နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်း၊ အပိုင်း ၁၂ :ဗင်နီဇွဲလား ကြော်ငြာလုပ်ငန်းရှင် အီလီယာနာ ဂါလာဒို နှင့် နက်နဲသော ဆွေးနွေးမေးမြန်းမှု

09.09.2026

အီလီယာနာ ဂါလာဒို ဟာ တစ်ချိန်က ဗင်နီဇွဲလားနိုင်ငံက အောင်မြင်တဲ့ ကြော်ငြာနဲ့ သတင်းဌာန စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ကလေးဘဝမှာ ဆင်းရဲမွဲတေမှုနဲ့ အထင်သေးခံခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ငယ်ငယ်လေးကတည်းက သူ့ရဲ့ ဘဝကို ပြောင်းလဲပြီး ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းတွေ ရအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ဒီခံယူချက်ကြောင့်ပဲ သူဟာ ငယ်စဉ်ကတည်းက ကြိုးစားအားထုတ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ်ပိုင် ကြော်ငြာအေဂျင်စီကို တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖြစ်ထွန်းလာပြီး အမြဲတမ်း ဝင်ဆံ့ဖို့ တောင့်တခဲ့တဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်းထဲကို နောက်ဆုံးမှာ ဝင်ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ တကယ်တမ်း ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းတွေ ရလာတဲ့အခါ သူ တွေ့ရှိခဲ့တာက သူစိတ်ကူးထားတဲ့ ပျော်ရွှင်မှု မဟုတ်ဘဲ ပိုပိုပြီး နက်ရှိုင်းလာတဲ့ စိုးရိမ်ကြောင့်ကြမှုနဲ့ မလုံခြုံမှုတွေပါပဲ။ နောက်ပိုင်းမှာ သူ့ရဲ့ အေဂျင်စီ ပိတ်လိုက်ရပြီး မိသားစုလည်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရပေမဲ့ သူက ဒီကျရှုံးမှုကို လက်မခံချင်ခဲ့ပါဘူး။ ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် ပြန်အောင်မြင်ဖို့ အသေအလဲ ကြိုးစားရင်းနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံးဝ ကုန်ခမ်းသွားခဲ့ရတယ်။ ၂၀၂၀ ခုနှစ်မှာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကမ္ဘာ့ကပ်ရောဂါက သူနဲ့ သူ့မိသားစုကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေဆီ တွန်းပို့လိုက်ပြန်တယ်။ အားကိုးစရာ မရှိတော့တဲ့ အဆုံးမှာ သူဟာ ဘုရားသခင်ကို စအော်ဟစ်ဆုတောင်းခဲ့ပြီး လုံးဝ အသစ်ဖြစ်တဲ့ ရှာဖွေမှု ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဘဝမှာ သူ့ကို ဘယ်လို အလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲ။

နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်း ရဲ့ ဒီအစီအစဉ်ကနေ ကြိုဆိုပါတယ်။ စည်းစိမ်ကို လိုက်စားရာကနေ ဘဝရဲ့ တကယ့် ဦးတည်ချက်ကို ပြန်ရှာတွေ့ခဲ့တဲ့ အီလီယာနာရဲ့ စစ်မှန်တဲ့ အတွေ့အကြုံကို နားဆင်ဖို့ ကျွန်မတို့နဲ့အတူ ပူးပေါင်းလိုက်ပါ။

03:10 ငယ်ငယ်ကတည်းက ချမ်းသာဖို့ ဆုံးဖြတ်ထားခြင်း

10:53 အထင်သေးခံရခြင်းမှ စီးပွားရေးလုပ်ငန်း အောင်မြင်ခြင်းဆီသို့

18:20 အထက်တန်းလွှာများကြား ဝင်ရောက်နိုင်သော်လည်း စိတ်အေးချမ်းမှု ဆုံးရှုံးရခြင်း

31:16 ဘဝပျက်သွားသော်လည်း ပြန်လည် အောင်မြင်ရန် စွဲလမ်းနေဆဲ

37:57 ထွက်ပေါက်မရှိတော့သည့်အဆုံး၊ ဘုရားသခင်ထံ စတင် အော်ခေါ်ခြင်း

42:27 အမှောင်ထဲတွင် ရှာဖွေရင်း နောက်ဆုံးတွင် အလင်းကို တွေ့မြင်ခြင်း

52:55 ငွေကြေးချည်နှောင်မှုမှ ဘုရားနှုတ်ကပတ်တော်များက သူမကို နိုးထစေခြင်း

01:05:21 ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်နေခြင်း ရပ်တန့်ကာ စိတ်အေးချမ်းမှု ရရှိခြင်း

01:19:48 စည်းစိမ် လိုက်စားမှုကို လက်လွှတ်ကာ ဘဝသစ်ကို ရှာတွေ့ခြင်း

01:26:43 ရန်စောင်နေကြသည့် အိမ်တွင် ငြိမ်သက်ခြင်းနှင့် နွေးထွေးမှု ပြန်လည်ရရှိခြင်း

01:31:57 သူမ၏ အပြောင်းအလဲများအကြောင်း ခင်ပွန်းဖြစ်သူ၏ ပြောပြချက်

ဆက်ကြည့်မည်

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။