ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၇

09.10.2020

သင်တို့အထဲတွင် ငါသည် ဤနည်းကဲ့သို့ စကားပြောပြီးပြီ၊ အလုပ်လုပ်ဆောင်ပြီးပြီ၊ များစွာသော ခွန်အားနှင့် အားထုတ်ကြိုးစားမှုများလည်း ပြုပြီ၊ သို့သော် ရှင်းလင်းစွာ ငါပြောသည့်အရာကို ဘယ်အချိန်က သင်တို့နားထောင်ဖူးသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို အဘယ်မှာ ဦးချကြသနည်း။ အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ပြောသမျှနှင့် လုပ်ဆောင်သမျှသည် ငါ့အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင့်တို့ နှလုံးသားများသည် အလွန်မာကျောသနည်း။ ငါသင်တို့ကို အလဲထိုးဖူးပါသလား။ ငါ့ကို ဝမ်းနည်း၊ ပူပန်စေခြင်းမှတစ်ပါး အဘယ်ကြောင့် ဘာမှမလုပ်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို စောင့်နေကြသလော။ သင်တို့၏ မနာခံမှုက ထွက်စေသည့် ငါ့အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့စောင့်နေသလော။ ငါလုပ်ဆောင်သမျှသည် သင့်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါဖြစ်သည့် ငါ့ကို ဤနည်းအားဖြင့် အမြဲဆက်ဆံ နေပါပြီတကား၊ ငါ၏ ယစ်ပူဇော်သက္ကာကို သင်တို့ခိုးယူပြီး၊ ငါ့ယဇ်ပလ္လင်ပေါ်ရှိ အလှူကို လည်း သင့်တို့အိမ်သို့ ယူသွားကာ ဝံပုလွေတွင်းထဲရှိ သားပေါက်များနှင့် မြေးပေါက်များကို ကျွေးလေပြီ။ လူတို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်ကြခိုက်ကြပြီ၊ အချင်းချင်း အမျက်ဒေါသလောင်မြိုက်စွာ မျက်နှာချင်းဆိုင်လျက် ဓါးများ၊ လှံများဖြင့် ရင်ဆိုင်ကြပါပြီတကား၊ အနန္တတန်ခိုးရှင် ငါ့စကားကိုလည်း မစင်ကဲ့သို့ ညစ်ညမ်းအောင် အိမ်သာအတွင်းသို့ ပစ်ပါပြီတကား။ သင်တို့၏ တည်ကြည်မှုက အဘယ်မှာနည်း။ သင်တို့၏ လူ့သဘောသဘာဝသည် သားရဲသဘောသဘာဝ ဖြစ်လာပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးပမာ ပြောင်းလဲသွားသည်မှာ ကြာလှပြီ။ ငါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် မကောင်းသော အရာများအား ပြုလုပ်နေသောသူများကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိသလော။ ဤကဲ့သို့ ငါ့ကိုအရူးလုပ်ရင်း၊ ငါ၏စကားကို နားမထောင်ဘဲ ငါ၏စကားကို ရွှံ့နွံထဲသို့ ပစ်ချလျက်၊ ဤကဲ့သို့ ငါ့နောက်ကွယ်တွင် လုပ်ဆောင်လျက် ငါ့အမျက်ဒေါသနှင့် ပြည့်နေသော စူးစိုက်ကြည့်ခြင်းမှ လွတ်မြောက်နိုင်မည် ထင်သလော။ ငါ၏ယစ်ပူဇော်သက္ကာကို လုယူချိန်နှင့် ငါ့ပစ္စည်းဥစ္စာကို တပ်မက်နေချိန် ငါယေဟောဝါ၏ မျက်စိဖြင့် သင်တို့ကို တွေ့မြင်ပြီဖြစ်ကြောင်း သင်တို့မသိသလော။ ငါ့ယစ်ပူဇော်သက္ကာကို လုယူသည့်နေရာသည် ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင်ဖြစ်ကြောင်း သင်တို့မသိသလော။ ဤနည်းအားဖြင့် ငါ့ကိုလှည့်ဖြားရန် သင်တို့ကိုယ်သင်တို့ ပါးနပ်လှပြီဟု အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏အပြစ်မှ ငါ့အမျက်ဒေါသသည် အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ မကောင်းသည့် သင်တို့၏အပြုအမူများမှ အဘယ်သို့ ပြင်းထန်သော ငါ့အမျက်ကို ကျော်သွားစေနိုင်မည်နည်း။ ယနေ့ သင်တို့ကျူးလွန်သည့် မကောင်းသောအရာများသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ သင်တို့၏ မနက်ဖြန်အတွက် ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ၊ အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်နေပြီ။ မကောင်းသည့် သင်တို့၏အပြုအမူများနှင့် မကောင်းသော သင်တို့၏စကားလုံးများက ငါ၏ ပြစ်တင်ဆုံးမခြင်းမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်တို့၏ ဆုတောင်းချက်များသည် အဘယ်သို့ ငါ၏နားဆီသို့ ရောက်ရှိလာနိုင်မည်နည်း။ သင်တို့၏ မဖြောင့်မတ်ခြင်းအတွက် အဘယ်သို့ ငါလမ်းဖွင့်ပေးနိုင်မည်နည်း။ ငါ့အာဏာကို ဖီဆန်သည့် သင်တို့၏ မကောင်းသည့် အပြုအမှုများကို အဘယ်သို့ ခွင့်လွှတ်နိုင်မည်နည်း။ မြွေကဲ့သို့ အဆိပ်ရှိသည့် သင်တို့၏ လျှာများကို အဘယ်ကြောင့် ငါမဖြတ်နိုင်ရမည်နည်း။ သင်တို့သည် သင်တို့၏ ဖြောင့်မတ်ခြင်းအတွက် ငါ့ကို ဖိတ်ခေါ်မည့်အစား သင်တို့၏ မဖြောင့်မတ်ခြင်းက ငါ့အမျက်ဒေါသကို သိုထားနေပြီ။ သင်တို့ကို အဘယ်သို့ ငါသည် ခွင့်လွှတ်နိုင်မည်နည်း။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိအောက်တွင် သင်တို့၏ အပြုအမူများနှင့် အပြောအဆိုများသည် ညစ်ညမ်းညစ်ပတ်နေသည်။ အနန္တတန်ခိုးရှင် ငါ၏ မျက်စိအောက်တွင် သင်တို့၏ မဖြောင့်မတ်ခြင်းကို မငဲ့ညှာရမည့် ပြစ်တင်ဆုံးမခြင်းအဖြစ် တွေ့မြင်သည်။ ငါ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် သင်တို့ထံမှ အဘယ်သို့ ထွက်ခွာသွားနိုင်မည်နည်း။ ဤကဲ့သို့ ငါ့အပေါ်ပြုလုပ်နေခြင်းက ငါ့ကို အမျက်ဒေါသထွက်စေ၊ ဝမ်းနည်းစေသောကြာင့် ငါ ယေဟောဝါ၏ လက်တော်နှင့် ကျိန်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနေ့မှ သင်တို့ကို အဘယ်သို့ လွတ်မြောက်စေနိုင်မည်နည်း။ မကောင်းသည့် သင်တို့စကားများနှင့် ဖွင့်ဆိုချက်တို့သည် ငါ၏နားထဲထိ ရောက်ရှိပြီဖြစ်ကြောင်း သင်တို့မသိသလော။ သင်တို့၏ မဖြောင့်မတ်မှုက ငါ၏ သန့်ရှင်းသော ဖြောင့်မတ်ခြင်း ဝတ်လုံကို အသရေ ဖျက်ပြီဖြစ်ကြောင်း သင်တို့မသိသလော။ သင်တို့၏ မနာခံမှုက ငါ၏ ပြင်းထန်သောဒေါသကို ထွက်စေသည်ကို သင်တို့ မသိသလော။ ငါ၏ ဒေါသအမျက်ကို ခြောင်းခြောင်းထွက်စေပြီး၊ ငါ့စိတ်ရှည်မှုကို သင်တို့ စမ်းသပ်နေသည်မှာလည်း ကြာရှည်ပြီဖြစ်ကြောင်း သင်တို့မသိသလော။ ငါ့ကိုယ်ခန္ဓာကို အဝတ်စုတ်ဖြစ်အောင် သင်တို့ဖျက်ဆီးပြီး ဖြစ်သည်ကို သင်တို့ မသိပါသလော။ ယခုအချိန်ထိ ငါ့အမျက်ဒေါသ ထွက်စေခြင်းကို သည်းခံခဲ့ပြီ၊ ပို၍ စိတ်ရှည်သည်းခံမည် မဟုတ်တော့ပါ။ မကောင်းသည့် သင့်အပြုအမူများသည် ငါ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီး၊ ငါ့ငိုကြွေးသံသည် အဖခမည်းတော်၏ နားတော်ထဲသို့ ရောက်ရှိပြီးဖြစ်ကြောင်း သင်တို့ မသိပါသလော။ ဤကဲ့သို့ငါ့အား ဆက်ဆံခြင်းကို သူသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုလိမ့်မည်နည်း။ သင်တို့အထဲတွင် ငါလုပ်ဆောင်သော အလုပ်သည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း ငါ ယေဟောဝါ၏ အလုပ်ကို သင်တို့ထဲမှ မည်သူက ပိုမိုနှစ်သက်လာသနည်း။ ငါသည် ပြင်းထန်စွာ ဝေဒနာ ခံစားသောကြောင့်လည်းကောင်း၊ ငါသည် အားနည်းသောကြောင့်လည်းကောင်း ငါ့ခမည်းတော်ထံ သစ္စာမရှိဘဲ နေနိုင်ပါသလော။ ငါ့စိတ်နှလုံးကို သင်တို့ မသိနားမလည်နိုင်ကြသလော။ သင်တို့အတွက် များစွာသောအရာများကို ငါစွန့်လွှတ်ပြီ မဟုတ်လော၊ ယေဟောဝါ ပြောခဲ့သကဲ့သို့ သင်တို့ကို ငါပြောသည်။ ငါ့ခမည်းတော်၏ အမှုတော်အတွက် ဤဒုက္ခများစွာကိုခံရန် ဆန္ဒရှိသော်လည်း ငါခံစားရသော ဒုက္ခဝေဒနာ၏ ရလဒ်အနေဖြင့် သင်တို့အပေါ် ငါယူဆောင်လာမည့် ပြစ်တင်ဆုံးမခြင်းမှ သင်တို့ အဘယ်သို့ ထွက်ပြေးနိုင်မည်နည်း။ ငါ့ကြောင့် ပျော်ရွှင်ခဲ့ရပြီ မဟုတ်လော။ ယနေ့တွင် ငါ့ကိုသင်တို့အား ခမည်းတော်က အပ်နှင်းထားပြီးဖြစ်သည်၊ ငါ၏ ကြွယ်ဝသော စကားများထက် များစွာနှစ်သက်ကြကြောင်း သင်တို့မသိပါသလော။ သင်တို့ နှစ်သက်သောအရာ၊ သင်တို့အသက်အတွက်နှင့် ငါ့အသက်ကို အလဲအလှယ် လုပ်လိုက်ကြောင်း သင်တို့မသိပါသလော။ ငါ့အသက်ကို စာတန်နှင့် တိုက်ခိုက်ရာတွင် အသုံးပြုပြီး၊ ငါ့အသက်ကိုလည်း သင်တို့အပေါ်ပေးဆပ်ကြောင်း၊ အဆတစ်ရာ လက်ခံရရှိရန်နှင့် များစွာသော သွေးဆောင်ဖြားယောင်းခြင်းကို သင်တို့ရှောင်ရှားနိုင်ရန် ဖြစ်ကြောင်း သင်တို့မသိကြသလော။ များစွာသော သွေးဆောင်ဖြားယောင်းခြင်း၊ များစွာသော ပြင်းထန်သည့် ပြစ်တင်ဆုံးမခြင်းများမှ သင်တို့ကင်းလွတ်ခြင်းသည် ငါ့လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်ကို သင်တို့မသိကြသလော။ ယနေ့အချိန်ထိ သင်တို့ ပျော်ရွှင်နိုင်ရခြင်းသည် ငါ့အားဖြင့်သာ ခမည်းတော်က ခွင့်ပြုထားသည်ကို သင်တို့မသိကြသလော။ သင်တို့၏ စိတ်နှလုံးများသည် အကြင်နာကင်းမဲ့သကဲ့သို့ ယနေ့ထိတိုင် အဘယ်ကြောင့် မာကျော၍ ရှိရစ်နေရသနည်း။ ယနေ့ သင်တို့ကျူးလွန်သော မကောင်းသည့်အရာအတွက် လောကမှ ငါထွက်ခွာသွားမည့်အချိန်မှ စတင်ကာ ကျရောက်မည့် အမျက်ဒေါသကျရောက်သည့်နေ့ကို အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ နှလုံး မာကျောသော သင်တို့ကို ယေဟောဝါ၏ အမျက်ဒေါသမှ အဘယ်သို့ ငါသည် လွတ်မြောက်စေနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။