စရာများမှာ အဘယ်နည်း။ သင်တို့သည် အဆင့်အတန်း၏ ကန့်သတ်ခြင်းကို အမြဲ ခံနေကြရပြီး သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကိုသာ ပူပန်နေကြသည်။ သင်တို့သည် ဘုရားသခင်၏ မိန့်မြွက်ချက် စာမျက်နှာများကို စဉ်ဆက်မပြတ် လှန်‌လှောနေကြသည်၊ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် သက်ဆိုင်၍ ပြောဆိုမှုများကို ဖတ်ရှုရန် ဆန္ဒရှိနေကြပြီး၊ သင်တို့၏ တက်လမ်းများက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် သင်တို့၏ ခရီးပန်းတိုင်က မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို သိချင် နေကြသည်။ “ငါသည် တက်လမ်းတစ်ခုတစ်လေ အမှန် ရှိသလော။ ဘုရားသခင်က ထိုတက်လမ်းများကို ဖယ်ရှားလိုက် ပြီလော။ ငါသည် အဖြည့်ခံတစ်ဦး ဖြစ်သည်ဟုသာ ဘုရားသခင် ပြော၏။ သို့ဆိုလျှင် ငါ၏ တက်လမ်းများမှာ အဘယ်နည်း” ဟု သင်တို့ သိချင်ကြသည်။ သင်တို့၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘေးဖယ်ထားဖို့ သင်တို့အတွက် ခက်ပေသည်။ ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ ကြိုးစားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မကြိုးစား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီး မင်္ဂလာများမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ထုတ်ပြန်သည်နှင့်တစ်ပြိုင်နက် သင်တို့သည် သင်တို့၏ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာမှာ အကယ်စင်စစ် မည်သည့်အရာ ဖြစ်ကြောင်းကို အလောတကြီး ကြည့်ကြသည်။ သင်တို့သည် အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာကို ဦးစားပေးကြပြီး၊ ရူပါရုံကို ဒုတိယနေရာသို့ အဆင့်ချသည်။ တတိယနေရာမှာ သင်တို့ ဝင်ရောက်သင့်သည့် အရာတစ်ခု ဖြစ်ပြီး စတုတ္တနေရာမှာ ဘုရားသခင်၏ လက်ရှိ အလိုတော် ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်ပေးသော နာမည် ဂုဏ်ပုဒ်ဖြစ်သည့် “အဖြည့်ခံများ” မှာ ပြောင်းလဲခြင်း ရှိ မရှိ သင်တို့ ဦးစွာပထမ ကြည့်ကြသည်။ သင်တို့ အဖန်တလဲလဲ ဖတ်ရှုကြပြီး “အဖြည့်ခံ” ဟူသော နာမည်ဂုဏ်ပုဒ်ကို ဖယ်ရှားလိုက်ကြောင်းကို သင်တို့ မြင်သည့်အခါ သင်တို့ ပျော်ရွှင်လာကာ ဘုရားသခင်ကို အားပါးတရ ကျေးဇူးတင်ကြပြီး သူ၏ ကြီးမြတ်သော တန်ခိုးကို ချီးမွမ်းကြသည်။ သို့သော်လည်း သင်တို့သည် အဖြည့်ခံများ ဆက်ဖြစ်နေသေးကြောင်းကို မြင်သည့်အခါ သင်တို့သည် ဝမ်းနည်းလာကြကာ၊ ချက်ချင်းဆိုသလို သင်တို့၏ စိတ်နှလုံးထဲက လှုံ့ဆော်မှုက ပျောက်ကွယ်သွားလေသည်။ ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။ သင်၏ လိုက်စားခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် မဟုတ်ပါက သင်သည် ဤအခွင့်အရေးကို အသုံးချပြီး လောကထဲသို့ ပြန်သွားပြီး အောင်မြင်အောင် လုပ်သင့်သည်။ ဤပုံစံဖြင့် သင်၏အချိန်ကို ဖြုန်းတီးခြင်းမှာ အမှန်တကယ် မတန်ပေ၊ အဘယ်ကြောင့် သင့်ကိုယ်သင် နှိပ်စက်ရသနည်း။ လှပသော အပြင်လောကကြီးထဲတွင် အမျိုးမျိုးသော အရာတို့ကို သင်မွေ့လျော်ခံစားနိုင်သည်မှာ မမှန်သလော။ ငွေ၊ လှပသော အမျိုးသမီးများ၊ အဆင့်အတန်း၊ ပကာသန၊ မိသားစု၊ သားသမီး၊ စသဖြင့်- လောက၏ ဤထုတ်ကုန်များမှာ သင်မွေ့လျော် ခံစားနိုင်သည့် အကောင်းဆုံးသောအရာများ ဖြစ်သည် မဟုတ်လော။ သင်ပျော်ရွင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေလျက် ဤနေရာတွင် တဝဲလည်လည်လုပ်နေခြင်းမှာ အဘယ် အသုံးဝင်သနည်း။ လူသား၌ ခေါင်းချရာမျှ မရှိ၊ ထို့ကြောင့် သင်၌ သောကကင်းဝေးသော နေရာတစ်ခု အဘယ်သို့ ရှိနိုင်မည်နည်း။ သူသည် သင့်အတွက် သောကကင်းဝေးပြီး လှပသောနေရာ တစ်ခုကို အဘယ်သို့ ဖန်တီးပေးနိုင်မည်နည်း။ ၎င်းမှာ ဖြစ်နိုင်ပါသလော။ ငါ၏တရားစီရင်ခြင်းအပြင် သမ္မာတရားနှင့် ပတ်သက်သည့် သွန်သင်ချက်များကိုသာ ယနေ့ သင်ရရှိနိုင်သည်။ ငါ့ထံမှ နှစ်သိမ့်မှုကို သင်မရနိုင်သကဲ့သို့ နေ့ရောညပါ သင် တောင့်တသည့် ပန်းခင်းလမ်းကို သင်ရနိုင်မည် မဟုတ်ပေ။ သင့်အပေါ်သို့ လောက၏ ကြွယ်ဝချမ်းသာမှုများကို ငါအပ်နှင်းမည်မဟုတ်။ အကယ်၍ သင်စစ်မှန်စွာ လိုက်စားပါက ငါသည် သင့်အား အသက်လမ်းကို အလုံးစုံပေးလိုပြီး သင့်အား ရေထဲသို့ ပြန်လွှတ်ပေးသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်စေရန် ငါသည် လိုလားလျက်ရှိသည်။ အကယ်၍ သင်စစ်မှန်စွာ မလိုက်စားပါက အရာခပ်သိမ်းကို ငါပြန်ယူမည်။ သက်သောင့်သက်သာဖြစ်ခြင်းကို လောဘကြီးသောသူများနှင့် ဝက်များနှင့် ခွေးများကဲ့သို့သောသူများကို ငါ နှုတ်မှလာသော နှုတ်ကပတ်တော်များကို ပေးရန် ငါအလိုမရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။