ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၈

19.09.2020

ခေတ်ကာလများ တစ်လျှောက်တွင်၊ လူများစွာတို့သည် ဤလောကကြီးမှ စိတ်ပျက်အားလျော့မှုနှင့် ဝန်လေး တွန့်ဆုတ်မှုနှင့် ထွက်ခွာသွားခဲ့ကြပြီး၊ လူများစွာတို့သည်လည်း ယင်းအထဲသို့ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းတို့ဖြင့် ဝင်ရောက်လာခဲ့ကြသည်။ လူများစွာအား ဝင်ရောက်လာရန် ငါသည် စီစဉ်ခဲ့ပြီး၊ များစွာသော သူတို့ကိုလည်း အဝေးသို့ ပို့ခဲ့ပြီးဖြစ်သည်။ မရေတွက်နိုင်သော လူများသည် ငါ၏ လက်များမှ တစ်ဆင့် ဖြတ်သန်းသွားခဲ့ကြသည်။ ဝိညာဉ်များစွာတို့ သည် မရဏာနိုင်ငံထဲသို့ ပစ်ချခြင်း ခံခဲ့ကြရပြီး၊ များစွာ သောသူတို့သည် ဇာတိပကတိထဲတွင် ရှင်သန်ခဲ့ကြကာ၊ များစွာသောသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် သေဆုံးကာ ပြန်လည်မွေးဖွားခဲ့ကြပြီး ဖြစ်သည်။ သို့သော်ငြားလည်း သူတို့အထဲမှ မည်သူကမျှ ယနေ့ကာလ နိုင်ငံတော်၏ ကောင်းချီးများကို ပျော်မွေ့ခံစားရန် အလို့ငှာ မည်သည့်အခါမျှ အခွင့်အရေး မရခဲ့ကြစဖူး။ ငါသည် လူအား များစွာတို့ကို ပေးသနားခဲ့သော်လည်း၊ သူသည် အနည်းငယ်မျှသာ ရရှိခဲ့သည်၊ အကြောင်းမှာ စာတန် အင်အားစုများ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့အား ငါ၏ ချမ်းသာကြွယ်ဝမှုများ အလုံးစုံကို ပျော်မွေ့ခံစားနိုင်ရန် မတတ်စွမ်းနိုင်ပဲ ကျန်ရစ်စေခဲ့သောကြောင့် ဖြစ်သည်။ သူသည် မျှော်ကြည့်ရန် အခွင့်သာ ခဲ့သော်လည်း၊ မည်သည့်အခါမျှ ပြည့်ဝစွာ ပျော်မွေ့ခံစားနိုင်စွမ်း မရှိခဲ့ပေ။ လူသည် ကောင်းကင်ဘုံမှ ကြွယ်ဝ ချမ်းသာမှုများကို လက်ခံရန်အလို့ငှာ သူ၏ ခန္ဓာထဲရှိ ဘဏ္ဍာတိုက်ကို မည်သည့်အခါကမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ချေ၊ သို့ကြောင့် သူ့အပေါ် ငါအပ်နှင်းထားသော ကောင်းချီးများကို သူသည် ဆုံးရှုံးရလေသည်။ လူ၏ ဝိညာဉ်သည် ငါ၏ဝိညာဉ်တော်နှင့် ဆက်သွယ်သော ပကတိအထုံပင် မဟုတ်ပေလော။ အဘယ့်ကြောင့်များ လူသည် ငါ့အား သူ၏ဝိညာဉ်နှင့် မည်သည့်အခါကမျှ ထိတွေ့ဆက်ဆံခြင်း မရှိရသနည်း။ အဘယ့်ကြောင့် သူသည် ငါ့ထံသို့ ဇာတိပကတိအားဖြင့် နီးကပ်လာနိုင်သော်လည်း၊ ဝိညာဉ်အားဖြင့် ထိုသို့ပြုရန် မတတ်စွမ်း နိုင်ရသနည်း။ ငါ၏ စစ်မှန်သော ရုပ်သွင်သည် ဇာတိပကတိလော။ လူသည် အဘယ့်ကြောင့် ငါ၏ အခြင်း အရာအား မသိကျွမ်းရသနည်း။ လူ၏ ဝိညာဉ်ထဲတွင် ငါ၏လက္ခဏာ စိုးစဉ်းမျှပင် ဘယ်သောအခါမျှ ဧကန် မရှိခဲ့ဖူး သလော။ လူ၏ ဝိညာဉ်ထဲမှ ငါသည် အကြွင်းမဲ့ ပျောက်ကွယ်သွားခဲ့သလော။ အကယ်၍ လူသည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲသို့ ဝင်ရောက်ခြင်း မရှိပါက၊ သူသည် အဘယ်သို့လျှင် ငါ၏ ရည်ရွယ်ချက်များအား ဆုပ်ကိုင်နိုင်မည်နည်း။ လူ၏ မျက်စိများထဲတွင် ဝိညာဉ်ရေးရာနယ်ပယ်ကို တိုက်ရိုက် ထွင်းဖောက်နိုင်သော အရာများ ရှိနေသလော။ ကြိမ်ဖန်များစွာပင် ငါသည် ငါ၏ဝိညာဉ်တော်နှင့် လူအား ခေါ်ဆိုခဲ့သော်လည်း၊ လူကမူ ငါ့အားဖြင့် ထုပ်ချင်းခပ် ထိုးခံထားရသည့်အလား ပြုမူ၍၊ သူ့အား ငါသည် အခြားသော လောကသို့ ခေါ်ဆောင်သွား လိမ့်မည်ကို ကြီးစွာကြောက်ရွံ့၍ အဝေးကပင် ငါ့အား စောင့်ကြည့်လေသည်။ ကြိမ်ဖန် များစွာပင် ငါသည် လူ၏ ဝိညာဉ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ သူသည် လုံးလုံးပင် အမှုမဲ့ အမှတ်မဲ့ ဖြစ်နေပြီး၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ချွတ်ပယ်ရန် အခွင့်အရေးအား မလွတ်တမ်းရယူ လိမ့်မည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်ရှိသည်။ ထို့ကြောင့်ပင် သူသည် ငါ့အား အပြင်တွင် ပိတ်ထားပြီး၊ အေးစက်ကာ တင်းစေ့စွာ ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့သည်။ ကြိမ်ဖန်များစွာပင် လူကျရှုံးသည့်အချိန်၌ ငါသည် သူ့အား ကယ်တင်ပေးခဲ့သည်၊ သို့သော် ငြားလည်း နိုးထလာပြီးနောက် သူသည် ရုတ်ခြည်းပင် ငါ့အား စွန့်ခွာသွားကာ၊ ငါ၏ ချစ်ခြင်းမေတ္တာအားဖြင့် ခံစားရခြင်းလည်း မရှိပဲ၊ ငါ့အား သတိထားသော အကြည့်နှင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေခဲ့စဖူး။ လူသည် ခံစားချက်ကင်းမဲ့သော သွေးအေးသတ္တဝါပင် ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးသော်ငြားပင်လျှင်၊ သူသည် ယင်းအရာကြောင့် မည်သည့်အခါမျှ အကြီးအကျယ် စိတ်မလှုပ်ရှားခဲ့စဖူး။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ လူသားမျိုးနွယ် အပေါ် ငါ၏ အမြတ်တနိုးထားမှု အားလုံးကို သူသည် မည်သည့်အခါကမျှ တန်ဖိုးမထားခဲ့စဖူး။ သူသည် ငါ့ထံ ချဉ်းကပ်ရန် ဆန္ဒမရှိ၊ သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို သူကြံ့ကြံ့ခံနေရသည့် တောင်များအပေါ် ၌သာ ကျိန်းဝပ်ရန် သာ၍ ဆန္ဒရှိသည်၊ သို့သော်လည်း သူသည် ငါ့အထဲ၌ ခိုလှုံရန် ဆန္ဒမရှိသေးပေ။ မည်သည့် လူကိုမျှ ငါသည် အတင်းအကျပ်မလုပ်ပါ။ ငါ၏ အလုပ်ကို ငါလုပ်ဆောင်ခြင်းမျှသာ ဖြစ်သည်။ ခွန်အား ကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့အနားသို့ ကူးခတ်လာမည့် နေ့ရက်သည် ရောက်လာလိမ့်မည်၊ ထိုသို့အားဖြင့် သူသည် ကမ္ဘာပေါ်မှ ချမ်းသာကြွယ်ဝမှု အလုံးစုံကို ပျော်မွေ့ခံစားနိုင်ပြီး ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၀)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။