တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ၊ အပိုင်း ၃၁ : စီစီပီ၏ ညှဉ်းပန်းနှိပ်စက်၍ စစ်ဆေးမေးမြန်းမှုကြောင့် ခရစ်ယာန် အမျိုးသမီးတစ်ဦး သေလုမြောပါးဖြစ်ခဲ့ရ
24.10.2026
ဒီနေ့အစီအစဉ်မှာတော့ လင်ဟွေ့ရဲ့ အဖြစ်အပျက်ကို တင်ဆက်ပေးသွားမှာပါ။ သူဟာ စီချွမ်းပြည်နယ်၊ မျန်ယန်မြို့က ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး စီစီပီရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး နှိပ်စက်ညှဉ်းပန်း စစ်ဆေးမေးမြန်းခံရမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရသူပါ။ ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ လင်ဟွေ့ဟာ တက္ကစီပေါ်မှာ စီးလာတုန်း ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက် လျှို့ဝှက်စစ်ဆေးမေးမြန်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားခံခဲ့ရပါတယ်။ ရဲတွေက လင်ဟွေ့ကို ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခဲ့ပြီး အသင်းတော် သတင်းအချက်အလက်တွေ ထုတ်ပြောဖို့ အတင်းအကျပ် ဖိအားပေးခဲ့ကြပါတယ်။ ပြီးတော့ အေးခဲနေတဲ့ ရေသန့်ဘူးနဲ့ သူ့ခေါင်းကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြပါတယ်။...သြဂုတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ရဲတွေက လင်ဟွေ့ကို ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီ ခေါ်သွားပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီမှာ အသင်းတော်ရဲ့ အလှူငွေတွေ ဘယ်မှာရှိလဲဆိုတာကို ထုတ်ပြောဖို့ သူတို့က အဆက်မပြတ် ဖိအားပေးခဲ့ပြီး သူ့ကို နှိပ်စက်ညှဉ်းပန်းပြီး စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။ လင်ဟွေ့ရဲ့ လက်တွေကို နောက်ပြန် လက်ထိတ်ခတ်ထားပြီး ရဲသုံးယောက်က သူ့ကို ထိုးကြိတ် ကန်ကျောက်ခဲ့ကြပါတယ်။ ရဲတက္ကသိုလ်မှာ လေးနှစ်ကြာ ကိုယ်ခံပညာသင်ထားတဲ့ ရဲတစ်ယောက်ကဆိုရင် သူ့ရဲ့ ဘယ်ဘက်ပခုံးကို ဆက်တိုက် အချက် ၃၀ ကျော် ပြင်းပြင်းထန်ထန် ထိုးကြိတ်ခဲ့ပါတယ်။ နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးကလည်း သူ့ရဲ့ ခေါင်းနဲ့ မျက်နှာကို လက်ဝါးနဲ့ ခပ်ပြင်းပြင်း ဆက်တိုက် ရိုက်နှက်ပြီး ခေါင်းကို လက်သီးနဲ့ ကြမ်းကြမ်းတမ်းတမ်း ထိုးခဲ့ပါတယ်။ အဲဒီလို လုပ်နေတဲ့အချိန်အတွင်းမှာ လင်ဟွေ့ဟာ အကြိမ်ကြိမ် လဲကျသွားခဲ့ပြီး လဲကျသွားတိုင်းမှာ တပ်ဖွဲ့မှူးက သူ့ခြေထောက်တွေကို ရက်ရက်စက်စက် ကန်ကျောက်ပြီး အတင်း မတ်တပ်ပြန်ရပ်ခိုင်းပါတယ်။ နောက်ပိုင်းမှာ တပ်ဖွဲ့မှူးက သူ့ရဲ့ ဘယ်ဘက် ရင်သားတည့်တည့်ကို လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးချလိုက်ပါတယ်။ သူဟာ ကြမ်းပြင်ပေါ် ထပ်ပြီး လဲကျသွားတဲ့အထိ အထိုးခံလိုက်ရပြီး နာကျင်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပါတယ်...ဒီလို နှိပ်စက်ခံရပြီးနောက် လင်ဟွေ့ရဲ့ မျက်နှာဟာ ညိုမည်းဖူးရောင်နေပြီး ဘယ်ဘက် ရင်သားက ညိုမည်းသွားပြီး ခြေထောက်တွေမှာလည်း အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေ အများကြီး ရခဲ့ပါတယ်။ မေးရိုးအဆစ်ကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ဘယ်ဘက် ညှပ်ရိုး ကျိုးသွားပြီး ဘယ်ဘက် ပခုံးဆစ်လည်း ပြုတ်သွားပါတယ်။ သူ့ရဲ့ ဘယ်ဘက် ရှေ့နံရိုးတွေမှာလည်း အက်ရာလေးခုရှိသွားပြီး ရင်ခေါင်းပိုင်း ကျောရိုးဆစ် အနည်းဆုံး နှစ်ဆစ် လွဲသွားခဲ့ပါတယ်။ လင်ဟွေ့ဟာ တစ်ချိန်က အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ လင်ဟွေ့ဟာ အလုပ်ကြမ်းနဲ့ ပြုပြင်ထိန်းသိမ်းရေး တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကာလပြည့်လို့ လွတ်လာပြီးတဲ့နောက်မှာတော့ လင်ဟွေ့ဟာ နှိပ်စက်ခံခဲ့ရတဲ့ နောက်ဆက်တွဲဝေဒနာတွေကို အချိန်အကြာကြီး ဆက်ခံစားနေခဲ့ရပြီး အဲဒီဒဏ်တွေက ကုသဖို့ ခက်ခဲနေခဲ့ပါတယ်။
00:09 အသားပေးပြသချက်များ
05:24 လင်ဟွေ့ ဖမ်းဆီးခံရပြီးနောက် နှိပ်စက်စစ်ဆေးမေးမြန်းခံရပြီး စော်ကားခံရခြင်း
15:29 လင်ဟွေ့သည် စစ်ဆေးမေးမြန်းခံရစဉ် ရက်ရက်စက်စက် နှိပ်စက်ခံရခြင်း
33:30 လင်ဟွေ့၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ
56:52 နိဂုံးချုပ်မှတ်ချက်များနှင့် ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ
အခြား ဗီဒီယိုအမျိုးအစားများ