တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၂၆ : စီစီပီလက်ကနေ ၂၆ နှစ်ကြာ ထွက်ပြေးပုန်းရှောင်နေရတဲ့ ခရစ်ယာန်တစ်ဦး

15.09.2026

ရွှီမင်ဟာ အရင်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တရားဟောဆရာတစ်ဦး လုပ်ခဲ့ဖူးပါတယ်။ ၁၉၉၈ ခုနှစ် ဆောင်းဦးပေါက်မှာ သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့ပြီး ဧဝံဂေလိတရား စတင်ဟောပြောခဲ့တယ်။ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ရွှီမင်ဟာ ဧဝံဂေလိတရားဟောလို့ အတိုင်ခံရပြီး စီစီပီရဲတွေ ဖမ်းတာကို ခံခဲ့ရတယ်။ အသင်းတော် သတင်းအချက်အလက်တွေ ထုတ်ပြောအောင်၊ ယုံကြည်ခြင်းကို စွန့်လွှတ်အောင် သူ့ကို အတင်းအကျပ် ဖိအားပေးတဲ့အနေနဲ့ ရဲတွေက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက် နှိပ်စက်ခဲ့ပြီး အကျဉ်းသားတွေကို သူ့အား ရက် ၄၀ ကြာ နှိပ်စက်ညှဉ်းပန်းဖို့ အမိန့်ပေးခဲ့တယ်။ သူ့ရဲ့ ဘယ်ဘက်ခြေသလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်။ အဲဒီနောက်မှာ ရွှီမင်ဟာ ရပ်ကွက်ဈေးက စင်ပေါ်မှာ ပြစ်တင်ရှုတ်ချခံရပြီး လူအများရှေ့ ပြသပြီး အရှက်ခွဲခံခဲ့ရတယ်၊ ပြီးတော့ အလုပ်ကြမ်းစခန်းမှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံရတယ်လို့ ကြေညာခံရတယ်။ ၂၀၀၀ ပြည့်နှစ်၊ မေလမှာ ရွှီမင်ဟာ အလုပ်ကြမ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး ထွက်ပြေးပုန်းရှောင်တဲ့ဘဝ စတင်ခဲ့တာဟာ အခုဆိုရင် ၂၆ နှစ်တောင် ရှိနေပါပြီ။ ၂၀၂၅ ခုနှစ်၊ ဇွန်လမှာ သူဟာ စွန့်စားပြီး အိမ်ကို ပြန်ခဲ့တယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ရဲတွေရောက်လာပြီး အိမ်ကိုရှာဖွေတဲ့အပြင် သူဘယ်မှာလဲဆိုတာကို မေးမြန်းကြတဲ့အတွက် အဲဒီညမှာပဲ ထပ်ပြီး ထွက်ပြေးခဲ့ရတယ်။ ဒီနေ့အထိ ရွှီမင်ဟာ အိမ်ကို မပြန်ရဲသေးပါဘူး။ ဒီအစီအစဉ်မှာ သူ ခံစားခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ၂၆ နှစ်ကြာ ထွက်ပြေးပုန်းရှောင်နေရတဲ့ အသက်တာက သူ့အပေါ်၊ သူ့မိသားစုအပေါ် ဘယ်လို သက်ရောက်မှုရှိခဲ့သလဲဆိုတာကို ရွှီမင်ရဲ့ ပြောပြချက်ကနေတစ်ဆင့် သိကြရမှာ ဖြစ်ပါတယ်။

00:23 အသားပေးပြသချက်များ

04:48 ရဲများက ရွှီမင်၏ အိမ်ကို အတင်းဝင်ရောက်ပြီး သူ့ကို ဖမ်းဆီးခဲ့သည်

09:09 ရွှီမင်သည် ထိန်းသိမ်းရေးစခန်းတွင် နှိပ်စက်ပြီး စစ်ဆေးမေးမြန်းခံရသည်၊ အကျဉ်းသားများ၏ ရိုက်နှက်မှုကို ခံရပြီး ပြစ်တင်ရှုတ်ချသည့်ပွဲပင် အလုပ်ခံခဲ့ရသည်

19:32 ရွှီမင်သည် အလုပ်ကြမ်းစခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီး ရဲများ၏ လိုက်လံရှာဖွေမှုမှ လွတ်မြောက်ရန် ထွက်ပြေးပုန်းရှောင်နေရသည်

42:48 အစီအစဉ်မှူး၏ နိဂုံးချုပ်မှတ်ချက်များ

44:01 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

ဆက်ကြည့်မည်

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။