Myanmar Christian Song With Lyrics - အပြစ်စီရင်ခြင်းက ကျွန်ုပ်နှလုံးသားကို လှုပ်နှိုးခဲ့ပြီ

29.01.2020

မိမိယုံကြည်ခြင်းဖြင့် ကျွန်ုပ် ဘယ်အရာကို ရှာဖွေရမလဲ။

ယခု ကျွန်ုပ် နှိုးကြားမှု ရပြီ။

ယခင်က ကောင်းချီးမင်္ဂလာများ ရရှိဖို့အတွက်သာ

သခင်ဘုရားကို ကျွန်ုပ် ယုံကြည်ခဲ့။

ဘုရား၏ကျေးဇူးတော်၌ လောဘကြီးစွာ ကျွန်ုပ်မွေ့လျော်။

သို့သော် အပြစ်စီရင်ခြင်းက ကျွန်ုပ်နှလုံးသားကို လှုပ်နှိုးသွားခဲ့။

မှန်ကန်သောနည်းဖြင့် ဆုတောင်းသော်လည်း

လက်တွေ့မှာတော့ လုပ်ချင်ရာကို လုပ်ခဲ့။

ဘုရားအတွက် မိမိပြုသောအရာဟာ

ကျွန်ုပ်အနာဂတ်နှင့် ကံကြမ္မာအတွက်ပဲ ဖြစ်ခဲ့။

သမ္မာတရားကို ကျွန်ုပ် လက်တွေ့မလုပ်ဆောင်ခဲ့။

အပြစ်စီရင်ခြင်းက ကျွန်ုပ်နှလုံးသားကို လှုပ်နှိုးသွားခဲ့။

ဘာသာရေးဝတ်ပြုမှုများ၌သာ ကျွန်ုပ်ဘုရားကို ကိုးကွယ်ခဲ့။

သို့သော် ကျွန်ုပ်နှလုံးသားထဲ ဘာမှမရှိ၊ ဗလာနတ္တိ။

ကျွန်ုပ်၏ ဖောက်ပြန်သော စိတ်သဘောထား သန့်ရှင်းမသွားပါ။

ကျွန်ုပ်ဘုရား၏အလိုတော်ကို မည်သို့ ဆောင်ရွက်နိုင်မည်နည်း။

ဘုရား၏နှုတ်ကပတ်တော်သည် အသွားနှစ်ဖက်နဲ့ဓားနှင့် တူ၏၊

ကျွန်ုပ်နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ထိုးဖောက်။

စုံစမ်းခြင်းနှင့်စစ်ကြောပုံသွင်းခြင်းများ၌ ကျွန်ုပ် ဝေဒနာခံစားခဲ့ရပြီ။

ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းသည်စင်ကြယ်မှုရရှိသည်။

ဘုရား၏မေတ္တာကို ကျွန်ုပ် မြည်းစမ်းခဲ့ဖူးပြီး

သမ္မာတရားကို ရှာဖွေရရှိရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်။

သူ၏ချစ်ခြင်းမေတ္တာ ပြန်ဆပ်ဖို့ရန်၊

သူ၏ စစ်မှန်သောသက်သေဖြစ်ရန်

ဘုရားအတွက် သစ္စာရှိစွာ တာဝန်ထမ်းဆောင်မည်။

မိမိယုံကြည်ခြင်းဖြင့် ဘုရားကျေးဇူးတော်ကို ကျွန်ုပ် ခံစားခဲ့လည်း

အသက်ကို ရရှိပိုင်ဆိုင်ထားခြင်း မဟုတ်ပါ။

သမ္မာတရားမပါဘဲ ကျွန်ုပ်လက်တွေ့အသက်မရှင်နိုင်၊

ဘုရားကို ချစ်ခဲ့သည် ဟု ဆိုခြင်းမှာ မုသားသက်သက်သာ။

သို့သော် အပြစ်စီရင်ခြင်းက ကျွန်ုပ်နှလုံးသားကို လှုပ်နှိုးသွားခဲ့။

ဘယ်လောက်ဘဲ ဆက်ကပ်၊ ဘယ်လောက်အကျင့်ကောင်းနေ

ကျွန်ုပ်မှာ သူတော်ကောင်းယောင်ဆောင်သူဖြစ်ခဲ့။

အမှုတော်ထမ်းဆောင်သည့်အခါ ကျွန်ုပ်

ဘုရားကို လိမ်လည်ဆန့်ကျင်ကာ၊

ဘုရားနဲ့အပေးအယူလုပ်ခဲ့သည်။

အပြစ်စီရင်ခြင်းက ကျွန်ုပ်နှလုံးသားကို လှုပ်နှိုးသွားခဲ့။

မိမိဘယ်လောက် ဖောက်ပြန်ခဲ့သလဲ ကျွန်ုပ်မြင်တွေ့ခဲ့ပြီ။

သူ၏အပြစ်စီရင်ခြင်းနှင့် သန့်စင်ခြင်းကို ကျွန်ုပ် လိုအပ်။

ခရစ်တော်၏ပလ္လင်ရှေ့မှာ ကျွန်ုပ် အပြစ်စီရင် ခံခဲ့ပြီ။

ကျွန်ုပ်နှလုံးသား နှိုးကြားခဲ့ပြီ။

ဘုရား၏နှုတ်ကပတ်တော်သည် အသွားနှစ်ဖက်နဲ့ဓားနှင့် တူ၏၊

ကျွန်ုပ်နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ထိုးဖောက်။

စုံစမ်းခြင်းနှင့်စစ်ကြောပုံသွင်းခြင်းများ၌ ကျွန်ုပ်ဝေဒနာခံစားခဲ့ရပြီ။

ကျွန်ုပ်၏ဖောက်ပြန်ပျက်စီးခြင်းသည် စင်ကြယ်မှုရရှိသည်။

ဘုရား၏မေတ္တာကို ကျွန်ုပ် မြည်းစမ်းခဲ့ဖူးပြီး

သမ္မာတရားကို ရှာဖွေရရှိရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်။

သူ၏ချစ်ခြင်းမေတ္တာ ပြန်ဆပ်ဖို့ရန်၊

သူ၏ စစ်မှန်သောသက်သေဖြစ်ရန်

ဘုရားအတွက် သစ္စာရှိစွာ တာဝန်ထမ်းဆောင်မည်။

သစ္စာရှိစွာ တာဝန်ထမ်းဆောင်မည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။