ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၃

25.09.2020

အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ စည်းစိမ်ဥစ္စာအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ငါသည် သင်တို့ကို ပြစ်တင်ရှုတ်ချမည်မဟုတ်ဟု သင်တို့သိနေပါလျှင် အများစုသည် စည်းစိမ်ဥစ္စာကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုတော်သောလူများသည် စည်းစိမ်ဥစ္စာများကို မယူဘဲ သမ္မာတရားကို မယူချင်ယူချင်နှင့် ရွေးချယ်လိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာ လက်တစ်ဖက်နှင့် စည်းစိမ်ဥစ္စာကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်လိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့ သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်းဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကိုသာ ချကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် အနှောင့်အယှက်ကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။ ငြိမ်းချမ်းသော မိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြမည်ဖြစ်သည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရားဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက်လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြမည်ဖြစ်သည်၊ စည်းစိမ်ရှိခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည် ဖြစ်သည်၊ သမီး၊ သား၊ ဇနီး၊ ယောက်ျားနှင့် ငါ၏အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည် ဖြစ်သည်၊ အယူအဆနှင့် သမ္မာတရားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြမည်ပင် ဖြစ်သည်။ သင်တို့၏ ဒုစရိုက်လုပ်ရပ်များ အားလုံးကို ရင်ဆိုင်ရပြီးသောနောက် သင်တို့အပေါ်ထားသော ငါ၏ ယုံကြည်မှုမှာ လုံးဝပင် ပျောက်ဆုံးသွား၏။ သင်တို့၏စိတ်နှလုံးများ ပျော့ပျောင်းဖို့ တင်းခံနိုင်လွန်းကြသည်ကို ငါအလွန်အံ့သြမိသည်။ ကြည့်ရသရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် ငါ့အပေါ် သင်တို့၏ စိတ်ပျက်အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ ရှေ့၌ ငါ၏ နေ့ရက်ကို အလုံးစုံချခင်းထားပြီးဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုနှင့် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို ဆက်လက် ရှာဖွေနေပြီး စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ ယခင်က သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့ အခြေအနေသည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် စုတ်ချာချာ ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေး နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့၏ ရွေးချယ်မှုမှာ အဘယ်အရာဖြစ်သနည်း။ ငါ၏ နှုတ်ကပတ်တော်များကို နာခံမည်လော၊ ငြီးငွေ့မည်လော။ ငါ၏ နေ့ရက်ကို သင်တို့၏ ရှေ့မှောက်၌ ချခင်းထားပြီးပြီဖြစ်ကာ သင်တို့ရင်ဆိုင်ရသောအရာမှာ ဘဝသစ်နှင့် အစပြုမှတ်အသစ် ဖြစ်သည်။ သို့သော် ဤအစပြုမှတ်အသစ်ဆိုသည်မှာ အတိတ်က အလုပ်သစ်တစ်ခု၏ အစမဟုတ်သကဲ့သို့ အလုပ်ဟောင်းတစ်ခု၏ အဆုံးလည်း မဟုတ်ပေ။ တစ်နည်းအားဖြင့် ဤသည်မှာ နောက်ဆုံးအလုပ်တစ်ခု ဖြစ်၏။ ဤအစပြုမှတ်နှင့်ပတ်သက်၍ အဘယ်အရာက တစ်မူထူးခြားသည်ကို သင်တို့အားလုံး နားလည်ကြမည်ဟု ငါယုံကြည်၏။ သို့သော် မကြာမီတစ်နေ့တွင် သင်တို့သည် ဤအစပြုမှတ်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာမည် ဖြစ်သည့်အတွက် ၎င်းကို အတူတကွဖြတ်ကျော်ပြီး လာမည့်နောက်ဆုံးအလုပ်ကို ဖွင့်လှစ်ပေးကြစို့။ သို့သော် ငါစိတ်မသက်မသာဖြစ်နေဆဲ အကြောင်းမှာ အဓမ္မနှင့် ဓမ္မကို ရင်ဆိုင်ရသောအခါ သင်တို့သည် အဓမ္မကို ရွေးချယ်နေကြဆဲ ဖြစ်သည့်အကြောင်းပင်။ သို့သော် ထိုအရာအားလုံးသည် သင်တို့အတိတ်ကဖြစ်သည်။ သင်တို့၏ အတိတ်တွင် ဖြစ်ပျက်ခဲ့သော အရာများကို တစ်ခုပြီးတစ်ခု ငါ့စိတ်ထဲမှ ထုတ်ပစ်ချင်၏၊ ဤအရာ ပြုလုပ်ရန်မှာ ခက်ကားခက်လှ၏။ သို့သော် ဤသည်ကို အထမြောက်အောင်မြင်ခြင်းငှာ အလွန်ကောင်းသောနည်းလမ်းများ ငါ၌ရှိ၏။ အနာဂတ်သည် အတိတ်ကို အစားထိုးပြီး သင်တို့၏ ယနေ့ သရုပ်မှန်အတွက် အတိတ်ကအရိပ်များကို မောင်းထုတ်ခွင့် ပြုလော့။ ဤသည်မှာ သင်တို့ မည်သူ့ကို သစ္စာစောင့်သိမည်နည်းဆိုသည်ကိုသိဖို့ ငါသင်တို့ကို နောက်ထပ်တစ်ခါ ရွေးချယ်ခိုင်းရလိမ့်ဦးမည်ဟု ဆိုလိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။