ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၉

10.04.2021

များစွာသော လူတို့သည် ငါ့အား အမှန်တကယ် ချစ်ရန် ဆန္ဒရှိကြသည်၊ သို့သော် သူတို့၏ နှလုံးသားများမှာ သူတို့ကိုယ်တိုင်၏နှလုံးသားများ မဟုတ်သည့်အတွက်၊ သူတို့သည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းမရှိပေ။ များစွာသော လူတို့သည် ငါပေးသော စမ်းသပ်မှုများအကြား၌ ငါ့ကို အမှန်တကယ် ချစ်ကြသည်၊ သို့သော်ငြားလည်း သူတို့မှာ ငါသည် အမှန်စင်စစ်ပင် တည်ရှိသည်ဆိုခြင်းကို နားလည်နိုင်ရန် မတတ်စွမ်းနိုင်ဘဲ၊ ငါ့ကို အနှစ်သာရမဲ့ခြင်း၌သာ ချစ်ကြပြီး၊ ငါ၏ လက်တွေ့တည်ရှိခြင်းကြောင့် မဟုတ်ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတို့၏ နှလုံးသားများကို ချထားပြီးနောက်တွင်၊ ယင်းတို့ကို အမှုမထားတော့၊ ထို့ကြောင့် သူတို့၏ နှလုံးသားများသည် အခွင့်အရေးရတိုင်း စာတန်၏ ဆတ်ခနဲ လုယူသွားခြင်းကို ခံကြရပြီး၊ ထို့နောက်တွင်မူ သူတို့သည် ငါ့ကို စွန့်သွားကြသည်။ များစွာသော လူတို့သည် သူတို့အား ငါသည် ငါ၏ နှုတ်ကပတ်များကို ထောက်ပံ့ပေးသောအခါ ငါ့ကို စစ်မှန်စွာ ချစ်ကြသည်၊ သို့သော်ငြားလည်း သူတို့၏ ဝိညာဉ်များထဲတွင် ငါ၏ နှုတ်ကပတ်များကို အမြတ်တနိုး မထားကြဘဲ၊ ထိုအစား ထိုအရာများကို အများပြည်သူပိုင်သည့် ဥစ္စာအလား သာမန်ကာလျှံကာမျှသာ အသုံးပြုကြပြီး ထိုအရာများကို သူတို့လာသည့် နေရာများသို့ သူတို့စိတ်ထင်လျှင် ထင်သကဲ့သို့ ပြန်ပစ်ပေးကြသည်။ လူသားသည် နာကျင်မှုအလယ်၌ ငါ့ကိုရှာပြီး၊ စမ်းသပ်မှုများအကြားတွင် ငါ့ကို မျှော်ကြည့်လေသည်။ ငြိမ်းချမ်းသော အချိန်များ အတောအတွင်း သူသည် ငါ့ကို ပျော်မွေ့ခံစားပြီး၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင်မူ ငါ့ကို ငြင်းပယ်သည်၊ သူသည် အလုပ်ရှုပ်နေသောအခါ ငါ့ကို မေ့လျော့ပြီး၊ သူသည် အလုပ်မရှိသောအခါ၌ ငါ့ကို ဝတ်ကျေတမ်းကျေ ပြုလေသည်၊ သို့သော်ငြားလည်း မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်ကမှ သူတို့၏ အသက်တာတစ်လျှောက်လုံး၌ ငါ့ကို မချစ်ခဲ့ကြပေ။ လူသားသည် ငါ့ရှေ့တွင် အလွန်ပင် စိတ်အားထက်သန်ရန် ငါအလိုရှိသည်။ ငါသည် သူ့ကို ငါ့ကို တစ်စုံတစ်ခုပေးရန် မတောင်းဆို၊ သို့သော် လူများ အားလုံးသည် ငါ့ကို အလေးအနက် မှတ်ယူကြရန်နှင့်၊ ငါ့ကို လှည့်စားကြမည့်အစား၊ လူသား၏ရိုးဖြောင့်မှုကို ငါပြန်ယူလာရန် သူတို့သည် ငါ့ကို ခွင့်ပြုရန်သာ တောင်းဆိုသည်။ ငါ၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်းနှင့် ငါ၏အားထုတ်မှုများ၏ တန်ဖိုးသည် လူအားလုံးတို့ကို ပျံ့နှံ့ဝင်ရောက်သည်၊ သို့သော် လူသား၏လုပ်ရပ် ခပ်သိမ်း၏ စစ်မှန်သော အချက်သည်လည်း သူတို့၏ လှည့်ဖြားမှုသည် ငါ့အပေါ်ပြုသကဲ့သို့ လူအားလုံးတို့ကို ပျံ့နှံ့ဝင်ရောက်သည်။ လူသား၏ လှည့်ဖြားမှုတွင် ပါဝင်သောအရာများသည် အမိဝမ်းထဲမှပင် သူနှင့်အတူ ရှိနေပြီးသည့်အလား၊ သူသည် ဤကလိမ်ဉာဏ်၏ အထူးကျွမ်းကျင်မှုများကို မွေးကတည်းကပင် ပိုင်ဆိုင်နေသည့်အလား ဖြစ်သည်။ ထို့ထက် ပိုသေးသည်မှာ၊ သူသည် မည်သည့်အခါမျှပင် သူ၏လျှို့ဝှက်ချက်ကို မလှစ်ဟပြခဲ့ပေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤလှည့်ဖြားမှု အတတ်များ၏ ရင်းမြစ်ကို ဖောက်ထွင်း၍ မမြင်ဖူးပေ။ ရလဒ်အနေနှင့်၊ လူသားသည် မသိလိုက်ဘဲနှင့် လှည့်ဖြားမှုအလယ်တွင် နေထိုင်ပြီး၊ ယင်းမှာ သူသည် မိမိကိုယ်မိမိ ခွင့်လွှတ်လေပြီး သည့်အလား၊ ယင်းမှာ ငါ့အပေါ် သူ၏ တမင်တကာ လှည့်ဖြားမှုအစား ဘုရားသခင်၏ စီစဉ်ခြင်းများ အလားပင် ဖြစ်သည်။ ဤသည်မှာ ငါ့အား လူသား၏လှည့်ဖြားမှု၏ ပကတိရင်းမြစ်ပင် မဟုတ်ပေလော။ ဤသည်မှာ သူ၏ စဉ်းလဲသော အကြံအစည်ပင် မဟုတ်ပေလော။ မည်သည့်အခါမျှပင် ငါသည် လူသား၏ မြှောက်လုံးများနှင့် လှည့်စားပြောဆိုမှုကြောင့် စိတ်မရှုပ်ထွေးခဲ့ဖူးပေ၊ အကြောင်းမှာ ငါသည် သူ၏အနှစ်သာရကို ကြာမြင့်စွာကတည်းကပင် သဘောပေါက်ခဲ့ပြီးသောကြောင့် ဖြစ်သည်။ သူ၏အသွေးထဲတွင် မသန့်စင်မှုတို့ မည်မျှရှိသည်ကို မည်သူသိနိုင်မည်နည်း၊ ပြီးလျှင် သူ၏ခြင်ဆီထဲတွင် စာတန်၏ အဆိပ်သည် မည်မျှရှိနေသည်ကို မည်သူသိနိုင်မည်နည်း။ လူသားသည် နေ့ရက်တစ်ရက် ကုန်လွန်သွားလေ ယင်းအရာကို သာ၍ ကျင့်သားရလာလေ ဖြစ်သည့်အတွက် သူသည် စာတန်၏ ဘေးဒုက္ခကို မသိနိုင်တော့ပေ၊ ထို့ကြောင့် “ကျန်းမာစွာတည်ရှိ မှုအတတ်ပညာ” ကို ရှာဖွေရန် စိတ်ဝင်စားခြင်း မရှိပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။