Myanmar Full Movie 2020 - ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမွန်ပါသည်
03.05.2020
သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
Full 2020 Myanmar Movie (ကလေးရေ၊ အိမ်ပြန်လာပါ)
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ) God Gave Me a Happy Family
Myanmar Subtitle Movie- ကောင်းကင်နိုင်ငံတော်သားများ
ကောင်းမွန်သော ဘဝတစ်ခုကို အသက်ရှင်ဖို့ ငွေအလုံအလောက်ရှာဖို့အတွက် ဒင်းရူလင် နှင့် သူမ၏ အမျိုးသားသည် လုပ်ငန်းတစ်ခုကို ဖွင့်ပြီး လည်ပတ်ဖို့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားကြသည်။ သို့သော်၊ စီစီပီအစိုးရ၏ အမြတ်ထုတ်ခြင်းနှင့် မတရားဖိနှိပ်ခြင်း တို့ကြောင့် သူတို့ အကြွေးကြီးကြီးမားမား ကျန်ခဲ့ပြီး နိုင်ငံခြားသို့သွားကာ အလုပ်လုပ်ဖို့မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။ ငွေပိုရှာနိုင်ရန်အတွက် ဒင်းရူလင်က အလုပ်နှစ်ခု လုပ်သည်။ သူမ၏ လေးလံသော အလုပ်ဝန် နှင့် သူမ အနီးတစ်ဝိုက်မှ လူတို့၏ ဥေပက္ခာပြုခြင်းက ငွေအတွက် အသက်ရှင်ခြင်းမှဖြစ်သည့် နာကျင်ခြင်းနှင့် ကူရာမဲ့ခြင်းတို့ကို နားလည်စေလေသည်။ သူမ၏ နာကျင်မှုနှင့် စိတ်ရှုပ်ထွေးမှုအလယ်တွင်၊ သူမသည် အထက်တန်းကျောင်းနေဖက် လင်းဇီရှင်း နှင့် ဆုံသည်။ သူတို့၏ ဆွေးနွေးမှုများတွင်၊ လင်းဇီရှင်းသည် သူမ၏ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ကိစ္စများစွာ နားလည်လာခဲ့သည်ကို ဒင်းရူလင် မြင်ရသည်။ ဘုရားသခင်၏ မျက်မှောက်တော်နှင့်အတူ ဝိညာဉ်ရေး ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်မှုတို့ကို သူမခံစားရပြီး၊ စိုးရိမ်သောကကင်းပြီး အေးဆေးသောအခြေအနေတွင် အသက်ရှင်ရသည်၊ ယင်းက ဒင်းရူလင်ကိုလည်း ဘုရားသခင်ကို ယုံကြည်ဖို့ ဆန္ဒရှိစေခဲ့သည်။ မကြာခင်၊ ငွေပို၍ပင် ရှာဖွေရန်၊ ဒင်းရူလင်နှင့် သူမအမျိုးသားတို့သည် စားသောက်ဆိုင်ကို လွဲပြောင်းယူလိုက်ကြသည်၊ သို့သော် ကြာရှည် ပင်ပန်းနွမ်းလျမှုက ဒင်းရူလင်ကို အသည်းအသန် နာမကျန်းဖြစ်လာစေသည်၊ ယင်းက သူမကို သွပ်ချာပါဒရောဂါဖြစ်နိုင်သည့် အန္တရာယ်ဖြစ်စေခဲ့သည်။ သူမ၏ နာမကျန်းမှုကို ခံစားရခြင်းက ဒင်းရူလင်ကို ဘဝအပေါ် စတင် ဆင်ခြင်သုံးသပ်စေသည်။ မည်သည့်အရာအတွက် လူတို့ အသက်ရှင်သင့်သနည်း။ ချမ်းသာကြွယ်ဝမှုနှင့် ကျော်ကြားမှုအတွက် သင်၏ ဘဝကို စတေးခြင်းက တိုက်တန်ပါသလား။ ငွေက အနှစ်မဲ့ခြင်းနှင့် ဒုက္ခကို လွတ်မြောက်ဖို့ လူများကို ကူညီနိုင်ပါသလား။ ယင်းက လူတို့ကို သေခြင်းမှ ကယ်တင်နိုင်ပါသလား။ ဘုရားနှုတ်ကပတ်တော်အပေါ် သူမ ညီမများ၏ မိတ်သဟာယမှတဆင့်၊ ဒင်းရူလင်သည် ဘဝနှင့်ပတ်သက်သည့် ဤမေးခွန်းများအတွက် အဖြေများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်၊ ဘဝတွင် ရှာဖွေရန် အရေးကြီးဆုံးသော အရာကို သူမ သင်ယူရပြီး၊ နောက်ဆုံးတွင် ဝိညာဉ်ရေးရာ လွတ်မြောက်မှုကို သူမ ရှာတွေ့လေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဦးဆောင်လမ်းပြမှုမှတဆင့်၊ နောက်ဆုံးတွင် ဘဝ၌ ပျော်ရွှင်မှုကို ဒင်းရူလင် ရှာဖွေတွေ့ရှိလေသည်.....
ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
https://www.youtube.com/watch?v=V_wCaoN5Ma0
https://www.youtube.com/watch?v=F1XCsQ3IybI
Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ