ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၅၈

09.03.2021

များမကြာမီ ငါ၏အမှု ပြီးစီးမည်ဖြစ်ကာ အတူဖြတ်သန်းသော နှစ်ပေါင်းစွာသည် မခံရပ်နိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာလေပြီ။ ငါသည် ငါ၏နှုတ်ကပတ်တော်တို့ကို မရပ်မနား ထပ်တလဲလဲ ပြောဆိုကာ ငါ၏ အမှုသစ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်လေပြီ။ ဟုတ်ပေ၏၊ ငါ၏ အကြံပြုချက်သည် ငါလုပ်ဆောင်သော အမှု အပိုင်းအစ အသီးသီး၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ငါ၏ အကြံဉာဏ်မပါဘဲနှင့်၊ သင်တို့အားလုံး လမ်းလွဲသွားမည့်အပြင် လုံးဝ ဘာလုပ်ရ၊ ဘာပြောရမှန်းမသိပင် ဖြစ်နေကြကြောင်း သင်တို့ကိုယ်သင်တို့ တွေ့လိမ့်မည်။ ငါ၏အမှုသည် ယခု ပြီးစီးတော့မည်ဖြစ်ပြီး ယင်း၏ နောက်ဆုံးအဆင့်တွင် ရှိ၏။ အကြံဉာဏ် ပေးခြင်းအမှုကို ငါ လုပ်ဆောင်ဖို့ ဆန္ဒရှိသေး၏၊ ဆိုလိုသည်မှာ သင်တို့ ကြားဖို့ အကြံပြုစကားများ ပေးရန်ဖြစ်သည်။ ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို အဖန်တလဲလဲ- အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြှုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော မျက်နှာနှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

“လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူ့အသွင်သဏ္ဍာန် မရှိတော့ချေ။” လူအများစုက ဤစကားရပ်ကို အတိုင်းအတာတစ်ခုထိ ယခု သတိပြုမိကြသည်။ ငါရည်ညွှန်းသည့် “သတိပြုမိခြင်း” သည် စစ်မှန်သော အသိပညာနှင့် ဆန့်ကျင်ဘက်ဖြစ်သော အပေါ်ယံ အသိအမှတ်ပြုခြင်းမျှသာ ဖြစ်သောကြောင့် ဤအရာကို ငါပြောရခြင်း ဖြစ်သည်။ သင်တို့တွင် မည်သူမျှ မိမိကိုယ်ကိုယ် တိတိကျကျ အကဲဖြတ်ခြင်း သို့မဟုတ် စေ့စပ်စွာ စိစစ်နိုင်ခြင်း မရှိသဖြင့်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မရေမရာ ဖြစ်မြဲဖြစ်ကြလေသည်။ သို့သော် ယခုတစ်ကြိမ်တွင် ငါသည် သင်တို့အတွင်း၌ တည်ရှိသော အဆိုးရွားဆုံး ပြဿနာကို ရှင်းပြဖို့ အမှန်တရားများကို ငါအသုံးပြုလျက် ရှိသည်။ ထိုပြဿနာသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် “သစ္စာဖောက်ခြင်း” ဟူသည် စကားနှင့် ရင်းနှီးကြ၏၊ အဘယ်ကြောင့်ဆိုသော် လူအများစုသည် လင်ယောက်ျားက မိမိမယားကို သစ္စာဖောက်ခြင်း၊ မယားက မိမိလင်သားကို သစ္စာဖောက်ခြင်း၊ သားဖြစ်သူက ဖခင်ကို သစ္စာဖောက်ခြင်း၊ သမီးဖြစ်သူက သူမ၏မိခင်ကို သစ္စာဖောက်ခြင်း၊ ကျွန်ဖြစ်သူက သူ၏သခင်ကို သစ္စာဖောက်ခြင်း၊ မိတ်ဆွေအချင်းချင်း သစ္စာဖောက်ခြင်း၊ ဆွေမျိုးသားချင်း အချင်းချင်းသစ္စာဖောက်ခြင်း၊ ကုန်ရောင်းသူများက ဝယ်သူတို့ကို သစ္စာဖောက်ခြင်း စသည်တို့ကဲ့သို့သော သူတစ်ပါးကို သစ္စာဖောက်သည့် အရာတစ်ခုခု လုပ်မိကြပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤသာဓကများအားလုံးတွင် သစ္စာဖောက်ခြင်း၏ အနှစ်သာရ ပါရှိ၏။ အတိုချုပ်အားဖြင့်၊ သစ္စာဖောက်ခြင်းသည် ကတိတစ်ခုကို ချိုးဖောက်ခြင်း၊ ကိုယ်ကျင့်တရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ သို့မဟုတ် လူမှု ကျင့်ဝတ်များကို ဆန့်ကျင်လျက် ပြုမူခြင်း၊ လူသားသဘာဝ ဆုံးရှုံးမှု ပြသခြင်း ပုံစံတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ဤလောကထဲသို့ မွေးဖွားခဲ့သည့် လူသားတစ်ဦးအနေဖြင့်၊ အခြားလူသား တစ်ဦးအပေါ် သစ္စာဖောက်သည့် တစ်ခုခု လုပ်ဖူးသည်ကို သတိရသည်ဖြစ်စေ သို့မဟုတ် ယခင်က အခြားသူများကို ကြိမ်ဖန်များစွာ သစ္စာဖောက်ဖူးသည်ဖြစ်စေ၊ သင်တို့သည် သမ္မာတရားကို သစ္စာဖောက်ခြင်းနှင့်ညီမျှသည့် အရာတစ်ခုကို ကျူးလွန်ပြီး ဖြစ်ပေလိမ့်မည်။ သင်၏မိဘများ သို့မဟုတ် မိတ်ဆွေများကို သင် သစ္စာဖောက်နိုင်စွမ်း ရှိသဖြင့်၊ သင်သည် တစ်ပါးသူများကို သစ္စာဖောက်နိုင်စွမ်းရှိပြီး၊ ထို့အပြင် ငါ့ကိုသစ္စာဖောက်နိုင်စွမ်းရှိကာ ငါစက်ဆုပ်သောအရာများကို လုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင်၊ သစ္စာဖောက်ခြင်းသည် အပေါ်ယံ အကျင့်ပျက်သော အပြုအမူတစ်ခုမျှသာ မဟုတ်ဘဲ၊ သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ငါ့အပေါ် လူသားမျိုးနွယ်၏ ခုခံခြင်းနှင့် မနာခံခြင်း၏ အရင်းအမြစ် အတိအကျ ဖြစ်သည်။ ထို့ကြောင့် အောက်ပါ ထွက်ဆိုချက်ဖြင့် ငါ အကျဉ်းချုပ်ရခြင်း ဖြစ်သည်- သစ္စာဖောက်ခြင်းသည် လူ့သဘာဝ ဖြစ်ပြီး၊ ဤသဘာဝသည် ငါနှင့် ကိုက်ညီသည့် လူအသီးသီး၏ ကြီးမားသော ရန်သူ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။