တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၂၈ : ခရစ်ယာန်တစ်ဦး နှစ်ကြိမ် ဖမ်းဆီးခံရပြီး စီစီပီ၏ နှိပ်စက်ညှဉ်းပန်းကာ စစ်ဆေးမေးမြန်းသည်ကို ခံရခြင်း

27.09.2026

အန်းဟွေးပြည်နယ်၊ ဟဲဖေးမြို့က ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ယန်လင်းဟာ ဘုရားသခင်ကို ယုံကြည်မှုနဲ့ တာဝန်ထမ်းဆောင်မှုတို့ကြောင့် စီစီပီရဲတွေရဲ့ ဖမ်းဆီးတာကို နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ယန်လင်းဟာ တာဝန်ထမ်းဆောင်ဖို့ သွားနေတုန်း အဖမ်းခံခဲ့ရပြီး အဲဒီနောက်ပိုင်း ထိန်းသိမ်းရေးစခန်းမှာ နှစ်နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရပါတယ်။ အဲဒီအချိန်အတောအတွင်း ရဲတွေက သူ့ကို အကြိမ်ပေါင်းမနည်း စစ်ဆေးမေးမြန်းခဲ့ကြတယ်။ သူတို့က သူ့ကို အလှည့်ကျ ရက်ရက်စက်စက် ရိုက်ကြတယ်၊ သူ့လက်ခုံတွေကို ရိုက်ချိုးတယ်၊ ခြေချောင်းတွေကို ဆောင့်ဆောင့်ပြီး နင်းချေပစ်တယ်၊ နို့သီးခေါင်းတွေကို ရက်ရက်စက်စက် ထိုးဆွတယ်၊ ပြီးတော့ သူ့လက်တွေကို နောက်ပြန် လက်ထိတ်ခတ်ထားကြတယ်။ ဒါ့အပြင် တခြားအကျဉ်းသူတွေကိုလည်း သူ့ကို နေ့တိုင်း နှိပ်စက်အနိုင်ကျင့်ဖို့ အမိန့်ပေးခဲ့သေးတယ်။...ယန်လင်းဟာ သေလုမျောပါးဖြစ်တဲ့အထိ နှိပ်စက်ခံခဲ့ရတာပါ။ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ ထိန်းသိမ်းရေးစခန်းက အစောင့်တွေက သူ့ကို ဘူတာရုံကို ခေါ်သွားပြီး အဲဒီမှာပဲ ပစ်ထားခဲ့ကြတယ်။ အဲဒီတုန်းက ယန်လင်းက အသက် ၃၄ နှစ်ပဲ ရှိသေးပေမဲ့ ဒဏ်ရာတွေနဲ့ ကျန်းမာရေးပြဿနာတွေ အများကြီး ကျန်ရစ်ခဲ့တယ်။ သူက နားအူပြီး အကြားအာရုံ ချို့တဲ့သွားတယ်၊ ရှေ့သွားနှစ်ချောင်းက ရိုက်ခံရလို့ ယိုင်သွားပြီး နောက်ပိုင်းမှာ ကျွတ်ထွက်သွားတယ်၊ အံသွားတွေနဲ့လည်း အမာတွေ ဖိမကိုက်နိုင်တော့ဘူး။ သူဟာ ခဏခဏ ပျို့အန်ချင်နေပြီး အစားမဝင်တော့ဘူး ဖြစ်သွားတယ်။ သူ့လက်မောင်းတွေက နာကျင်ပြီး အားမရှိသလို ဖြစ်နေတယ်၊ အအေးဒဏ်ကိုလည်း တော်တော် မခံနိုင်ဖြစ်လာတဲ့အပြင် ခြေထောက်နှစ်ဖက်လုံးမှာ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာခဲ့တယ်။ ဝမ်းသွားဖို့အတွက် အချိန်အကြာကြီး ဆေးဝါးကိုပဲ အားကိုးခဲ့ရတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာ ပြင်းထန်လာရင် သက်သာဖို့အတွက် အကြောဆေးကို သုံးလေးရက် သွင်းခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ ရဲတွေက ယန်လင်းရဲ့ ဖုန်း ဂျီပီအက်စ်ကို သုံးပြီး ခြေရာခံရှာဖွေခဲ့လို့ သူ့ကို ထပ်ပြီး ဖမ်းဆီးခဲ့ပြန်တယ်။ အသင်းတော်ရဲ့ ပူဇော်သက္ကာတွေကို ထုတ်ပေးဖို့ သူ့ကို ဖိအားပေးတဲ့အနေနဲ့ ရဲတွေက သူ့ကို အလှည့်ကျ ရက်ရက်စက်စက် ရိုက်နှက်ကြတယ်၊ သူ့နဖူးနဲ့ ခြေသည်းတွေကို အအေးပုလင်းနှုတ်ခမ်းဝနဲ့ ပြင်းပြင်းထန်ထန် ထုရိုက်ကြတယ်၊ မီးညှိထားတဲ့ စီးကရက်တွေကိုလည်း သူ့နှာခေါင်းပေါက်ထဲ အတင်းထိုးထည့်ကြတယ်။ သူ့ကို အိပ်ရေးပျက်အောင် လုပ်ပြီးတော့လည်း နှိပ်စက်ကြသေးတယ်၊ နောက်ဆုံးမှာတော့ ယန်လင်းဟာ အလုပ်ကြမ်းနဲ့ ပြုပြင်ရေးစခန်းမှာ တစ်နှစ်နဲ့ သုံးလ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်။ ဒီလို နှိပ်စက်ညှဉ်းပန်းခံရတာက သူ့ခန္ဓာကိုယ်မှာ ရေရှည်ဆိုးကျိုးတွေ အများကြီး ကျန်ရစ်စေခဲ့ပါတယ်။ သူဟာ ရေရှည် အိပ်မပျော်တဲ့ရောဂါ ခံစားရပြီး လည်ပင်းဆစ်ရိုးတွေ ပုံပျက်သွားတဲ့အပြင် ခါးရိုးနဲ့ မြီးညောင်းရိုး ပြဿနာတွေပါ ဖြစ်လာတဲ့အတွက် သူ့ရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ယန်လင်းဟာ နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခံရပြီးနောက် သူကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအကြောင်းကို ပြန်လည်ပြောပြသွားမှာ ဖြစ်ပါတယ်။

00:21 အသားပေးပြသချက်များ

05:04 ယန်လင်း အဖမ်းခံရပြီး နှိပ်စက်ညှဉ်းပန်းခံရကာ ထိန်းသိမ်းရေးစခန်းတွင် နှစ်နှစ်နီးပါး ချုပ်နှောင်ခံခဲ့ရခြင်း

31:05 ယန်လင်း ဒုတိယအကြိမ် အဖမ်းခံရပြီး နှိပ်စက်ညှဉ်းပန်းကာ စစ်ဆေးမေးမြန်းခံရပြီးနောက် အလုပ်ကြမ်းနှင့် ပြုပြင်ရေးစခန်းတွင် တစ်နှစ်နှင့် သုံးလ ပြစ်ဒဏ်ချမှတ်ခံရခြင်း

48:04 နိဂုံးချုပ်မှတ်ချက်များနှင့် ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

ဆက်ကြည့်မည်

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။