ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၅

06.03.2021

ဘုရားသခင်သည် အာဒံနှင့် ဧဝအတွက် သားရေဝတ်လုံကို လုပ်ပေး၏

ကမ္ဘာဦးကျမ်း ၃:၂၀-၂၁ သူသည် အသက်ရှင်သောသူ အပေါင်းတို့၏အမိဖြစ်သောကြောင့် အာဒံက သူ့ဇနီး၏အမည်ကို ဧဝဟု ခေါ်လေသည်။ ထို့အပြင် အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။

“အာဒံနှင့် သူ၏ဇနီးတို့အတွက် ယေဟောဝါ ဘုရားသခင်သည် သားရေဖြင့် အင်္ကျီကို ပြုလုပ်ပြီးလျှင် သူတို့ကို ဝတ်စေခဲ့သည်။” ဟူသည့် ဤရုပ်လွှာတွင် အာဒံနှင့်ဧဝတို့နှင့် အတူရှိနေစဉ်၌ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမျိုးမှာ ပါဝင်လှုပ်ရှားသနည်း။ လူသားနှစ်ဦးသာရှိသည့် ကမ္ဘာတွင် ဘုရားသခင်က မည်သည့်အခန်းကဏ္ဍတွင် ပေါ်ထွန်းလာသနည်း။ ဘုရားသခင်၏ အခန်းကဏ္ဍလော။ ဟောင်ကောင်မှ ညီအစ်ကိုမောင်နှမများ ကျေးဇူးပြု၍ ဖြေကြပါ။ (မိဘတစ်ဦး၏ အခန်းကဏ္ဍတွင်ဖြစ်ပါသည်။) တောင်ကိုရီးယားမှ ညီအစ်ကို မောင်နှမတို့၊ ဘုရားသခင်သည် မည်သည့်အခန်းကဏ္ဍမှ ပေါ်ထွန်းသည်ဟု သင်တို့ထင်သနည်း။ (မိသားစု၏ ဦးစီးအခန်းကဏ္ဍမှ ဖြစ်ပါသည်။) ထိုင်ဝမ်မှ ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သို့ထင်သနည်း။ (အာဒံနှင့်ဧဝတို့၏ မိသားစုထဲရှိ သူတစ်ယောက်၏ အခန်းကဏ္ဍ၊ မိသားစုဝင် တစ်ယောက်၏အခန်းကဏ္ဍမှ ဖြစ်ပါသည်။) သင်တို့ထဲမှ အချို့က ဘုရားသခင်သည် အာဒံနှင့်ဧဝ၏ မိသားစုဝင်အဖြစ် ပေါ်ထွန်းသည်ဟုထင်ပြီး အချို့က ဘုရားသခင်သည် မိသားစု၏ ဦးစီးအနေနှင့် ပေါ်ထွန်းသည်ဟု ဆိုကြကာ အချို့က မိဘအနေနှင့်ဟု ပြောသည်။ ဤအချက်အားလုံးသည် အင်မတန်မှ ဆီလျော်လှသည်။ သို့ရာတွင် ငါဆိုလိုချင်သည်မှာ အဘယ်အရာနည်း။ ဘုရားသခင်သည် ဤလူနှစ်ဦးကို ဖန်ဆင်းခဲ့ပြီး သူ၏အဖော်များအဖြစ် ဆက်ဆံခဲ့သည်။ သူတို့၏ တစ်ခုတည်းသော မိသားစုအနေနှင့် ဘုရားသခင်သည် သူတို့ရှင်သန်နေထိုင်နိုင်ဖို့အတွက် ကြည့်ရှုစောင့်ရှောက်ပြီး သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဤနေရာတွင် ဘုရားသခင်က အာဒံနှင့်ဧဝ၏ မိဘအနေနှင့် ပေါ်ထွန်းသည်။ ဘုရားသခင်က ဤသို့ပြုနေသည့်အခါတွင် ဘုရားသခင် မည်မျှမြင့်မြတ်သည်ကို လူသားက မမြင်ပေ။ ဘုရားသခင်၏ ကြီးမြတ်သည့်သာလွန်မှု၊ သူ၏လျှို့ဝှက်နက်နဲမှုနှင့် အထူးသဖြင့် သူ၏အမျက်ဒေါသ သို့မဟုတ် ဘုန်းအာနုဘော်တို့ကို မမြင်ပေ။ ဘုရားသခင်၏ နှိမ့်ချမှု၊ သူ၏ချစ်ခင်မှု၊ လူသားအတွက် သူ၏သောကနှင့် လူသားအပေါ် သူ၏တာဝန်နှင့် ဂရုစိုက်မှုတို့ကိုသာ လူက မြင်သည်။ အာဒံနှင့် ဧဝတို့ကို ဘုရားသခင် ဆက်ဆံသည့်နည်းလမ်းနှင့် သဘောထားသည် လူသား မိဘများက သူတို့သားသမီးအပေါ် ပူပန်မှုကို ပြသပုံနှင့် ဆင်တူသည်။ ဤသည်မှာ လူသားမိဘများသည် သူတို့၏ကိုယ်ပိုင် သားများနှင့် သမီးများကို ချစ်သည့်၊ ကြည့်ရှုစောင့်ရှောက်သည့်၊ ဂရုစိုက်သည့်ပုံစံနှင့်လည်း ဆင်တူသည်။ စစ်မှန်၍ မြင်နိုင်ကာ လက်ဆုပ်လက်ကိုင်ပြနိုင်၏။ သူ့ကိုယ်သူ မြင့်မားပြီးအစွမ်းထက်သည့် နေရာတွင် ထားမည့်အစား ဘုရားသခင်သည် လူသားအတွက် အဝတ်ပြုလုပ်ရန် သားရေကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုခဲ့သည်။ ဤသားရေဝတ်လုံက သူတို့၏ အရှက်ကိုကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် အအေးဒဏ်မှ သူတို့ကို ကာကွယ်ဖို့ အသုံးပြုသည်ဖြစ်စေ အရေးမကြီးပေ။ အတိုပြောရလျှင် လူ့ကိုယ်ခန္ဓာကို ခြုံဖို့အသုံးပြုသည့် ဤအဝတ်အစားသည် ဘုရားသခင် ကိုယ်တိုင် သူ၏လက်နှင့်လုပ်ထားခြင်းဖြစ်သည်။ လူများ စိတ်ကူးထင်မြင်သကဲ့သို့ အတွေးနှင့် သို့မဟုတ် ထူးဆန်းသည့် နည်းလမ်းများနှင့် ဖန်ဆင်းလိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်သည် လူများက ဘုရားသခင်အနေဖြင့် မလုပ်နိုင်သည့်အရာ၊ မလုပ်သင့်သည့်အရာဟု ထင်ထားသည့်အရာတစ်ခုကို အမှန်တကယ် လုပ်ခဲ့သည်။ ဤသည်မှာ ပြောရန်ပင် မထိုက်ဟု အချို့က ထင်ကောင်းထင်နိုင်သည့် ရိုးရှင်းသောအရာ ဖြစ်နိုင်သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်နောက်လိုက်သော်လည်း ယခင်က ဘုရားသခင်နှင့်ပတ်သက်ပြီး မပြတ်သားသည့် ယူဆချက်များနှင့်ပြည့်နေသူများ အားလုံးကို သူ၏စစ်မှန်ခြင်းနှင့် ချစ်ခင်ဖွယ်ကောင်းခြင်းနှင့်ပတ်သက်၍ ထိုးထွင်းအမြင် ရစေသည့်အပြင်၊ သူ၏ သစ္စာရှိပြီး နှိမ့်ချသောသဘောကိုလည်း တွေ့မြင်စေသည်။ မိမိတို့ကိုယ်မိမိ မြင့်မားပြီး အစွမ်းရှိသည်ဟု ထင်နေကြသည့် သည်းမခံနိုင်လောက်အောင် မာနထောင်လွှားသည့် လူများကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းတို့ရှေ့၌ အရှက်ရလျက် သူတို့၏ထောင်လွှားသော ခေါင်းများကို ကိုင်းညွတ်စေသည်။ ဤနေရာတွင်၊ ဘုရားသခင်သည် မည်မျှချစ်ဖွယ်ဖြစ်သည်ကို ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် နှိမ့်ချခြင်းက လူတို့ကို ပိုပြီးမြင်စေသည်။ ဆန့်ကျင်ဖက်အနေနှင့် လူသားများ၏နှလုံးသားထဲတွင်ရှိသည့် အလွန့်အလွန် ကြီးမားသည့် ဘုရားသခင်၊ ချစ်ဖွယ်ကောင်းသည့် ဘုရားသခင်နှင့် အနန္တတန်ခိုးကြီးသည့် ဘုရားသခင်သည် အလွန်သေးငယ်ကာ စိတ်ဝင်စားဖွယ်ရာမကောင်းဖြစ်ပြီး ထိုးနှက်မှု တစ်ချက်ကိုပင် မခံရပ်နိုင်ပေ။ သင့်အနေဖြင့် ဤကျမ်းပိုဒ်ကို မြင်ပြီး ဤအဖြစ်အပျက်ကို ကြားသည့်အခါ ဘုရားသခင်သည် ဤအရာမျိုးကိုလုပ်သည့်အတွက် သူ့ကို သင်အထင်သေးသလော။ အချို့လူများက အထင်သေးကောင်း အထင်သေးနိုင်သည်။ သို့ရာတွင် အခြားလူများအတွက်မူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်ပြီး ချစ်ဖွယ်ဖြစ်သည်ဟု သူတို့ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး၊ သူတို့ကို တို့ထိသည်မှာ ဘုရားသခင်၏စစ်မှန်မှုနှင့် ချစ်ဖွယ်ကောင်းမှုပင် အတိအကျဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သောဘက်ကို သူတို့မြင်လေလေ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ အမှန်တကယ်တည်ရှိမှု၊ သူတို့နှလုံးသားထဲတွင် ဘုရားသခင်၏အရေးကြီးမှုနှင့် အချိန်တိုင်း၌ ဘုရားသခင်သည် သူတို့အနားမှာ ရှိနေပုံတို့ကို သူတို့ နားလည်လေလေဖြစ်သည်။

ဤနေရာတွင် ငါတို့၏ဆွေးနွေးမှုကို လက်ရှိအချိန်နှင့် ဆက်သွယ်သင့်သည်။ အစအဦး၌ သူဖန်ဆင်းခဲ့သည့် လူသားများအတွက် အမျိုးမျိုးသော ဤအသေးအဖွဲအရာလေးများ၊ အချို့လူများအနေဖြင့် မတွေးဝံ့သည့် သို့မဟုတ် မမျှော်လင့်ဝံ့သည့် အရာများကိုပင် ဘုရားသခင်သည် လုပ်ပေးနိုင်လျှင်၊ ယနေ့ခေတ်လူများအတွက် ဤသို့သောအရာမျိုးကို ဘုရားသခင် လုပ်ပေးနိုင်သလော။ အချို့လူများက “လုပ်နိုင်သည်” ဟုပြောကြမည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အနှစ်သာရသည် အတုမဟုတ်၍ဖြစ်သည်၊ သူ၏ချစ်ဖွယ်ကောင်းခြင်းက အတုမဟုတ်၍ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် အမှန်တကယ်တည်ရှိပြီး အခြားလူများ ဖြည့်စွက်ထားသည့်အရာ တစ်ခု မဟုတ်ဘဲ အချိန်၊ နေရာနှင့် ခေတ်ကာလများ ပြောင်းလဲမှုနှင့်အညီ ပြောင်းလဲသည့် အရာတစ်ခု လုံးဝမဟုတ်ပေ။ မထူးခြားသည့်အရာနှင့် အရေးမပါသည့်အရာဟု လူများထင်ကြသည့် အရာတစ်ခု၊ သေးငယ်လွန်းသဖြင့် ဘုရားသခင်မည်သည့်အခါမျှ ပြုလုပ်မည်ဟု လူတို့ထင်ပင် ထင်မထားသည့် အရာတစ်ခုကို ပြုလုပ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏စစ်မှန်ခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို အမှန်တကယ် ထင်ရှားပေါ်လွင် စေနိုင်သည်။ ဘုရားသခင်သည် ဟန်ပန်မများပေ။ သူ၏စိတ်သဘောထားနှင့် အနှစ်သာရမှာ ချဲ့ကားခြင်း၊ ဟန်ဆောင်ခြင်း၊ မာန သို့မဟုတ် ထောင်လွှားခြင်းတို့ မပါဝင်ပေ။ သူသည် မည်သည့်အခါမျှ မကြွားဝါဘဲ ကြွားဝါမည့်အစား၊ သစ္စာရှိခြင်း၊ စိတ်ရင်းအမှန်တို့ဖြင့် သူဖန်ဆင်းခဲ့သည့် လူသားများကို ချစ်ခင်၍ စိုးရိမ်ပူပန်မှုပြကာ စောင့်ရှောက်ပြီး ဦးဆောင်လမ်းပြသည်။ လူများက ထိုအရာ၏မည်မျှကိုသာ နားလည်နိုင်သည်ဖြစ်စေ၊ ခံစားနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မြင်နိုင်သည်ဖြစ်စေ၊ ဘုရားသခင်က ဤအရာများကို တကယ်ပင် လုပ်နေသည်။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရရှိသည်ကို သိခြင်းက သူ့အပေါ်ထားသည့် လူသားများ၏ ချစ်ခြင်းမေတ္တာ အပေါ် သက်ရောက်မှု ရှိနိုင်သလော။ ဘုရားသခင်အား သူတို့ကြောက်ရွံ့ခြင်းကို လွှမ်းမိုးသွားမည်လော။ သင်သည် ဘုရားသခင်၏ပုံစံအစစ်ကို နားလည်သောအခါ သူ့ထံသို့ သာ၍တိုးဝင်ချဉ်းကပ်ပြီး လူသားများပေါ်တွင်ထားသည့် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကို သာ၍စစ်မှန်စွာ နားလည်နိုင်မည်ဟု ငါမျှော်လင့်သည်။ တစ်ချိန်တည်းမှာပင် သင့်နှလုံးသားကို ဘုရားသခင်အား ပေးအပ်ပြီး သူ့အပေါ်တွင် ယုံမှားသံသယများ မရှိတော့ဖို့ ငါမျှော်လင့်သည်။ ဘုရားသခင်သည် လူသားအတွက် အရာအားလုံးကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ အားလုံးကို သူ၏စိတ်ရင်းအမှန်၊ သစ္စာရှိမှု၊ ချစ်ခြင်းမေတ္တာတို့နှင့် တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည်။ သို့သော် ဘုရားသခင်သည် သူလုပ်သည့် အရာများအားလုံးအပေါ်တွင် ပူပန်ကြောင့်ကြခြင်း သို့မဟုတ် နောင်တရခြင်းတို့ မည်သည့်အခါမျှ မရှိသကဲ့သို့ သူ့ကို တစ်နည်းနည်းနှင့်ပြန်ပေးဆပ်ဖို့ မည်သူ့ကိုမျှ မည်သည့်အခါမျှ မလိုအပ်ခဲ့ပေ သို့မဟုတ် လူသားမျိုးနွယ်ထံမှ တစ်စုံတစ်ခုရဖို့ ရည်ရွယ်ချက်များလည်း မရှိခဲ့ပေ။ သူလုပ်ခဲ့သည့်အရာများ အားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏ စစ်မှန်သည့် သစ္စာနှင့် ချစ်ခြင်းမေတ္တာကို သူလက်ခံရရှိနိုင်ရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။