
Myanmar Gospel Testimony - ကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင်၏ မှုတ်သွင်းခြင်းအားဖြင့် ပေးထားခြင်း ဖြစ်ပါလား
18.09.2022
ဤဇာတ်လမ်းထဲရှိ အဓိကဇာတ်ကောင်သည် သခင့်ကို ယုံကြည်ကတည်းက မိမိကိုယ်ကိုယ် စိတ်ထက်သန်စွာ အသုံးခံခဲ့သည်။ ကျမ်းစာကို မကြာခဏ ဖတ်ကာ “ကျမ်းစာသည် ဘုရားသခင်၏ လုံးလုံးလျားလျား မှုတ်သွင်းထားခြင်း ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်အားလုံး ထိုအထဲတွင် ရှိသည်။ ဘုရားကို ယုံကြည်ပါက ကျမ်းစာမှ သွေဖည်၍ မရ။ ထိုသို့လုပ်ဆောင်ခြင်းသည် အယူလွဲခြင်း ဖြစ်မည်” ဟူသည်ကို ယုံကြည်လက်ခံခဲ့သည်။ သို့ရာတွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်းနှင့် ဘုရားက နှုတ်ကပတ်တော်သစ်များ ပြောပြီးဖြစ်ကြောင်း ကြားသည့်အခါ၊ ဤသည်မှာ သူ့အတွက် လက်ခံဖို့ ခက်ခဲလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ စကားများနှင့် အလုပ်က ကျမ်းစာကို ကျော်လွန်သည်ဟု သူ ယုံကြည်ခဲ့သည်။ နောက်ပိုင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ ကျမ်းစာမှာ ဘုရားသခင်၏ လုံးလုံးလျားလျား မှုတ်သွင်းထားခြင်း မဟုတ်ကြောင်းနှင့် ထို့အပြင် ကျမ်းစာက ထာဝရအသက်ကို မထိန်းချုပ်ကြောင်း၊ ပြီးလျှင် နောက်ဆုံးသော ကာလ၏ ခရစ်တော်နောက်လိုက်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်က သမ္မာတရားနှင့် အသက်ရနိုင်ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ ကာလတစ်ခုကြာ စုံစမ်းစစ်ဆေးပြီးနောက်တွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို သူ ဝမ်းမြောက်စွာ လက်ခံပြီး သခင့်ကို ကြိုဆိုခဲ့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ