Myanmar Christian Crosstalk - နောက်ဆုံးသောကာလရဲ့ တရားစီရင်မှု

27.02.2020

သခင်ယေရှုက ပြောခဲ့သည်၊ “သင်တို့အား ငါ ပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခု မခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ထို့ပြင် ရှင်ပေတရုဩဝါဒစာ ပထမစောင် (၄:၁၇) တွင်လည်း ဤသို့ ရေးသားထားသည်၊ “ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။” နောက်ဆုံးသောကာလတွင် သခင်သည် သမ္မာတရားကို ဖော်ပြရန် ကြွလာမည်ဖြစ်ကာ၊ သူ့အား ယုံကြည်သူတို့ကြားတွင် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်လိမ့်မည်ဟု ဤကျမ်းချက်များအားလုံးက ပရောဖက်ပြုခြင်း ဖြစ်သည်။ သို့ရာတွင် ယုံကြည်သူ ညီအစ်ကိုမောင်နှမ အများအပြားက ယုံကြည်ကြသည်မှာ၊ ၎င်းတို့က သခင့်ကို ယုံကြည်သောကြောင့် ၎င်းတို့အပြစ်များသည် ခွင့်လွှတ်ခံရကြောင်း၊ ၎င်းတို့အနေဖြင့် ဘုရားသခင်၏တရားစီရင်ခြင်းကို လက်ခံဖို့မလိုကြောင်းနှင့် သခင် ကြွလာသည့်အခါ ၎င်းတို့အား ကောင်းကင်နိုင်ငံထဲသို့ တိုက်ရိုက် ခေါ်ဆောင်လိမ့်မည်ဟူ၍ ဖြစ်သည်။ ဤအယူအဆသည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့နှင့် ကိုက်ညီပါရဲ့လား။ သခင့်ကို ယုံကြည်၍ တစ်ဦးတစ်ယောက်၏အပြစ်များ ခွင့်လွှတ်ခံထားရခြင်းမှာ ထိုသူအား ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရန် အမှန်တကယ် အရည်အချင်းပြည့်မီစေသလော။ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတွင် အတိအကျဆိုသော် မည်သည်တို့ ပါဝင်သနည်း။ ယင်းအမှုတော်သည် လူသားအနေဖြင့် ကောင်းကင်နိုင်ငံသို့ ချီဆောင်ခံရခြင်းနှင့် မည်သို့ သက်ဆိုင်သနည်း။ ယခု ဟာသပြဇာတ်တို နောက်ဆုံးသောကာလရဲ့ တရားစီရင်မှုက သင့်အား အဖြေများကို ထုတ်ဖော်ပြပါလိမ့်မည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။