ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၁

05.03.2021

ဘုရားသခင်သည် မည်သည့်ခေတ်တွင်မှ အလုပ်များကို မထပ်စေခဲ့ပါ။ နောက်ဆုံးသောကာလ ရောက်လာပြီး ဖြစ်သည့် အတွက် သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်သော အလုပ်များကို လုပ်လိမ့်မည်ဖြစ်ပြီး၊ သူ၏ နောက်ဆုံးကာလ စိတ်သဘောထား အလုံးစုံကို ဖော်ထုတ်လိမ့်မည်။ နောက်ဆုံးသော ကာလအကြောင်း ပြောသောအခါ ယင်းသည် မတူညီသော ခေတ်ကို ဆိုလိုသည်၊ ယင်းခေတ်တွင် ယေရှုသည် သင်သည် သေချာပေါက် ဘေးအန္တရာယ်များ ကြုံတွေ့လိမ့်မည်၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါ တို့ကို ကြုံတွေ့မည်ဟု ပြောခဲ့ရာ၊ ယခုအချိန်သည် ခေတ်သစ်ဖြစ်သည်ကို ပြနေသည်၊ ဟောင်းနွမ်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့ပါ။ ယင်းသို့ဖြစ်လေရာ၊ လူများက ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာ ဖြစ်ကာ၊ သူသည် သူ့ကိုယ်သူ ချစ်သကဲ့သို့ လူသားကို ချစ်မည်၊ သူသည် လူတိုင်းကို ကယ်တင်ခြင်း ပေးပြီး၊ လူကို မည်သည့်အခါမျှ မမုန်း၊ ယင်းသို့ ဖြစ်ပါက သူ၏အလုပ်သည် အဆုံးသို့ ရောက်နိုင်ပါ့မည်လော။ ယေရှု လာခဲ့ပြီး လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်ခံရသော အခါ၊ သူကိုယ်တိုင် အပြစ်သားအားလုံးအတွက် ပေးဆပ် တော်မူပြီး ယဇ်ပလ္လင်တော်တွင် ကိုယ့်ကိုယ်ကို ပူဇော်တော်မူခြင်းဖြင့် သူသည် ရွေးနှုတ်ခြင်း အမှုတော်ကို ပြီးဆုံးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့သည်။ သို့ဖြစ်ရာ ထိုခေတ် အလုပ်များကို နောက်ဆုံးသောကာလတွင် အဘယ်ကြောင့် လုပ်ရန် လိုအပ်ဦးမည်နည်း။ ထိုအလုပ်များ ပြန်လုပ်ခြင်းသည် ယေရှု၏ အလုပ်ကို ငြင်းပယ်ရာ မရောက်ပေဘူးလော။ ဤခေတ်တွင် သူလာသောအခါ ဘုရားသခင်သည် လက်ဝါး ကပ်တိုင်တွင် အသေခံခြင်းအလုပ်ကို မလုပ်ခဲ့ဘဲ၊ သနားကြင်နာမှုနှင့် ချစ်ခြင်းမေတ္တာကိုသာ ဆက်လက် ထားရှိခဲ့ပါက သူသည် ခေတ်ကို အဆုံးသတ်ရန် တတ်နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်သော ကြင်နာ သနားတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကိုအဆုံးသတ်သော သူ၏နောက်ဆုံး အလုပ်တွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း စိတ်သဘောထားဖြစ်ပြီး၊ ယင်းတွင် လူအားလုံးကို လူအများရှေ့မှောက်တွင် တရားစီရင်ရန်နှင့် သူ့ကို ရိုးဖြောင့်သော စိတ်နှလုံးဖြင့် ချစ်မြတ်နိုးသောသူများကို စုံလင်အောင်ပြုရန် သူသည် မဖြောင့်မတ်သည့်အရာ အားလုံးကို ဖော်ထုတ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိလာပြီ ဖြစ်သည်။ ဖန်ဆင်းထားသော အရာအားလုံးကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး သူတို့၏ သဘာဝအပေါ်မူတည်၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားလိမ့်မည်။ ယင်းအချိန်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ရလဒ်နှင့် သူတို့၏ ခရီးဆုံးပန်းတိုင်ကို ဖော်ထုတ်သည့် အချိန်ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံရပါက သူတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာလျှင် ဖန်ဆင်းခံ အားလုံးအတွက် ရလဒ်များကို ဖော်ထုတ်နိုင်သည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှုပြုသူများကို မကောင်းသောသူများ၊ ကောင်းသောသူများကို ကောင်းသောသူများ နှင့် အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အားလုံးသည် သူ့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်း ခံရလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖန်ဆင်းခံအားလုံး အတွက် ရလဒ်များကို ဖော်ထုတ်နိုင်ခြင်းဖြင့် မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းအလုပ်များအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရမည်။ လူသား၏ ဖောက်ပြန်ခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီး သူ၏ မနာခံခြင်းသည်လည်း အလွန်အကျွံ ဆိုးဝါးလာနေခြင်းကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာလျှင်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားသော စိတ်သဘောထားသည်သာလျှင်၊ နောက်ဆုံးသောကာလတွင် ဖော်ထုတ်ခြင်းခံရသော စိတ်သဘောထားသည်သာလျှင် လူသားကို အပြည့်အဝ ပြောင်းလဲပြီး စုံလင်စေလိမ့်မည်။ ဤစိတ်သဘောထားသည်သာလျှင် မကောင်းမှု ပြုသူများကို ဖော်ထုတ်နိုင်ပြီး ထိုသို့အားဖြင့် မဖြောင့်မတ်မှု အားလုံးကို ပြင်းထန်စွာ အပြစ်ဒဏ်ပေးနိုင်သည်။ သို့ဖြစ်ရာ ယင်းသို့သော စိတ်သဘောထားသည် ခေတ်ကာလ၏အရေးပါမှုနှင့် ပြည့်ဝနေသည်၊ ထို့ပြင် သူ့စိတ်သဘောထား၏ ဖွင့်ဟချက်နှင့် ဖော်ပြချက်တို့ကို ခေတ်သစ်တစ်ခုစီ၏ အလုပ်အတွက် ပေါ်လွင် ထင်ရှား စေသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ရည်ရွယ်ချက်မရှိဘဲ ထင်ရာမြင်ရာ ထုတ်ဖော်ခြင်း မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏ရလဒ်ကို ထုတ်ဖော်ရာတွင် ဘုရားသခင်သည် လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားပြီး သူ့ကို ဆက်လက်ချစ်မြတ်နိုးကာ ဖြောင့်မတ်သော တရားစီရင်မှုကို မခံရစေဘဲ သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို လူသားအားပြသပေးကာ သူ၏အပြစ် မည်မျှကြီးမားသည်ဖြစ်စေ ဖြောင့်မတ်သော တရားစီရင်မှုကို မြူမှုန်မျှ မရှိစေဘဲ လူသားကို အပြစ်လွှတ်ပေးမည်ဆိုပါက ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင်မှ အဆုံးသတ်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူသားမျိုးနွယ်ကို သင့်လျော်သော ခရီးပန်းတိုင်သို့ မည်သည့်အချိန်တွင်မှ ပို့ဆောင်ပေးမည်နည်း။ အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ဥပမာကြည့်ပါ။ သူသည် လူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ သူတို့ကို ချစ်မြတ်နိုးပြီး သူတို့ မည်သူပင်ဖြစ်စေကာမူ သူသည် သူတို့ကို ချစ်ခင်မြတ်နိုးပြီး သည်းခံခွင့်လွှတ်သည် ဆိုပါစို့။ ထိုသို့ဆိုလျှင် သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်း ဖြောင့်မတ်သော တရားစီရင်မှု သည်သာလျှင် လူသားကို သူတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နယ်ပယ်သစ်သို့ ယူဆောင်နိုင်လိမ့်မည်။ ထိုနည်းအားဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။