Christian Dance (ဘုရားသခင်နောက်လိုက်သည့်အခါ ရှေ့လျှောက်လမ်းကြောင်းက ယခင်ထက် သာ၍ ထွန်းလင်းသည်)
02.08.2024
၁
နေရာအနှံ့အပြားမှ အသင်းတော်တွင် ငါတို့ စုဝေးကြသည်။
အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ထောက်ပံ့မှုနှင့် ရေလောင်းခြင်းကို
လက်ခံရရှိသည်မှာ ကျွန်ုပ်တို့ ကံကောင်းကြသည်။
ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုကာ သမ္မာတရားကို နားလည်ရင်း၊
ကျွန်ုပ်တို့၏ စိတ်နှလုံးများက ချိုမြိန်မှုဖြင့် ပြည့်လျှံသည်။
ဘုရားသခင် ကိုယ်တိုင် ဘဝ၏ တောက်ပသည့် လမ်းကြောင်းကို လျှောက်ရန် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြသည်။
မရေတွက်နိုင်သည့် ဒုက္ခများနှင့် အခက်အခဲများတစ်လျှောက် ဘုရားသခင် ကျွန်ုပ်တို့ ဘက်တွင် ရှိခဲ့သည်။
ဆင်းရဲဒုက္ခမျိုးစုံ ခံစားခဲ့ရသော်လည်း၊ အသက်တာတွင် ကျွန်ုပ်တို့ ကြီးထွားလေပြီ။
၂
အနန္တတန်ခိုးရှင် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ ကျွန်ုပ်တို့ လိုက်လျှောက်သည်။
ကျွန်ုပ်တို့ကို ရှေ့ဆက် လမ်းပြရန် နေ့စဉ် နှုတ်ကပတ်တော်များကို သူ ဖော်ပြ။
သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေရန်
သူ တရားစီရင်ကာ စစ်ကြောသည်။
လူသစ်များအဖြစ်သို့ ကျွန်ုပ်တို့ ပြောင်းလဲကာ ကျွန်ုပ်တို့၏ စိတ်နှလုံးများ လွတ်မြောက်ကြသည်။
မရေတွက်နိုင်သည့် ဒုက္ခများနှင့် အခက်အခဲများတစ်လျှောက် ဘုရားသခင် ကျွန်ုပ်တို့ ဘက်တွင် ရှိခဲ့သည်။
ဆင်းရဲဒုက္ခမျိုးစုံ ခံစားခဲ့ရသော်လည်း၊ အသက်တာတွင် ကျွန်ုပ်တို့ ကြီးထွားလေပြီ။
၃
တရားစီရင်ခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးမှုများမှတစ်ဆင့်၊ ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်တို့ တွေ့ကြုံခံစားရပြီ။
ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရှိကာ ကျွန်ုပ်တို့ စိတ်နှလုံးများတွင် သူ့ကို ကြောက်ရွံ့လာကြသည်။
သမ္မာတရားများစွာကို နားလည်ပြီးနောက်၊
ဘုရားသခင်သည် ကြည်သာကာ ချစ်ဖွယ်ဖြစ်သည်ကို သာ၍ပင် ကျွန်ုပ်တို့ ခံစားရ၊
သူ့အတွက် အံ့ဖွယ်ဖြစ်ပြီး ထူးကဲသော သက်သေကိုခံရန် ကျွန်ုပ်တို့ ဆုံးဖြတ်ကြလေပြီ။
မရေတွက်နိုင်သည့် ဒုက္ခများနှင့် အခက်အခဲများတစ်လျှောက် ဘုရားသခင် ကျွန်ုပ်တို့ ဘက်တွင် ရှိခဲ့သည်။
ဆင်းရဲဒုက္ခမျိုးစုံ ခံစားခဲ့ရသော်လည်း၊ အသက်တာတွင် ကျွန်ုပ်တို့ ကြီးထွားလေပြီ။
၎
နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် တိုးချဲ့ခြင်းတို့သည် ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်ဖြစ်၏။
ဧဝံဂေလိတရားကို နေရာအနှံ့ ဖြန့်ဝေရန်၊ ကျွန်ုပ်တို့၏ သီးခြားလမ်းများကို အားလုံး သွားရမည်။
မတူကွဲပြားသော ဒေသများတွင် ကျွန်ုပ်တို့ ရှိကြသော်လည်း၊
ကျွန်ုပ်တို့နှလုံးသားများက တစ်ခုတည်းအဖြစ် ချိတ်ဆက်နေ။
နိုင်ငံတော်ကို အကောင်အထည်ဖော်ဖို့ တကယ့် အဆုံးထိတိုင် ကျွန်ုပ်တို့ ကြိုးပမ်းကာ ရုန်းကန်မည်။
မရေတွက်နိုင်သည့် ဒုက္ခများနှင့် အခက်အခဲများတစ်လျှောက် ဘုရားသခင် ကျွန်ုပ်တို့ ဘက်တွင် ရှိခဲ့သည်။
ဆင်းရဲဒုက္ခမျိုးစုံ ခံစားခဲ့ရသော်လည်း၊ အသက်တာတွင် ကျွန်ုပ်တို့ ကြီးထွားလေပြီ။
ဘုရားသခင်နောက်သို့ ကျွန်ုပ်တို့ လိုက်ကြသည်၊ ရှေ့လျှောက်လမ်းကြောင်းက ယခင်ထက် ပိုထွန်းလင်းနေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ