တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၂၉ : စီစီပီ၏ စစ်ဆေးမေးမြန်းချိန်အတွင်း နှိပ်စက်ညှဉ်းပန်းခံရပြီး လက်လွတ်စပယ် အရှက်ခွဲခံခဲ့ရသည့် ခရစ်ယာန်အမျိုးသမီး ၃ ဦး
08.10.2026
ဘုရားသခင်အပေါ် ယုံကြည်ခြင်းစွန့်လွှတ်အောင်၊ အသင်းတော် သတင်းအချက်အလက်တွေ ထုတ်ပေးအောင် ခရစ်ယာန်တွေကို အတင်းအကျပ်ခိုင်းစေဖို့အတွက် စီစီပီရဲတွေဟာ သူတို့ကို နှိပ်စက်ဖို့ သွေးထွက်သံယိုဖြစ်စေတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့၊ ယုတ်ညံ့ပြီး ဆိုးယုတ်တဲ့ နည်းလမ်းအမျိုးမျိုးကို သုံးကြတယ်၊ သူတို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေတောင် လုပ်ကြတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျန်းစုပြည်နယ်၊ ရွှီကျိုးမြို့က ခရစ်ယာန် လီလီ အလုပ်လုပ်နေတုန်း အရပ်ဝတ်ရဲ ၄ ယောက် သူ့အလုပ်ခွင်ထဲ ရုတ်တရက် ဝင်ချလာပြီး ရဲစခန်းကို အတင်းအကျပ် ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီနောက် လီလီဟာ စစ်ဆေးမေးမြန်းခံရဖို့ လျှို့ဝှက်နေရာတစ်ခုကို ခေါ်ဆောင်သွားခံရပြီး အဲဒီမှာ ရဲတွေက သူ့ကို ထပ်ခါတလဲလဲ ရိုက်နှက်တဲ့အပြင် အရှက်ခွဲဖို့ အတင်းအကျပ် အဝတ်အစားချွတ်ခိုင်းခဲ့တယ်၊ သူ့ဆန္ဒမပါဘဲ သူ့ရဲ့တင်ပါးတွေကို ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အဲဒီနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာပဲ ရွှီကျိုးက နောက်ထပ် ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ရှန်လုဟာ စုဝေးပွဲလုပ်နေတုန်း ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတွေက အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ရှန်လုကို စစ်ဆေးမေးမြန်းချိန်မှာ နှိပ်စက်ရုံတင်မကဘူး၊ အရက် အတင်းသောက်ခိုင်းပြီး အဝတ်တွေလည်း အတင်းချွတ်ခိုင်းခဲ့ကြတယ်၊ အတွင်းခံပဲ ဝတ်ထားတဲ့ သူ့ကို ဓာတ်ပုံတွေရိုက်ထားပြီး အရက်မူးပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ဗီဒီယိုတွေကို ရိုက်ယူခဲ့တယ်၊ ပြီးတော့ သူ့ကို အရှက်ခွဲဖို့ ရဲတွေရဲ့ WeChat ဂရုထဲကို အဲဒါတွေ တင်ခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့က ခရစ်ယာန် လျူယွီထင်ဟာ သူ့အိမ်မှာပဲ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ စစ်ဆေးမေးမြန်းနေတုန်း လျူယွီထင်ဟာ ရဲတွေရဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်၊ ခြေထောက်ကို အတင်းအကျပ် ဆွဲကားခံရတယ်၊ စစ်ဆေးမေးမြန်းတဲ့ သံကုလားထိုင်မှာ အချိန်အကြာကြီး လက်ထိတ်ခတ်ခံခဲ့ရတယ်၊ ပြီးတော့ ရဲတွေက သူ့ရဲ့နို့သီးခေါင်းတွေနဲ့ လိင်အင်္ဂါတွေကို လျှပ်စစ်တုတ်တွေနဲ့ ထပ်ခါတလဲလဲ ရှော့တိုက်ခဲ့ပါတယ်။ “ကတိခံဝန်ချက်သုံးမျိုး”ကို လက်မှတ်ထိုးဖို့ ဆက်တိုက် ငြင်းဆန်ခဲ့တဲ့အတွက် လျူယွီထင်ဟာ နောက်ဆုံးမှာ ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ်ကျခံနေရစဉ်မှာပဲ အစိုးရဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံရသလို ဆရာမလက်မှတ်လည်း ရုပ်သိမ်းခံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ ပြစ်ဒဏ်စေ့လို့ ပြန်လွတ်လာကတည်းက သူဟာ ရဲတွေရဲ့ အမြဲတမ်း စောင့်ကြည့်မှုနဲ့ နှောင့်ယှက်မှုတွေကို ဒီနေ့အထိ ခံနေရတုန်းပါပဲ။
00:38 အသားပေးပြသချက်များ
03:58 လီလီ အလုပ်လုပ်နေစဉ် ရဲများ၏ ရုတ်တရက် ဖမ်းဆီးခြင်းကို ခံရပြီး နှိပ်စက်ညှဉ်းပန်းခံရခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရ
25:36 အသက် ၁၇ နှစ်သာ ရှိသေးသည့် ရှန်လုကို ဘုရားသခင်အား သစ္စာဖောက်အောင် အတင်းအကျပ်ခိုင်းစေရန် ရဲများက သူ့ကို နှိပ်စက်ပြီး အရှက်ခွဲဖို့ ဓာတ်ပုံရိုက်ယူခဲ့
35:52 အဖမ်းခံရပြီးနောက် ဆရာမ လျူယွီထင်သည် စစ်ဆေးမေးမြန်းချိန်အတွင်း နှိပ်စက်ခံခဲ့ရပြီး ရဲများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရ
46:10 နိဂုံးချုပ်မှတ်ချက်များနှင့် ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
အခြား ဗီဒီယိုအမျိုးအစားများ