ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅

18.02.2021

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည် (လက်ရွေးစင် ကျမ်းပိုဒ်)

ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ် မိတ်သဟာယပြုသောအခါ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုခဲ့မိသလော။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ သဘောထားက အပြောင်းအလဲတစ်ခု ကြုံရပြီးဖြစ်သည်ကို သင်တို့ သတိပြုမိပြီးပြီလော။ လူသားများအပေါ် သူ၏ သဘောထားမှာ ပြောင်းလဲ၍ရနိုင်သလော။ ဘုရားသခင်သည် ဤကဲ့သို့ လူသားများအပေါ် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာ အလုံးစုံကို အကန့်အသတ်မရှိပေးလျက် အမြဲသည်းခံလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။...ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ။ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့အပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အခြေအနေအပေါ် မမူတည်ဘဲ၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားမှာ အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး ယောင်ချာချာဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားခြင်းကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားခြင်းကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့် ကျွန်ုပ်၏မနာခံခြင်းနှင့် ကျွန်ုပ်၏ ကျူးလွန်မှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ ထူးမခြားနား ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်”၊ “ကျွန်ုပ်သည် သမ္မာတရားကို လေ့လာ လိုက်စားသည်”၊ “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်”၊ “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်”၊ အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် ခံ့ညားပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင်တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့် ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ သနားစဖွယ်ပါတကား။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။