တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၂၂ : ဖြောင့်ချက်ရဖို့အတွက် အသက် ၁၇ နှစ်အရွယ် ခရစ်ယာန်တစ်ဦး လေးရက်ကြာ ညှဉ်းပန်းနှိပ်စက်ခံရခြင်း
11.08.2026
ဆိုးယုတ်တဲ့ စီစီပီဟာ ခရစ်ယာန်တွေကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်တဲ့နေရာမှာ အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်။ ခရစ်ယာန်တွေကို သူတို့ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့နဲ့ အသင်းတော်ရဲ့ သတင်းအချက်အလက်တွေကို ပေးဖို့ အတင်းအကျပ် ခိုင်းစေတဲ့အနေနဲ့ စီစီပီက သူတို့ကို ရက်ရက်စက်စက် နှိပ်စက်ဖို့ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းအမျိုးမျိုးကို မညှာမတာ သုံးတယ်။ သူတို့က လုံးဝကို ဥပဒေမဲ့တာပဲ။ သူတို့က ခရစ်ယာန်တွေကို လူလို လုံးဝ မဆက်ဆံဘဲ သဘောရှိ ရက်ရက်စက်စက် နှိပ်စက်ပြီး သေတဲ့အထိ ရိုက်သတ်တာတောင် ဘာအပြစ်မှ မခံရဘူး။ အသက် ၈၀၊ ၉၀ အရွယ် သက်ကြီး ခရစ်ယာန်တွေပဲဖြစ်ဖြစ်၊ အရွယ်မရောက်သေးတဲ့ ဆယ်ကျော်သက် ခရစ်ယာန်တွေပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့အခါမှာ သူတို့က ဘယ်သူ့ကိုမှ ချန်မထားဘူး။ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက တကယ်ကို စက်ဆုပ်ရွံရှာစရာ ကောင်းတယ်။ မကြာသေးခင်က ဘေကျင်း အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ လီဟောင်ကို ကျွန်မတို့ အင်တာဗျူးခဲ့တယ်။ သူ အသက် ၁၇ နှစ်အရွယ်မှာ စုဝေးပွဲလုပ်နေတုန်း ဘယ်လို အဖမ်းခံခဲ့ရတယ်ဆိုတာရယ် စီစီပီ ရဲတွေရဲ့ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်တာကို ဘယ်လိုခံခဲ့ရတယ်ဆိုတာကို သူက ကျွန်မတို့ကို ပြောပြခဲ့တယ်။ အသင်းတော် သတင်းအချက်အလက်တွေပေးဖို့ အတင်းအကျပ်ခိုင်းစေတဲ့အနေနဲ့ ရဲတွေက ဖြောင့်ချက်ရဖို့အတွက် သူ့ကို လေးရက်ဆက်တိုက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ အဲဒီထဲမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်တာ၊ ရေနွေးပူနဲ့ လောင်းတာ၊ သူ့ရဲ့ နို့သီးခေါင်းနဲ့ လက်ဝါးတွေကို မီးနဲ့တို့တာ၊ ပြီးတော့ သူ့လက်ချောင်းတွေကို ဖိချေတာတွေ ပါဝင်တယ်။ ပြီးတော့ ရေနွေးပူလောင်ထားတဲ့ သူ့ကျောကုန်းကို လက်ထိတ်ရဲ့ အထစ်တွေနဲ့ ရက်ရက်စက်စက် ခြစ်ခဲ့ပါသေးတယ်။ လျှပ်စစ်ဝိုင်ယာကြိုးတွေကို သူ့လက်ချောင်းတွေနဲ့ လက်မောင်းတွေမှာ ချည်ပြီး သူ့ကို အကြိမ်ကြိမ် လျှပ်စစ်နဲ့ ရှော့တိုက်ခဲ့တယ်။ သူ့ဘောင်းဘီကို အတင်းအဓမ္မချွတ်ပြီး လိင်အင်္ဂါတွေကို လျှပ်စစ်နဲ့ ရှော့တိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ လီဟောင်က ရုန်းထွက်နိုင်ဖို့ အသည်းအသန် ရုန်းကန်ခဲ့တယ်။ လီဟောင်တစ်ယောက် ဒဏ်ရာဗရပွနဲ့ အသက်ငင်နေတဲ့ အချိန်ရောက်မှပဲ ရဲတွေက သူ့မိသားစုကို အာမခံနဲ့ ခေါ်ထုတ်ခွင့် ပေးခဲ့တယ်။ အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာလည်း ရဲတွေက သူ့အိမ်အထိလာပြီး ဆက်တိုက် နှောင့်ယှက်ခဲ့တယ်။ သူ့ရဲ့ သွားလာလှုပ်ရှားမှုကို ကန့်သတ်ရုံတင်မကဘဲ သူသာ ဘုရားသခင်ကို ဆက်ယုံကြည်နေရင် နောက်တစ်ကြိမ် ထပ်အဖမ်းခံရပြီး ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရမယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒီအစီအစဉ်မှာ လီဟောင်ရဲ့ ပြောပြချက်ကနေ စီစီပီရဲ့ ဘုရားမဲ့ အာဏာရှင်စနစ်အောက်မှာ ခရစ်ယာန် လူငယ်တစ်ယောက် ခံစားခဲ့ရတဲ့ နှိပ်စက်စော်ကားမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို လေ့လာကြည့်ကြရအောင်ပါ။
00:23 အသားပေးပြသချက်များ
04:29 လီဟောင်သည် စုဝေးပွဲတစ်ခုအတွင်း ဖမ်းဆီးခံခဲ့ရသည်
09:08 လီဟောင်သည် ဖြောင့်ချက်ရဖို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်—ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရခြင်း၊ ရေနွေးပူဖြင့် အပက်ခံရခြင်း၊ နို့သီးခေါင်းများနှင့် လက်ဖဝါးများ မီးရှို့ခံရခြင်း၊ လက်ချောင်းများ ကြိတ်ချေခံရခြင်းနှင့် လျှပ်စစ်ရှော့တိုက်ခံရခြင်းတို့ ဖြစ်သည်
37:44 လီဟောင်သည် အချုပ်ထောင်ထဲတွင် အပြင်းအထန် ဖျားနာခဲ့ပြီး အာမခံဖြင့် ပြန်လွတ်လာခဲ့သည်
42:08 နိဂုံးချုပ်မှတ်ချက်များ
47:42 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ