တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း - အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် သခင်ယေရှုကို သစ္စာဖောက်ခြင်းဖြစ်ပါသလား
04.05.2026
နောက်ဆုံးသော ကာလရဲ့ ကယ်တင်ရှင်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်ပေါင်း သန်းဆယ်နဲ့ချီ ဖော်ပြခဲ့ပြီးဖြစ်တဲ့အပြင် ဘုရားအိမ်တော်ကစတဲ့ တရားစီရင်တဲ့ အလုပ်ကို လုပ်ဆောင်နေပါတယ်။ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို တောင့်တကြတဲ့ ဘာသာရေး လောကထဲက လူအတော်များများဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ကြတယ်၊ အဲဒါတွေက ဘုရားသခင်ရဲ့ အသံတော်ဖြစ်မှန်း အသိအမှတ်ပြုခဲ့ကြပြီး ကိုယ်တော်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို တစ်ယောက်ပြီးတစ်ယောက် လက်ခံခဲ့ကြပါတယ်။ ကက်သလစ် ယုံကြည်သူ တချို့ကလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ သူတို့က ကက်သလစ်ဘာသာကို ဝင်ရောက်ထားတဲ့အတွက် တခြား ဂိုဏ်းဂဏတွေကို ပြောင်းလဲယုံကြည်လို့ မရဘူးလို့ ယုံကြည်နေကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲလို့ သူတို့ ထင်ကြတယ်။ ဒီအကြောင်းရင်းကြောင့် သူတို့ဟာ ဆက်ပြီး တွန့်ဆုတ်နေကြပြီး မှန်တဲ့ လမ်းခရီးကို မရှာဖွေရဲ၊ စုံစမ်းလေ့လာဖို့ မရဲကြဘူး။ ဒါဆို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာဟာ တကယ်တမ်း သခင်ယေရှုကို သစ္စာဖောက်တာလား။ “ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း” ဆိုတဲ့ ဒီအပိုင်းက သမ္မာတရားကို ရှာဖွေပြီး အဖြေကိုရှာတွေ့ဖို့ သင့်ကို လမ်းပြပေးမှာပါ။
အခြား ဗီဒီယိုအမျိုးအစားများ