တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၂၀ : စီစီပီ၏ နှစ်ရှည်လများ အမဲလိုက်သလို ခြေရာခံဖမ်းဆီးခြင်းကို ခံရသည့် ခရစ်ယာန်များ၏ ဘဝအသက်တာများ
23.07.2026
အာဏာရလာကတည်းက ဒီဆိုးယုတ်ပြီး ဘုရားမဲ့ဝါဒ ပါတီဖြစ်တဲ့ စီစီပီဟာ ဘာသာရေး ယုံကြည်မှုကို အရူးအမူး ဖိနှိပ်ခဲ့ပါတယ်။ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ဖို့ သူတို့က ဘာမဆိုလုပ်ပါတယ်။ သူတို့အားလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးစားနေတာပါ။ မှားပြီး လူတစ်ထောင် သတ်ရ သတ်ရ၊ တစ်ယောက်မှ အလွတ်မပေးချင်ဘူး။ တရုတ်ပြည်မကြီးမှာ ခရစ်ယာန်တွေ ရှင်သန်ရပ်တည်ဖို့ နေရာ လုံးဝမရှိပါဘူး။ သူတို့ဟာ လွတ်လပ်စွာ ယုံကြည်ခွင့်ကို ပိတ်ပင်ခံရရုံသာမကဘဲ အသက်ရှင်သန်ခွင့်ကိုပါ ပိတ်ပင်ခံရတာပါ။ အဲဒါကြောင့် မရေမတွက်နိုင်တဲ့ ခရစ်ယာန်တွေဟာ ကိုယ့်အိမ်ကို မဖြစ်မနေ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သူတို့တွေ နှစ်နဲ့ချီပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် အရမ်း ပြင်းထန်တဲ့ အခက်အခဲတွေကို ခံစားနေကြရပါတယ်။ ဒီနေ့အထိ စီစီပီက သူတို့ကို ဆက်ပြီး အမဲလိုက်သလို ခြေရာခံ ဖမ်းဆီးနေတုန်းပါပဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝရမ်းပြေး စာရင်းထဲမှာတောင် ထည့်ထားပါတယ်။ ဒီလို အချိန်အကြာကြီး မဖြစ်မနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခရစ်ယာန်တွေရဲ့ ဒီကနေ့ ဘဝအသက်တာတွေက ဘယ်လိုရှိနေမလဲ။ မကြာသေးခင်ကပဲ စီစီပီရဲ့ နှစ်ရှည်လများ အမဲလိုက်သလို ခြေရာခံဖမ်းဆီးတာကို ခံရတဲ့ ခရစ်ယာန် သုံးယောက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ သူတို့ မိသားစုတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကျွန်မတို့ သိရှိရပါတယ်။ ဒီအစီအစဉ်မှာ သူတို့အကြောင်းကို လေ့လာကြည့်ကြရအောင်။
00:22 အသားပေးပြသချက်များ
01:54 စီစီပီက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အလိုရှိသည့် ဝရမ်းပြေးအဖြစ် သတ်မှတ်ခဲ့သည့် ခရစ်ယာန် လော်ယွီသည် ၁၁ နှစ်ကြာ အမဲလိုက်သလို ခြေရာခံခြင်းကို ခံရပြီးသည့်နောက် ရဲများ၏ ဖမ်းဆီးခြင်းကို ခံရကာ ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားရပြီး တရားမျှတမှုကို မမြင်တွေ့ရဘဲ သေဆုံးသွားခဲ့ရသည်
39:47 စီစီပီ၏ ၁၀နှစ်နီးပါး အမဲလိုက်သလို ခြေရာခံခြင်းကို ခံခဲ့ရသည့် ခရစ်ယာန် ကျင်းထောင်းတို့ မိသားစု သုံးယောက်သည် သူ့အမျိုးသား မကျန်းမာသော်ငြားလည်း ဆေးကုသခွင့် မရရှိခဲ့ဘဲ နောက်ဆုံးတွင် ကွယ်လွန်သွားကာ တိတ်တဆိတ် မြေမြှုပ်ခဲ့ရသည်
47:01 စီစီပီ၏ အမဲလိုက်သလို ခြေရာခံခြင်းကို ခံရသဖြင့် ၁၄နှစ်ကြာ တကွဲတပြားစီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် ခရစ်ယာန် ဆုန်လျန်တို့ မိသားစုသည် သူတို့၏ အိမ်ထောင်စုစာရင်းများကို စီစီပီက ဖျက်သိမ်းသည်ကို ခံခဲ့ရသည်
51:53 နိဂုံးချုပ်မှတ်ချက်များ
53:55 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ