ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၃

29.03.2021

ကမ္ဘာမြေပေါ်တွင် အလွန်များပြားသော အမှုပမာဏကို ငါ ဆောင်ရွက်ပြီးဖြစ်ကာ လူသားမျိုးနွယ်ကြား နှစ်ပေါင်းများစွာ ငါ လျှောက်လှမ်းပြီးဖြစ်၏၊ သို့တိုင် လူတို့သည် ငါ၏သဏ္ဌာန် နှင့် ငါ၏ စိတ်သဘောထားတို့ နှင့်ဆိုင်သည့် အသိပညာ ရှိခဲလှပြီး ငါ လုပ်ဆောင်သည့် အမှုကို လူအနည်းငယ်ကသာ စေ့စေ့စပ်စပ် ရှင်းပြ နိုင်ပေသည်။ လူတို့ ချို့တဲ့သည့် အရာများစွာရှိ၏၊ ငါ ပြုသည့် အမှုနှင့်ဆိုင်သည့် သိနားလည်မှု ၎င်းတို့ အမြဲ ချို့တဲ့ကြပြီး ငါသည် ၎င်းတို့ကို အခြားသော အခြေအနေတစ်ခုထဲတွင် ထားပြီးနောက် နောက်ထပ်အရေးမစိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့ကြသည့်အလား ၎င်းတို့၏ စိတ်နှလုံးများက အမြဲ သတိထားနေကြလေသည်။ ထို့ကြောင့်၊ ငါ့အပေါ် လူတို့၏ သဘောထားမှာ အားကောင်းသော သတိပမာဏတစ်ခုနှင့်အတူ အစဉ်အမြဲ ဟက်ဟက်ပက်ပက် မရှိချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ငါ ပြုသည့် အမှုကို နားလည်ခြင်းမရှိဘဲ မျက်မှောက်အချိန်သို့ ရောက်လာကြသောကြောင့်ဖြစ်ပြီး အထူးသဖြင့် ၎င်းတို့ကို ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ ခေါင်းခြောက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်များထဲသို့ မိမိတို့ကိုယ်ကိုယ် မဆုတ်မနစ်သော ယုံကြည်မှု ဆက်ကပ်သင့်သလော သို့မဟုတ် ချီတုံချတုံဖြစ်ခြင်းကို ရွေးချယ်ကာ ထိုနှုတ်ကပတ်တော်များကို မေ့လျော့သင့်သလော ဆိုသည်ကို မသိဘဲ ငါ၏နှုတ်ကပတ်တော်များကို ၎င်းတို့လက်ထဲတွင် စွဲကိုင်ထားကြ၏။ ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သင့်သလော သို့မဟုတ် စောင့်ဆိုင်းကာ ကြည့်ရှုသင့်သလော၊ အရာရာကို ဘေးဖယ်ထားပြီး ရဲဝံ့စွာ လိုက်လျှောက်သင့်သလော သို့မဟုတ် ယခင်ကဲ့သို့ လောကနှင့် ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းသင့်သလော ဆိုသည်ကို ၎င်းတို့ မသိကြချေ။ လူတို့၏ အတွင်းကမ္ဘာများက အလွန်ရှုပ်ထွေးပြီး ၎င်းတို့ အလွန်ကောက်ကျစ်ကြလေသည်။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို ရှင်းရှင်းလင်းလင်း သို့မဟုတ် ပြည့်ပြည့်ဝဝ မမြင်နိုင်ကြသောကြောင့်၊ ၎င်းတို့ထဲမှ များစွာသောသူတို့သည် ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရာတွင် အကျပ်ရိုက်ကြပြီး ၎င်းတို့၏ စိတ်နှလုံးများကို ငါ၏ရှေ့မှောက် ချထားရာတွင် အခက်တွေ့ကြလေသည်။ သင်တို့၏ အခက်အခဲများကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်၏။ ဇာတိပကတိဖြင့် အသက်ရှင်နေချိန်တွင် အားနည်းချက်များစွာကို ရှောင်လွဲမရသကဲ့သို့၊ ဓမ္မဓိဋ္ဌာန်ကျသော အချက်များစွာက သင်တို့အတွက် အခက်အခဲများ ဖန်တီးလေသည်။ သင်တို့သည် သင်တို့၏ မိသားစုများကို ကျွေးမွေးကြသည်၊ သင်တို့၏ နေ့ရက်များကို အလုပ်ကြိုးစားခြင်းဖြင့် ကုန်ဆုံးကြပြီး၊ လနှင့် နှစ်များသည် ဆင်းရဲဒုက္ခဖြင့် ကုန်လွန်သွားကြသည်။ ဇာတိပကတိဖြင့် အသက်ရှင်ရာတွင် အခက်အခဲများစွာ ရှိ၏- ဤအရာကို ငါ မငြင်းသကဲ့သို့၊ သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များမှာ သင်တို့၏ အခက်အခဲများနှင့်အညီ ပြုလုပ်ထားခြင်း ဖြစ်သည်။ ငါပြုသည့်အမှုရှိ သတ်မှတ်ချက်များအားလုံးမှာ သင်တို့၏ တကယ့်ဝိညာဉ်အသက်တာအပေါ် အခြေပြု၏။ အတိတ်တွင်၊ လူတို့သည် ၎င်းတို့၏ အလုပ်ထဲတွင် သင်တို့အပေါ် ပြုသည့် သတ်မှတ်ချက်များက လွန်ကဲသော အရာများဖြင့် ရောထွေးကောင်း ရောထွေးနိုင်သော်လည်း၊ ငါပြောဆိုကာ လုပ်ဆောင်သည့်အရာ၌ ငါသည် သင်တို့အပေါ် လွန်ကဲသော သတ်မှတ်ချက်များ မည်သည့်အခါမျှ မရှိခဲ့သည်ကို သင်တို့ သိသင့်၏။ သတ်မှတ်ချက်များ အားလုံးသည် လူတို့၏ သဘာဝဗီဇ၊ ဇာတိပကတိနှင့် ၎င်းတို့ လိုအပ်သည့်အရာတို့အပေါ် အခြေပြုလေသည်။ လူတို့၌ရှိသည့် ယုတ္တိတန်သော စဉ်းစားပုံအချို့ကို ငါ မဆန့်ကျင်သကဲ့သို့ လူသားမျိုးနွယ်၏ မွေးရာပါသဘာဝဗီဇကို ငါမဆန့်ကျင်သည်ကို သင်တို့ သိသင့်ကြပြီး ငါ အလွန်ရှင်းလင်းစွာ သင်တို့ကို ပြောနိုင်၏။ ယခုချိန်ထိ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိကြပြီး ထက်ဝက်မျှထက်နည်းသောလူတို့က ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ကြသည်မှာ ၎င်းတို့ကို ငါ ချမှတ်သည့် စံနှုန်းများက အမှန်တကယ် မည်သည့်အရာများ ဖြစ်သည်ကို လူတို့ နားမလည်ကြသကဲ့သို့ ငါ့နှုတ်ကပတ်တော်များ၏ မူရင်းအဓိပ္ပါယ်ကိုလည်း နားမလည်ကြသောကြောင့်သာ ဖြစ်ပေသည်။ ကျန်သည့်သူများမှာ မယုံကြည်သူများ ဖြစ်ကြပြီး၊ ထိုထက်ပင်များသောသူတို့မှာ ငါ “ပုံပြင်များ” ပြောဆိုသည်ကို ကြားလိုသောသူများ ဖြစ်လေသည်။ ထို့အပြင်၊ ပွဲလမ်းအခမ်းအနားကို မွေ့လျော်သောသူများစွာ ရှိ၏။ သင်တို့ကို ငါ သတိပေးသည်မှာ- ငါ့ကို ယုံကြည်သူသောတို့ထံ ငါ၏ နှုတ်ကပတ်တော်များစွာတို့ကို ဖွင့်ပြနှင့်ပြီးဖြစ်ကာ နိုင်ငံတော်၏ လှပသော မြင်ကွင်းကို မွေ့လျော်သော်လည်း ယင်း၏ ဂိတ်တံခါးအပြင်ဘက်တွင် ပိတ်လှောင်ခံသူတို့ကို ငါ ပယ်ရှင်းနှင့်ပြီးဖြစ်သည်။ သင်တို့သည် ငါ၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ခံရသည့် တောပင်များသာ ဖြစ်ကြသည်မဟုတ်လော။ သင်တို့သည် အဘယ်သို့ ငါထွက်ခွာသည်ကို စောင့်ကြည့်ပြီး ငါ၏ ပြန်ကြွလာခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုနိုင်မည်နည်း။ နိနေဝေမြို့သားတို့သည် ယေဟောဝါ၏ အမျက်ဒေါသ နှုတ်ကပတ်တော်များကို ကြားသည့်နောက်၊ လျှော်တေ အဝတ်နှင့် ပြာမှုန့်များဖြင့် ၎င်းတို့ ချက်ချင်း နောင်တရခဲ့ကြသည်ကို သင်တို့အား ငါ ပြော၏။ ၎င်းတို့ ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်ကာ ထိုသို့ဖြင့် လျှော်တေအဝတ်နှင့် ပြာမှုန့်များဖြင့် နောင်တရခဲ့ကြသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။ ယနေ့ လူတို့အတွက်မူ၊ သင်တို့သည်လည်း ငါ၏ နှုတ်ကပတ်တော်များကို ယုံကြည်ပြီး ထို့ထက်ပင် ယေဟောဝါသည် ယနေ့ သင်တို့အလယ် တစ်ဖန် ကြွလာသည်ကို ယုံကြည်ကြသော်လည်း၊ ယုဒပြည်တွင် လွန်ခဲ့သည့် ထောင်စုနှစ်များစွာက မွေးဖွားခဲ့ပြီး ယနေ့ သင်တို့အလယ်တွင် ဆင်းသက်လာခဲ့သည့် ယေရှုကို သင်တို့ စောင့်ကြည့်ရုံ စောင့်ကြည့်နေကြသည့်အလား သင်တို့၏ သဘောထားမှာ မရိုသေသော သဘောထားမျှသာဖြစ်သည်။ သင်တို့ စိတ်နှလုံးများအတွင်းတွင် တည်ရှိသော လှည့်ဖြားမှုကို ငါ နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သင်တို့ထဲမှ အများစုမှာ သိချင်စိတ်ပြင်းပြမှုဖြင့် ငါ့နောက်လိုက်ကြပြီး၊ အနှစ်မဲ့မှုကြောင့် ငါ့ကို ရှာဖို့ လာကြလေပြီ။ အေးချမ်းပြီး ပျော်ရွှင်သည့် ဘဝတစ်ခုအတွက်ဖြစ်သည့် သင်တို့၏ တတိယဆန္ဒ ပြိုကွဲသည့်အခါ၊ သင်တို့၏ သိချင်စိတ်ပြင်းပြမှုသည်လည်း ပျောက်ကွယ်လေသည်။ သင်တို့ အသီးသီး၏ စိတ်နှလုံးများအတွင်း တည်ရှိသော လှည့်ဖြားမှုသည် သင်တို့၏ စကားများနှင့် လုပ်ရပ်များမှတဆင့် ဖော်ထုတ် ခံရသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ သင်တို့သည် ငါ့အကြောင်းကို သိလိုစိတ်ပြင်းပြရုံသာရှိကြပြီး ငါ့ကို မကြောက်ရွံ့ကြ။ သင်တို့၏ အပြုအမူများ၌ ချုပ်တည်းမှုကို ကျင့်ကြံဖို့ ဝေးစွ၊ သင်တို့၏လျှာများကိုပင် သင်တို့ သတိမထားကြ။ ထိုသို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုး သင်တို့ ဧကန်အမှန် ရှိကြသနည်း။ ယင်းသည် စစ်မှန်ပါ၏လော။ သင်တို့၏ စိုးရိမ်ပူပန်မှုများကို ပပျောက်စေရန်နှင့် သင်တို့၏ ငြီးငွေ့ခြင်းကို သက်သာစေရန်၊ သင့်ဘဝ၏ ကျန်ရှိနေသော နေရာလပ်များကို ဖြည့်ဆည်းရန်သာ ငါ၏နှုတ်ကပတ်တော်များကို သင်တို့အသုံးပြုကြသည်။ သင်တို့အထဲမှ အဘယ်သူသည် ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သနည်း။ အဘယ်သူသည် စစ်မှန်သော ယုံကြည်ခြင်းရှိသနည်း။ ဘုရားသခင်သည် လူတို့၏ နှလုံးသားများထဲ နက်နက်ရှိုင်းရှိုင်း မြင်တွေ့သော ဘုရားသခင်ဖြစ်ကြောင်း သင်တို့ ဆက်လက်ကြွေးကြော်နေကြသော်လည်း သင်တို့နှလုံးသားများထဲက သင်တို့ကြွေးကြော်သည့် ဘုရားသခင်သည် ငါနှင့် အဘယ်သို့ သဟဇာတဖြစ်သနည်း။ ဤကဲ့သို့ သင်တို့ကြွေးကြော်နေကြသည့်နောက်တွင် အဘယ့်ကြောင့် ထိုကဲ့သို့ပြုမူကြသနည်း။ ဤသည်မှာ သင်တို့ ငါ့ကို ပြန်လည်ပေးလိုသော ချစ်ခြင်းမေတ္တာ ဖြစ်နိုင်မည်လော။ သင်တို့၏ နှုတ်များဖြင့် ဆက်ကပ်မှု ပမာဏကား နည်းလှသည်မဟုတ်၊ သို့သော် သင်တို့၏ စွန့်လွှတ်မှုများနှင့် ကောင်းသောလုပ်ရပ်များမှာ အဘယ်မှာနည်း။ ငါ၏နားထဲသို့ ရောက်ရှိသည့် သင်တို့၏ စကားများအတွက် မဟုတ်ပါက၊ သင်တို့ကို အဘယ်သို့ ငါသည် အလွန်မုန်းတီးနိုင်မည်နည်း။ သင်တို့သည် ငါ့ကို အမှန်တကယ် ယုံကြည်ခဲ့ပါက၊ ထိုသို့ စိတ်သောက ရောက်သည့် အခြေအနေတစ်ခုထဲသို့ အဘယ်သို့ ကျရောက်နိုင်မည်နည်း။ သင်တို့သည် မရဏာနိုင်ငံတွင် စမ်းသပ်မှုခံလျက် နေရဘိသကဲ့သို့ သင်တို့၏မျက်နှာများ ပေါ်တွင် ဝမ်းနည်းညှိုးငယ်သော အသွင်များရှိနေသည်။ သင်တို့သည် တက်ကြွမှု စိုးစဉ်းမျှပင်မရှိသကဲ့သို့ သင်တို့၏ စိတ်အတွင်းက သဘောထားနှင့်ပတ်သက်၍ သင်တို့ ချည့်နဲ့စွာ ပြောကြသည်။ သင်တို့သည် မကျေမနပ်ဖြစ်ခြင်းများနှင့် ကျိန်ဆဲခြင်းများဖြင့်ပင် ပြည့်နှက် နေကြသည်။ သင်တို့သည် ငါ လုပ်ဆောင်သည့်အရာ၌ အချိန်ကြာမြင့်စွာကတည်းက ယုံကြည်မှု ပျောက်ဆုံးခဲ့ကြပြီး သင်တို့၏ နဂိုမူလ ယုံကြည်မှုပင် ကွယ်ပျောက်ပြီးဖြစ်သည်၊ ထို့ကြောင့် သင်တို့သည် အဆုံးတိုင်အောင် အဘယ်သို့ လိုက်လျှောက်ဖို့ ဖြစ်နိုင်မည်နည်း။ ဤသို့ဖြစ်သည့်အတွက်၊ သင်တို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။