Myanmar Christian Testimony - အပိုင်း ၆၅၇ မိခင်ကွယ်လွန်ခြင်းကြောင့် ဖြစ်ရတဲ့ ဝမ်းနည်းကြေကွဲမှုကို ကျွန်မ ဘယ်လိုကျော်လွှားခဲ့သလဲ
24.10.2026
အဓိကဇာတ်ကောင်ဟာ အိမ်နဲ့ဝေးတဲ့နေရာမှာ သူ့တာဝန်တွေကို ထမ်းဆောင်နေခဲ့တယ်။ သူ့အမေ အသည်းအသန်ဖြစ်နေမှန်း သိလိုက်ရတော့ သူ ပြန်ပြီး ပြုစုချင်ခဲ့ပေမဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ များပြားလွန်းတဲ့ သူ့တာဝန်တွေကြောင့် သူ မပြန်နိုင်ခဲ့ဘူး။ သူ့ကိုယ်သူ အပြစ်တင်စိတ်တွေ၊ သူ့အမေအပေါ် အကြွေးတင်နေတယ်ဆိုတဲ့ ခံစားချက်တွေနဲ့ သူ လွှမ်းမိုးခံခဲ့ရတယ်။ နောက်ပိုင်းမှာ သူ့အမေ ဆုံးသွားပြီဆိုတာကို သိလိုက်ရတဲ့အခါ သူ အရမ်း ဝမ်းနည်းကြေကွဲခဲ့ရပြီး အမေ နေမကောင်းဖြစ်ချိန်မှာ အိမ်ပြန်ပြီး မပြုစုပေးခဲ့မိတာကိုတောင် နောင်တရခဲ့တယ်။ သူ့ရဲ့ အသိစိတ်မှာ လိပ်ပြာမသန့်ဖြစ်နေခဲ့ပြီး သူ့တာဝန်တွေကိုပါ ထိခိုက်လာခဲ့တယ်။ ဒီလိုနာကျင်မှုတွေ ကြားထဲကနေ လမ်းပြပေးခဲ့ပြီး သူ့အမေရဲ့ ဆုံးပါးမှုအပေါ် မှန်မှန်ကန်ကန် ရှုမြင်နိုင်ဖို့နဲ့ သူ့စိတ်နှလုံးထဲမှာ သက်သာရာရဖို့ ကူညီပေးခဲ့တာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။
အခြား ဗီဒီယိုအမျိုးအစားများ