Myanmar New Full Movie - ဆောင်းတွင်းနက်ချိန် Persecution and Hardship Strengthens Their Faith in God
27.06.2021
သူမ၏အမည်မှာ ရှောက်လီ ဖြစ်သည်။ သူမက ဘုရားသခင်ကို ဆယ်စုနှစ်တစ်ခုကျော် ယုံကြည်ခဲ့ပြီးဖြစ်သည်။ ၂၀၁၂ခုနှစ် ဆောင်းတွင်းတွင်၊ သူမသည် ဝတ်ပြုအစည်းအဝေးတစ်ခု၌ တရုတ်ကွန်မြူနစ်ရဲများ၏ ဖမ်းဆီးခြင်းခံရသည်။ စစ်ဆေးမေးမြန်းခြင်းအတွင်းတွင် ရဲများက ခေါင်းဆောင်များနှင့် အသင်းတော်၏ငွေများ ရှိရာနေရာကို ထုတ်ပြောခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်စေရန် သူမကို သွေးဆောင်ဖြားယောင်းဖို့အလို့ငှာ၊ ထပ်ခါထပ်ခါ ချော့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဆက်မပြတ် ထုနှက်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုခဲ့ကြသည်။ အထူးသဖြင့် အပူချိန်ဒီဂရီ သုညအောက် ရောက်သည့်အချိန် အေးခဲသော တစ်ညတွင်၊ ရဲများက သူမကို အတင်းအကျပ် ဝတ်လစ်စလစ် ချွတ်ထားကြကာ၊ ရေခဲရေဖြင့် ရွှဲရွှဲစိုစေလျက်၊ သူမ၏ မိန်းမကိုယ်ကို လျှပ်စစ်ဖြင့်လျှော့တိုက်ကြသည်၊ ပြီးလျှင် မုန်ညှင်းရည် အတင်းတိုက်ကြသည်...သူမသည် လူမဆန်သော ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စိတ်ကူး၍ပင်မရနိုင်သော အရှက်ကွဲခြင်းတို့ကို ခံစားခဲ့ရသည်။ စစ်မေးခြင်းကာလအတွင်းတွင် သူမက နာကျင်ပြီး အရှက်ရခဲ့သည်။ ဘုရားသခင်ကို သူမက မကြာခဏ ဆုတောင်းခဲ့သည်။ ဘုရားသခင်က နှုတ်ကပတ်တော်က သူမကို အချိန်ကိုက် ဉာဏ်အလင်းပွင့်ခြင်းနှင့် လမ်းညွှန်ခြင်းများ ပေးခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူမ ရရှိသည့် ယုံကြည်မှုနှင့် ခွန်အားတို့ကြောင့်၊ သူမသည် ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဘီလူးသရဲစီးနေသော ဖျက်ဆီးမှုတို့ကို အောင်မြင်ကျော်လွှားနိုင်ကာ၊ အံ့ဩလောက်ဖွယ် ထူးကဲသော သက်သေခံချက်ကို ပေးခဲ့သည်။ ဆောင်းတွင်း ဆီးပင်အပွင့်လေးကဲ့သို့၊ သူမသည် ကြည်နူးဖွယ်ကောင်းသော မွှေးပျံ့ခြင်းကို ပေါ်ထွက်စေလျက်၊ ကြမ်းတမ်းသော အတိဒုက္ခအလယ်တွင် ဂုဏ်ဝင့်စွာ ဖူးပွင့်လာခြင်းအားဖြင့် ဒဏ်ခံနိုင်သော အသက်ပါခြင်းကို ဖော်ပြခဲ့သည်…
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ