တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၂၅ : စီစီပီက ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့သည့် သက်ကြီး ခရစ်ယာန် လေးဦး

05.09.2026

ဒီအစီအစဉ်မှာတော့ စီစီပီက သက်ကြီးရွယ်အို ခရစ်ယာန် လေးယောက်အပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေကို တင်ဆက်ပေးသွားမှာပါ။ လီရှို့ရှင်းနဲ့ နင်ဖျင်တို့ဟာ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့က ခရစ်ယာန်တွေပါ။ အဲဒီတုန်းက အသက် ၇၇ နှစ်နဲ့ ၆၉ နှစ် အသီးသီးရှိကြတဲ့ အဲဒီဇနီးမောင်နှံဟာ အသင်းတော်ငွေတွေကို သိမ်းဆည်းစောင့်ရှောက်ပေးမှုနဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ လီရှို့ရှင်းက ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပြီး နင်ဖျင်ကတော့ ထောင်ဒဏ် တစ်နှစ်နဲ့ နှစ်လ ချမှတ်ခံခဲ့ရပါတယ်။ ချုပ်နှောင်ခံထားရတဲ့ အချိန်အတွင်းမှာ ရဲတွေက အကျဉ်းသားတွေကို အမိန့်ပေးပြီး လီရှို့ရှင်းကို အချိန်အကြာကြီး ရိုက်နှက်၊ အနိုင်ကျင့်ခိုင်းခဲ့ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ ဆီးကျိတ်ရောင်ရောဂါက ပိုပိုဆိုးလာပြီး နှလုံးသွေးရောက်မှုနည်းတာ၊ ရင်တုန်တာနဲ့ အိပ်မပျော်တာ စတဲ့ ရောဂါလက္ခဏာတွေပါ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့မှာ အဆုတ်ပွရောဂါပါ ဖြစ်လာတယ်။ ပြန်လွတ်လာတဲ့အချိန်မှာ သူဟာ အရမ်းကို အားနည်းနေခဲ့ပါပြီ။ ဒါပေမဲ့ ရဲတွေက သူတို့အိမ်ကို ခဏခဏလာပြီး အနှောင့်အယှက်ပေးတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်။ ရောဂါဝေဒနာကို အချိန်အကြာကြီး ခံစားရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြောင့် လီရှို့ရှင်းရဲ့ ကျန်းမာရေးအခြေအနေက ပိုဆိုးလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ အဆုတ်ပိုးဝင်တဲ့ရောဂါကြောင့် အဖျားတအားကြီးတာ မကျဘဲ ဆေးကုသမှုတွေလည်း အရာမထင်တော့ဘဲ သူဟာ ကွယ်လွန်သွားရှာပါတယ်။ ဒီနေ့အထိ ရဲတွေက နင်ဖျင်ရဲ့အိမ်ကို ခဏခဏလာပြီး ဓာတ်ပုံရိုက်တာ၊ အနှောင့်အယှက်ပေးတာတွေ လုပ်နေတုန်းပါပဲ။ သူ စိတ်အေးချမ်းရတယ်လို့ကို မရှိရှာတော့ပါဘူး။ ရှန်တုန်းပြည်နယ်၊ ဟဲကျယ်မြို့က ခရစ်ယာန် ကျိန့်ရွှင်ဆိုရင်လည်း အသင်းတော်စာအုပ်တွေ သယ်ယူပို့ဆောင်ပေးမှုနဲ့ စီစီပီရဲ့ အလိုရှိ၊ လိုက်လံဖမ်းဆီးတာကို ၂၂ နှစ်တိုင်တိုင် ခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ အသက် ၇၁ နှစ်အရွယ်မှာ ကျိန့်ရွှင်ဟာ ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ကျဲ့ကျန်းပြည်နယ်၊ ဖျင်ဟူမြို့က ခရစ်ယာန် ဝမ်ရင်ဟာ ညီအစ်ကိုမောင်နှမတွေကို စုဝေးဖို့ နေရာပေးဧည့်ခံခဲ့လို့ ၂၀၁၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ့မှာ ပြင်းထန်တဲ့ သွေးတိုးရောဂါ ရှိနေလို့ ထောင်ဒဏ်ကို ယာယီဆိုင်းငံ့ထားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ရောက်တော့ ဝမ်ရင်ဟာ အသက် ၇၃ နှစ် ရှိနေပြီဖြစ်ပြီး ဦးနှောက်သွေးကြောပိတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ စတဲ့ ပြင်းထန်တဲ့ ရောဂါတွေ ခံစားနေရပေမဲ့လည်း၊ ရဲတွေက ဆေးစစ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို လှည့်ဖြားခေါ်ဆောင်သွားခဲ့ပြီး ထောင်ထဲမှာ ခြောက်လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။ ဝမ်ရင် ပြန်လွတ်လာတဲ့အချိန်မှာ သူဟာ သတိမရှိ ကယောင်ကတမ်း ဖြစ်တဲ့အထိ နှိပ်စက်ခံခဲ့ရတာပါ။ လမ်းလည်း မလျှောက်နိုင်ဘဲ အသက်ငင်နေတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒီအစီအစဉ်ကို ကြည့်ရှုပေးကြပါ။

00:10 အသားပေးပြသချက်များ

05:19 လီရှို့ရှင်းနဲ့ နင်ဖျင်တို့သည် စီစီပီ၏ အဆုံးမရှိ နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည်- လီရှို့ရှင်းမှာ နှိပ်စက်ခံရပြီး သေဆုံးသွားသည်

28:32 ကျိန့်ရွှင်သည် စီစီပီ၏ အလိုရှိ၊ လိုက်လံဖမ်းဆီးခြင်းကို ၂၂ နှစ်တိုင်တိုင် ခံရပြီး အသက်အရွယ်ကြီးရင့်ချိန်၌ပင် ဖမ်းဆီးခံရသည်

42:01 ပြင်းထန်သော ရောဂါများစွာ ခံစားနေရသည့် ဝမ်ရင်သည် ရဲများ၏ လှည့်စားခြင်းကို ခံရကာ အကျဉ်းချခံရပြီး ပြန်လွတ်လာချိန်တွင် မျောနေပြီဖြစ်သည်

49:23 နိဂုံးချုပ်မှတ်ချက်များ

51:04 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

ဆက်ကြည့်မည်

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။