တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၃၀ : ခရစ်ယာန် ဇနီးမောင်နှံကို စီစီပီက ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခြင်း
24.10.2026
ဒီအပိုင်းမှာတော့ ဟေးလုံကျန်းပြည်နယ်၊ တာချင်းမြို့က ခရစ်ယာန် ဇနီးမောင်နှံဖြစ်တဲ့ လုရှီနဲ့ ဝမ်ယင်းတို့ စီစီပီရဲ့ ဆက်တိုက် နှိပ်စက်ညှဉ်းပန်းမှုကို ဘယ်လို ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်း တင်ဆက်ပေးသွားမှာပါ။ ၂၀၀၂ ခုနှစ်မှာ ဝမ်ယင်းဟာ စုဝေးပွဲလုပ်နေတုန်း အဖမ်းခံခဲ့ရတယ်။ အသင်းတော် သတင်းအချက်အလက်တွေ ထုတ်ပြောအောင် အတင်းအကျပ် ဖိအားပေးဖို့ ကြိုးစားတဲ့အနေနဲ့ ရဲတွေက သူ့ကို ရက်ရက်စက်စက် နှိပ်စက်ခဲ့ကြတယ်။ ခါးအောက်ပိုင်း၊ တင်ပါးတွေနဲ့ ညာဘက် ခြေဖမိုးကို လက်ကိုင်တုတ်တွေနဲ့ တအားရိုက်နှက်တယ်၊ ဆံပင်ကနေ ဆောင့်ဆွဲပြီး ခေါင်းကို နံရံနဲ့ ဆောင့်တယ်။ ပြည်သူ့လုံခြုံရေးဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်ဆိုရင် ဝမ်ယင်းကို အကြိမ်ကြိမ် အကြမ်းဖက် ရိုက်နှက်တဲ့အပြင် လိင်ပိုင်းဆိုင်ရာပါ စော်ကားခဲ့တယ်။ ရင်သားတွေကို အတင်းဆုပ်ကိုင်တယ်၊ သူ့ရဲ့ လိင်အင်္ဂါနဲ့ ဝမ်ယင်းရဲ့ တင်ပါးတွေကို ပွတ်တိုက်တယ်။ ဒါ့အပြင် ရဲတွေက ဝမ်ယင်းကို သံလှောင်အိမ်ထဲမှာ ဆွဲချိတ်တယ်၊ လက်သန်းနှစ်ဖက်နဲ့ နားရွက်တွေကို ကြေးနန်းကြိုးနဲ့ ပတ်ချည်တယ်၊ ပြီးတော့ လျှပ်စစ်နဲ့ အချိန်အကြာကြီး အကြိမ်ကြိမ် ရှော့တိုက်တယ်။ ဝမ်ယင်းဟာ သေလုမြောပါးဖြစ်တဲ့အထိ နှိပ်စက်ခံခဲ့ရတယ်။ အဲဒီနောက်မှာ ရဲတွေက သူ့ကို စီမံအုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းရေးစခန်းမှာ တစ်လတိတိ ပိတ်လှောင်ထားပြီးမှ ပြန်လွှတ်ပေးခဲ့တယ်။ အဲဒီလို နှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် ဝမ်ယင်းမှာ ပြင်းထန်တဲ့ ခါးဆစ်ရိုးကျွံရောဂါနဲ့ တခြား ဝေဒနာတွေ စွဲကျန်ရစ်ခဲ့တယ်။ ခေါင်းကို လျှပ်စစ်နဲ့ ရှော့တိုက်ခံရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိသေးတယ်။ ခဏခဏ ခေါင်းအုံနေတတ်ပြီး မှတ်ဉာဏ်လည်း တော်တော်လေး ကျဆင်းသွားတယ်။ လျှပ်စစ်နဲ့ ရှော့တိုက်ခံရတာကြောင့် လက်ချောင်းတွေ ဆန့်လို့မရတာမျိုး ခဏခဏ ဖြစ်နေတယ်။ ပြန်လွတ်လာပြီးနောက်မှာ ရဲတွေရဲ့ နှောင့်ယှက်မှုကို မခံနိုင်တော့လို့ ဝမ်ယင်းဟာ မဖြစ်မနေ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်။ အဲဒီကြားထဲ သူ ဆက်ပြီး ဧဝံဂေလိတရား ဟောပြောခဲ့ပေမဲ့ ရဲတွေရဲ့ ပစ်မှတ်ထားတာ၊ လိုက်လံဖမ်းဆီးတာကို ထပ်ခံရပြန်တယ်။ ယောက်ျားဖြစ်သူ လုရှီလည်း ဘုရားသခင်ကို ယုံကြည်လို့ ဆိုးယုတ်သူတစ်ယောက်ရဲ့ တိုင်ကြားတာကို ခံရပြီး ရဲတွေရဲ့ ခြေရာခံတာကို အချိန်အကြာကြီး ခံခဲ့ရတယ်။ အဖမ်းမခံရအောင်လို့ သူတို့ဇနီးမောင်နှံဟာ ခဏခဏ အိမ်ပြောင်းပြီး နေရာအနှံ့ ပုန်းရှောင်နေခဲ့ရတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ ရဲတွေက ဝမ်ယင်းနဲ့ လုရှီတို့ နေထိုင်တဲ့နေရာကို အတင်းဝင်ရောက်ပြီး သူတို့နှစ်ယောက်လုံးကို ဖမ်းဆီးခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ လုရှီနဲ့ ဝမ်ယင်းတို့ နှစ်ယောက်လုံး ထောင်ဒဏ် ၁၅ လစီ အချခံရပြီး တစ်ယောက်ကို ဒဏ်ငွေ ယွမ် ၆၀၀၀ စီ ရိုက်ခံခဲ့ရတယ်။...ဒီအစီအစဉ်ကို ကြည့်ရှုပေးကြပါ။
00:22 အသားပေးပြသချက်များ
05:15 ဝမ်ယင်း ပထမဆုံးအကြိမ် အဖမ်းခံရခြင်းနှင့် နှိပ်စက်၍ စစ်ဆေးမေးမြန်းခံရခြင်း
30:35 လုရှီနှင့် ဝမ်ယင်းတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အတွေ့အကြုံ
35:18 လုရှီနှင့် ဝမ်ယင်းတို့ အတူတကွ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရခြင်း
47:41 နိဂုံးချုပ်မှတ်ချက်များနှင့် ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
အခြား ဗီဒီယိုအမျိုးအစားများ