ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၃၈

01.03.2021

နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်ထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အကယ်စင်စစ် ခံစားရခြင်း မရှိပေ

ဖန်ဆင်းသည့် အချိန်မှစ၍ ယနေ့တိုင်အောင် မည်သည့်အုပ်စုမျှ ယခု နောက်ဆုံးသော အုပ်စုကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာခံစားခဲ့ရခြင်း မရှိဟု ဆိုနိုင်ပါသည်။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးစီး၍ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဖြင့် လုပ်ဆောင်ပြီးစီးခဲ့သော်လည်း ဘုရားသခင်သည် သူ၏အမှု ပြီးမြောက်စေရန် နှုတ်ကပတ်တော်များကိုသာ အများအားဖြင့် အသုံးပြုခြင်း ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို အသုံးပြု၍ သွန်သင်ခြင်းနှင့် ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းတို့ကို ပြုသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ပြင်းသော စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရသည်မှလွဲ၍ အနည်းငယ်သော လူများသည် သူ၏အမျက်ကို ကိုယ်တိုင် ခံစားခဲ့ရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ဘုရားသခင် ပြုနေစဉ်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် ပြစ်မှားမှု သည်းမခံခြင်းတို့ကို ခံစားစေသော်လည်း ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များထက် ကျော်လွန်ခြင်း မရှိပေ။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးပြု၍ လူကို ပြစ်တင်ခြင်း၊ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူကို ပြစ်တင်ဝေဖန်ခြင်းပင် ပြုသော်လည်း ဘုရားသခင်သည် လူအပေါ် အပြင်းအထန် အမျက်ထွက်ခြင်း မရှိသေးသည့်အပြင် သူ၏ နှုတ်ကပတ်တော်များမှအပ လူအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤ ခေတ်ကာလ၌ လူခံစားရသော ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး လူခံစားရသော ဘုရားသခင်၏ အမျက်တော်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ ဤသက်ရောက်မှုကို လူများစွာတို့က စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် ဘုရားသခင်၏ အမျက်အကြောင်း စစ်မှန်စွာ သိခြင်းအဖြစ် တလွဲယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုတို့က ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို မြင်ခဲ့ဖူးကြောင်း၊ လူ၏ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ခဲ့ဖူးကြောင်း ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းကို ကျေးဇူးပင်တင်လာခဲ့ကြသည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ မကောင်းပါစေ၊ သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဘုရားသခင်သည် အစဉ်သည်းခံမူခဲ့သည်။ သည်းခံမူရာ၌ သူ၏ရည်မှန်းချက်မှာ သူပြောခဲ့သော နှုတ်ကပတ်တော်များ၊ သူစိုက်ထုတ်ခဲ့သော လုံ့လများနှင့် သူပေးခဲ့သော အဖိုးအခများသည် သူရလိုသော သူများထဲ၌ သက်ရောက်မှု တစ်ခုရှိစေရန် စောင့်ဆိုင်းခြင်းဖြစ်သည်။ ဤကဲ့သို့သော ရလဒ်တစ်ခုကို စောင့်ဆိုင်းခြင်းမှာ အချိန်ကြာမြင့်ပြီး လူအတွက် မတူညီသော ပတ်ဝန်းကျင်များကို ဖန်ဆင်းပေးရန် လိုအပ်သည်၊ လူတို့သည် ၎င်းတို့ မွေးမွေးချင်း အရွယ်ရောက်လူကြီးများ မဖြစ်ကြသည့် နည်းအတိုင်းပင် ဖြစ်သည်၊ အရွယ်ရောက်ရန် တစ်ဆယ့်ရှစ် သို့မဟုတ် တစ်ဆယ့်ကိုးနှစ်ကြာပြီး လူအချို့တို့သည် အမှန်တကယ် အရွယ်ရောက်သောလူကြီး တစ်ဦးအဖြစ် ၎င်းတို့ မရင့်ကျက်မီ အနှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ် အချိန်ကိုပင် လိုအပ်ကြသည်။ ဘုရားသခင်သည် ဤလုပ်ငန်းစဉ် ပြီးစီးရန်၊ ယင်းကဲ့သို့သော အချိန်တစ်ချိန် ရောက်လာရန်နှင့် ဤရလဒ် ရောက်ရှိလာရန် စောင့်ဆိုင်းသည်။ ထို့အပြင် ဘုရားသခင်သည် သူစောင့်ဆိုင်းသည့် အချိန်တစ်လျှောက်တွင် သနားခြင်းကရုဏာ ကြွယ်ဝပေသည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ကာလအတောအတွင်း အရေအတွက် နည်းလွန်းသော လူများသည် ဒဏ်ခတ်ခြင်းကို ခံရပြီး အချို့တို့သည် ဘုရားသခင်ကို ၎င်းတို့ အလွန်တရာ ဆန့်ကျင်ကြခြင်းကြောင့် ပြစ်ဒဏ်ခတ်ခံရကြသည်။ ယင်းဥပမာများသည် လူ၏ပြစ်မှားခြင်းကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထား၏ ပို၍ပင် ကြီးမားသော သက်သေဖြစ်ပြီး ရွေးချယ်ထားသောသူများအပေါ် ဘုရားသခင်၏ သည်းခံမူခြင်းနှင့် ခံနိုင်ရည်သည် အမှန်ပင် တည်ရှိကြောင်းကို အပြည့်အဝ အတည်ပြုခြင်း ဖြစ်သည်။ ဤဖြစ်ရိုးဖြစ်စဉ် ဥပမာများတွင် ဤလူများထဲ၌ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြသခြင်းမှာ ဘုရားသခင်၏ ယေဘုယျ စီမံခန့်ခွဲမှု အစီအစဉ်ကို ထိခိုက်စေခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အမှန်အားဖြင့် ဤနောက်ဆုံးသော အဆင့်ဖြစ်သည့် ဘုရားသခင်၏အမှုတော်တွင် ဘုရားသခင်သည် သူစောင့်ဆိုင်းနေခဲ့သော ကာလတစ်လျှောက်လုံး သည်းခံမူခဲ့ပြီး သူ့နောက် လိုက်သောသူများအား ကယ်တင်ခြင်းကို သူ၏ သည်းခံနိုင်ရည်နှင့် သူ၏ အသက်ဖြင့် သူအလဲအလှယ်ပြုခဲ့ခြင်း ဖြစ်သည်။ ဤအရာကို သင်တို့ မြင်သလော။ ဘုရားသခင်သည် သူ၏ အစီအစဉ်ကို အကြောင်းရင်း မရှိဘဲ ကမောက်ကမ ဖြစ်စေမည် မဟုတ်ပေ။ သူသည် သူ၏အမျက်ကို ထုတ်လွှတ်နိုင်ပြီး သူသည် သနားခြင်းကရုဏာဖြင့်လည်း ပြည့်စုံနိုင်ပေသည်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိက အပိုင်းနှစ်ပိုင်းကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သည်။ ဤအရာ သို့မဟုတ် ၎င်းမှာ အလွန် မရှင်းလင်းသလော။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်နှင့် ပတ်သက်လာပါက အမှန် အမှား၊ တရားမျှတခြင်းနှင့် မတရားခြင်း၊ အကောင်းနှင့် အဆိုးစသဖြင့် အားလုံးကို လူတို့အား ရှင်းရှင်းလင်းလင်း ပြခဲ့ပြီး ဖြစ်သည်။ မည်သည့် အမှုကို သူပြုမည်၊ မည်သည့်အရာကို သူကြိုက်သည်၊ မုန်းသည်စသဖြင့် ဤအရာ အားလုံးသည် သူ၏စိတ်သဘောထားထဲတွင် တိုက်ရိုက် ထင်ဟပ်နိုင်ပါသည်။ ယင်းအရာများကို ဘုရားသခင်၏ အမှုတော်ထဲတွင်လည်း သိသာထင်ရှားစွာနှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာ မရေရာခြင်း သို့မဟုတ် ယေဘုယျဖြစ်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူအပေါင်းတို့အား တိတိကျကျ၊ မှန်မှန်ကန်ကန်နှင့် လက်တွေ့ကျကျ ရှုမြင်စေပါသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။