Myanmar Movie - တံခါးကိုခေါက်နေခြင်း | ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်းကို ကြိုဆိုခြင်း
28.11.2020
လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ "သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။" (ရှင်မဿဲခရစ်ဝင် ၂၅:၆) "နားထောင်လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။
အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ