ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၀

05.03.2021

အမှန်မှာ ဘုရားသခင်၏စိတ်သဘောထားသည် လူတိုင်း အတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိကို လူများက သိရှိနိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်း မရှိရမည်အကြောင်း မည်သည့်အခါမျှ တစ်စုံတစ်ဦးကို သိသိကြီး ရှောင်ဖယ်ခြင်း မရှိသကဲ့သို့ မိမိကိုယ်ကို ဖုံးကွယ်ရန် မည်သည့်အခါမျှ သိသိကြီး မရှာကြံဖူးပေ။ ဘုရားသခင်၏စိတ်သဘောထားသည် အစဉ်အမြဲ ပွင့်လင်းပြီး လူသား တစ်ယောက်စီတိုင်းကို ပွင့်ပွင့်လင်းလင်း မျက်နှာမူလျက်နေသည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အတော အတွင်းတွင် ဘုရားသခင်သည် မိမိ၏အမှုကို လုပ်ဆောင်ပြီး လူသားတိုင်းကို မျက်နှာမူလျက်နေတော်မူ၏။ ထို့ပြင် သူ၏အမှုကို လူသားတိုင်းအပေါ်၌ လုပ်ဆောင်ခဲ့သည်။ ထိုအမှုကို သူလုပ်ဆောင်နေစဉ်တွင် သူ၏စိတ်သဘောထားကို အစဉ်မပြတ် ဖော်ပြနေပြီး အယောက်စီတိုင်းကို မစ၍ လမ်းပြဖို့ရန် သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အစဉ်အမြဲ အသုံးချလျက်နေတော်မူ၏။ ခေတ်တိုင်းနှင့် အဆင့်တိုင်းတွင် အခြေအနေများမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ၊ ဘုရားသခင်၏စိတ်သဘောထားသည် တစ်ယောက်စီတိုင်းအတွက် အစဉ်အမြဲပွင့်လင်းမှုရှိပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း အယောက်စီတိုင်း အတွက် အစဉ်အမြဲ ပွင့်လင်းမှုရှိတော်မူ၏။ ထိုနည်းတူစွာ ဘုရားသခင်၏အသက်သည်လည်း ရပ်တန့်ခြင်းအလျှင်းမရှိဘဲ လူသားတိုင်းကို ကြည့်ရှုစောင့်ရှောက်လျက် ကူညီဖေးမလျက် နေတော်မူ၏။ သို့သော်လည်း ဘုရားသခင်၏ စိတ်သဘောထား သည် လူတချို့အဖို့ ဖုံးကွယ်ခြင်းခံရသည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်၏ အမှုတော်ထဲတွင် ရှင်သန်ပြီး ဘုရားသခင်နောက် လိုက်ကြသော်လည်း ဘုရားသခင်နှင့် သာ၍ နီးစပ်ဖို့ နေနေသာသာ ဘုရားသခင်ကို နားလည် သဘောပေါက်ရန် ကြိုးစားခြင်း သို့မဟုတ် ဘုရားသခင်ကို သိရှိရန် လိုလားခြင်းတို့ မည်သည့်အခါမျှ မပြုခဲ့ကြပေ။ ထိုလူတို့အဖို့ ဘုရားသခင်၏စိတ်သဘောထားကို နားလည်ခြင်း သည် သူတို့၏အဆုံးသတ်ချိန်မှာ ရောက်လုနေပြီဖြစ်ကြောင်းကို ဆိုလိုသည်။ ထိုအရာက သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် တရားစီရင်ခံရမည့်ဆဲဆဲနှင့် စီရင်ချက်ချခံရမည့်ဆဲဆဲဖြစ်ကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤလူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်ဖို့ သို့မဟုတ် သူ၏စိတ်သဘောထားကို နားလည်ဖို့ လိုလားသော စိတ် မည်သည့်အခါမျှ မရှိဖူးကြပေ။ ဘုရားသခင်၏အလိုတော်ကို သာ၍နက်ရှိုင်းစွာ သဘောပေါက်ရန် သို့မဟုတ် သိရှိရန် မည်သည့်အခါမျှ မတပ်မက်ကြပေ။ သူတို့သည် သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏အလိုတော်ကို နားလည်ဖို့ မရည်ရွယ်ကြပေ။ သူတို့သည် အမြဲပျော်ရွှင်ပြီး သူတို့လုပ်ချင်သောအရာများကို လုပ်ဆောင်ရာတွင် မည်သည့် အခါမျှ မောပန်းခြင်းမရှိကြပေ။ သူတို့ယုံကြည်ချင်သော ဘုရားကို သူတို့ယုံကြည်ကြ၏။ သူတို့၏ စိတ်ကူးများ၌သာ တည်ရှိသည့် ဘုရား၊ သူတို့၏ အယူအဆများထဲ၌သာ တည်ရှိသည့် ဘုရားကို ယုံကြည်ကြပြီး သူတို့၏နေ့စဉ် အသက်တာထဲမှ ခွဲခြား၍မရသော ဘုရားကို ယုံကြည်ကြသည်။ စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်အတွက်ဆိုလျှင် သူတို့သည် လုံးဝအထင်အမြင်သေးပြီး သူ့ကိုနားလည်ဖို့ဆန္ဒမရှိ၊ သူ့ကိုဂရုမစိုက်၊ သူနှင့် သာ၍နီးစပ်လိုသော ရည်ရွယ်ချက် သာ၍မရှိကြပေ။ သူတို့သည် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကို အမွှမ်းတင်ဖို့ နှင့် ပြရုပ်တင်ဖို့အတွက်သာ အသုံးပြုနေကြသည်။ သူတို့အတွက် ထိုသို့ပြုခြင်းသည် အောင်မြင်သောယုံကြည်သူများနှင့် သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်စေပြီဟု ခံယူကြသည်။ သူတို့၏စိတ်နှလုံးထဲတွင် သူတို့သည် သူတို့၏စိတ်ကူးများ၊ သူတို့၏အယူအဆများနှင့် ဘုရားသခင်နှင့် စပ်လျဉ်း၍ သူတို့၏ကိုယ်ပိုင် ဖွင့်ဆိုချက်များဖြင့်ပင် လမ်းပြခြင်း ခံရသည်။ သို့သော်ငြားလည်း စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကမူ သူတို့နှင့် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပေ။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ကို သူတို့နားလည်ပြီး ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို နားလည်ကာ ဘုရားသခင်၏ အရာ အားလုံးနှင့် ဖြစ်ခြင်းတို့ကို နားလည်သည်နှင့် သူတို့၏ လုပ်ဆောင်ချက်များ၊ သူတို့၏ယုံကြည်ခြင်းနှင့် သူတို့၏ အားထုတ်မှုတို့သည် ရှုတ်ချခြင်းကိုခံရမည်ဟု ဆိုလိုသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် သူတို့သည် ဘုရားသခင်၏ အနှစ်သာရကို နားလည်ခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ နားလည်ဖို့ ဆုတောင်းခြင်းငှာ လည်းကောင်း သို့မဟုတ် စိတ်အားထက်သန်စွာ ရှာဖွေခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏အလိုတော်ကို သာ၍ ကောင်းမွန်စွာ သိရှိခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ကောင်းမွန်စွာ နားလည်ခြင်းငှာ လည်းကောင်း မလိုလားခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို လုပ်ကြံဖန်တီးထားပြီး ဖော်ပြရန်ခက်ခဲကာ အနှစ်သာရမဲ့သော တစ်စုံတစ်ရာ ဖြစ်စေလိုကြသည်။ ဘုရားသခင်ကို သူတို့တွေးထင်ထားသည့်အတိုင်းနှင့် သူတို့ခေါ် တိုင်း သူတို့၏အလိုကျဆောင်ရွက် ပေးမည့်သူအဖြစ် ရှိစေလိုကြ ပြီး သူတို့အတွက် အမြဲမောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဖြည့်ဆည်း ပေးမည့်သူ ဖြစ်စေလိုကြသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ခံစားလိုသောအခါ ထိုကျေးဇူးတော်ဖြစ်ပေးရန် ဘုရားသခင် ကို တောင်းဆိုကြသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို သူတို့လိုချင်သောအခါ ထိုကောင်းချီးမင်္ဂလာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုကြသည်။ အခက်အခဲကို ရင်ဆိုင်ကြ သောအခါ သူတို့ကို ရဲဆေးတင်ပေးရန်နှင့် သူတို့ခြေချော် လက်ချော်ဖြစ်လျှင် ကယ်ပေးမည့်အားကိုးစရာဖြစ်ပေးရန် ဘုရားသခင်ကို တောင်းဆိုတတ်ကြသည်။ ဤလူတို့၏ ဘုရားသခင်ကို သိရှိခြင်းသည် ကျေးဇူးတော်နှင့် ကောင်းချီး မင်္ဂလာ ဘောင်အတွင်း၌သာ စွဲကပ်နေသည်။ ဘုရားသခင် အမှုတော်အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ စိတ်သဘောထား အပေါ်၌လည်းကောင်း၊ ဘုရားသခင်အပေါ်၌ လည်းကောင်း သူတို့၏ သဘောပေါက်နားလည်ခြင်းသည် သူတို့၏စိတ်ကူးများထဲတွင် ကန့်သတ်ထားခြင်းခံရပြီး စာလုံးများနှင့် အယူဝါဒမျှသာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏စိတ်သဘောထားကို နားလည်ဖို့ အလွန် စိတ်ထက်သန်သူများ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို အမှန်တကယ် တွေ့မြင်လိုသူများ၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို စစ်မှန်စွာနားလည်လိုသော လူတချို့ရှိကြသည်။ ဤလူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်း တရား၏ စစ်မှန်မှုကို လိုက်လံစူးစမ်းပြီး ဘုရားသခင်၏ သိမ်းပိုက်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတို့ကို ရရှိရန် ရှာဖွေကြသည်။ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် သူတို့၏စိတ်နှလုံးကို အသုံးပြုပြီး သူတို့အတွက် ဘုရားသခင်ပြင်ဆင်ပေးသည့်အရာများ သို့မဟုတ် ဖြစ်ပျက်သမျှသောအရာများ၊ လူတိုင်းနှင့် အခြေအနေတိုင်းကို ကျေးဇူးတင်တတ်ရန် သူတို့၏စိတ်နှလုံးကို အသုံးပြုကြသည်။ ထို့ပြင် သူတို့သည် စိတ်ရင်းအမှန်နှင့် ဆုတောင်းလျက် ရှာဖွေစူးစမ်းကြသည်။ သူတို့အလိုချင်ဆုံးအရာမှာ ဘုရားသခင်၏ အလိုတော်ကို သိရှိရန်နှင့် ဘုရားသခင်၏ စစ်မှန်သောစိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သိရှိရန်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘုရားသခင်ကို နောက်ထပ်တစ်ခါ မပြစ်မှားတော့ဘဲ သူတို့၏ အတွေ့အကြုံများအားဖြင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်း နှင့် သူ၏စစ်မှန်သည့်ဘက်ကို သာ၍မြင်တွေ့နိုင်ရန် ဖြစ်သည်။ စစ်မှန်သော ဘုရားသခင်သည် သူတို့၏စိတ်နှလုံး ထဲတွင် တည်ရှိရန်နှင့် ဘုရားသခင်သည် သူတို့၏စိတ်နှလုံးထဲ၌ နေရာတစ်နေရာ ရှိရန်လည်းဖြစ်ပြီး သူတို့သည် နောက်ထပ် တစ်ခါ စိတ်ကူးများ၊ အယူအဆများ သို့မဟုတ် ဖော်ပြရန် ခက်ခဲမှုတို့ထဲတွင် မကျင်လည်ကြတော့ရန် ဖြစ်သည်။ ဤလူများအတွက် သူတို့၌ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အနှစ်သာရတို့ကို နားလည်ဖို့ရန်ဟူသည့် အပူတပြင်းဆန္ဒ ရှိကြခြင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ တို့သည် လူသားမျိုးနွယ်တို့၏ အတွေ့အကြုံများထဲ၌ အချိန်မရွေး လိုအပ်လာနိုင်သော အရာများဖြစ်ပြီး သူတို့၏ အသက်တာတစ်လျှောက်တွင် အသက်ကို ထောက်ပံ့ပေးနိုင်သော အရာများဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်သောအခါ ဘုရားသခင်ကို သာ၍ ကောင်းမွန်စွာ ရိုသေလေးမြတ်နိုင်ကြမည်ဖြစ်ပြီး ဘုရားသခင်၏ အမှုတော်၌ သာ၍ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို သာ၍အရေးထားနိုင်၍ သူတို့၏ တာဝန်ကို မိမိတို့အစွမ်းရှိသမျှ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထားအပေါ် သူတို့၏ စိတ်နေသဘောထားနှင့်သက်ဆိုင်သည့် လူနှစ်မျိုးနှစ်စား ဖြစ်သည်။ ပထမလူစားမှာ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မလိုလားပေ။ ဘုရားသခင်၏စိတ်သဘောထားကို သူတို့နားလည်လိုသည်၊ ဘုရားသခင်ကိုယ်တော်တိုင်ကို သူတို့ သိရှိ လိုသည်၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို မြင်တွေ့လိုသည်၊ ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်လိုသည်ဟု သူတို့ပြောဆိုကြသော်လည်း အတွင်းထဲ တွင်မူ ဘုရားသခင်မတည်ရှိစေရန် ပိုမိုလိုလားကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဤသို့သောလူမျိုးတို့သည် ဘုရားသခင်ကို အဆက်မပြတ် နာခံခြင်းမရှိဘဲ ပုန်ကန်သူများဖြစ်ကာ သူတို့၏စိတ်နှလုံးထဲမှ နေရာအတွက် ဘုရားသခင်ကို တိုက်ခိုက် ကြကာ ဘုရားသခင်၏တည်ရှိခြင်းကို မကြာခဏ သံသယ ဝင်ခြင်း သို့မဟုတ် ငြင်းပင်ငြင်းပယ်ခြင်း တို့ကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏စိတ်သဘောထား သို့မဟုတ် စစ်မှန်သည့် ဘုရားသခင် ကိုယ်တော်တိုင်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ နေရာယူရန် အခွင့်မပေးလိုကြပေ။ သူတို့သည် မိမိတို့၏ လိုအင်ဆန္ဒများ၊ စိတ်ကူးများနှင့် ရည်ရွယ်ချက်များ ကိုသာ ဖြည့်ဆည်းလိုကြသည်။ သို့ဖြစ်၍ ဤသို့သော လူတို့သည် ဘုရားကို ယုံကောင်းယုံမည်။ ဘုရားသခင်နောက် လိုက်ကောင်း လိုက်မည်။ ထို့ပြင် ဘုရားသခင်အတွက် သူတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကောင်းစွန့်လွှတ်လိမ့်မည်ဖြစ်သော်လည်း သူတို့၏ ဆိုးယုတ်သောလမ်းစဉ်ကို အဆုံးမသတ်လိုကြပေ။ အခြားသူများသည် မိမိတို့၏ရာထူးများကိုအသုံးပြုပြီး ထပ်တလဲလဲ သူတို့ကိုယ်သူတို့ သက်သေခံကာ မိမိတို့၏ သြဇာအာဏာကို ချဲ့ကားပြီး လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်ကို ယှဉ်ပြိုင်နေစဉ်တွင် အချို့မှာ အလှူများကို ခိုးယူခြင်း သို့မဟုတ် ဖြုန်းတီးခြင်းပင်ပြုကြသည်၊ သို့တည်းမဟုတ် ဘုရားသခင်ကို တိတ်တဆိတ် ကျိန်ဆဲကြသည်။ သူတို့ကို လူများကိုးကွယ်လာစေရန် နည်းလမ်းအမျိုးမျိုးနှင့် စီမံချက်အမျိုးမျိုးကို အသုံးပြုကြသည်။ လူတို့ကို အစဉ်ဆက် မပြတ်သိမ်းသွင်းရန်နှင့် ထိန်းချူပ်ရန် အားထုတ်လျက် နေကြသည်။ လူအချို့သည် ဘုရားအဖြစ် ဆက်ဆံခြင်းခံရ စိမ့်သောငှာ မိမိတို့မှာ ဘုရားဖြစ်သည်ဟု ထင်မှတ်ကြစေရန် လူတို့ကိုရည်ရွယ်ချက်ရှိရှိ လှည့်စားကြသည်။ သူတို့သည် ဖျက်ဆီးခြင်းခံခဲ့ရဖူးကြောင်း၊ သူတို့သည်လည်း ပျက်စီးယိုယွင်း ပြီး မောက်မာသောသူများဖြစ်ကြောင်းကို မည်သည့်အခါမျှ ပြောမည်မဟုတ်ပေ၊ သူတို့ကို မကိုးကွယ်ဖို့လည်း ပြောမည် မဟုတ်သည့်အပြင် သူတို့မည်မျှကောင်းအောင်လုပ်သည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်သည့်အပြင် သူတို့လုပ်ဆောင်သင့်သည့်အရာလည်း ဖြစ်သည် ဟု ပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့် ထိုသူတို့သည် ထိုအရာများကို မပြောကြသနည်း။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို သူတို့ ကြောက်ရွံ့စိုးရိမ်သောကြောင့်ဖြစ်သည်။ ဤအကြောင်းကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို သဘောပေါက် နားလည်ရန် မည်သည့်အခါမျှ ကြိုးစားအားထုတ်မှုမရှိ သည်နှင့်အညီ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်၍ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းဖြစ်သည်။ ဘုရားသခင်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ သူတို့သည် ဘုရာသခင်ကို သိရှိနိုင်ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် “ဘုရားသခင်၏အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်” ဟူသောစကားလုံးတို့သည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း ၎င်းတို့၏အနက်အဓိပ္ပာယ်ကား လူတိုင်းအတွက် ခြားနားနိုင် သည်။ ဘုရားသခင်ကို မကြာခဏမနာခံသောသူ၊ ဘုရားသခင်ကို ဆန့်ကျင်သောသူနှင့် ဘုရားသခင်အပေါ် ရန်လိုသောသူအဖို့ ၎င်းသည် ပြစ်တင်ရှုတ်ချခြင်းဟု ဆိုလိုသည်။ သမ္မာတရား၏ စစ်မှန်မှုကို လိုက်စားသောသူ၊ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့တော်မှောက်သို့ မကြာခဏ လာသောသူအဖို့မူ ထိုသို့သော စကားများကို လွယ်ကူသကဲ့သို့ မှတ်ယူပေသည်။ ထို့ကြောင့် သင်တို့အထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏အမှုတော်အကြောင်း ပြောဆိုသည်ကို အချို့က ကြားသောအခါ သူတို့ခေါင်း စကိုက်လာပြီး သူတို့၏စိတ်နှလုံးသည် ဆန့်ကျင်မှုနှင့် ပြည့်နှက်လာကာ အလွန်ပင် မနေတတ်မထိုင်တတ်ဖြစ်လာကြသည်။ သို့သော် သင်တို့အထဲ၌ ဤသို့တွေးသော အခြားသူများရှိသည်၊ ဤအကြောင်းအရာသည် ငါအမှန်တကယ်လိုအပ်သော အကြောင်းအရာဖြစ်သည်၊ အကြောင်းမှာ ဤအကြောင်းအရာ သည် ငါ့အဖို့ အလွန်အကျိုးကျေးဇူးရှိသည်။ ၎င်းသည် ငါ့ဘဝအတွေ့အကြုံ၌ လစ်ဟာ၍မရနိုင်သည့်အပိုင်းဖြစ်ပြီး အထူးအခရာကျကာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်လျက် လူသားများက မစွန့်လွှတ်နိုင်သည့် အရာဖြစ်သည်။ သင်တို့အားလုံးအတွက် ဤအကြောင်းအရာ သည် နီးသည်ဟု ထင်ရသလို ဝေးသည်ဟုလည်း ထင်ကောင်းထင်နိုင်သည်။ မသိသော်လည်း ရင်းနှီးသည်ဟု ထင်ကောင်း ထင်နိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤအကြောင်းအရာသည် ဤနေရာ၌ လူတိုင်းက နားထောင် ရမည့်အရာ၊ သိရှိကာ သဘောပေါက်နားလည် ရမည့်အရာ ဖြစ်သည်။ ဤအကြောင်းအရာကို သင်မည်သို့ ကိုင်တွယ်သည်ဖြစ်စေ၊ မည်သို့မြင်သည်ဖြစ်စေ သို့မဟုတ် သင်မည်သို့ လက်ခံသည်ဖြစ်စေ ဤအကြောင်းအရာ၏ အရေးပါမှုကို လျစ်လျူရှု၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။