ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၃

28.10.2021

ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံလော့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်အား ရယူခွင့်ပေးလော့

လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏အလိုနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို- စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို- ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ “ပူးပေါင်းဆောင်ရွက်မှု” ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို “စစ်ဆေး” ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို ကျိုးနွံနာခံပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အညံ့ခံကာ ကျိုးနွံနာခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။

နောင်မျိုးဆက်များကို ယောဘ၏ သက်သေခံချက်က ပေးသည့် သတိပေးချက်နှင့် အသိဉာဏ်ပွင့်လင်းခြင်း

ဘုရားသခင်က တစ်စုံတစ်ဦးကို လုံးလုံးလျားလျား ရယူသော ဖြစ်စဉ်ကို နားလည်သည်နှင့် တစ်ချိန်တည်းတွင်၊ ယောဘကို စာတန်ထံ ဘုရားသခင် အပ်နှံခြင်း၏ ရည်မှန်းချက်များနှင့် အဓိပ္ပာယ်ကို လူတို့ နားလည်ကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ယောဘ၏ ညှဉ်းဆဲမှုအားဖြင့် စိတ်အနှောင့်အယှက် မဖြစ်ကြတော့ သကဲ့သို့၊ ယင်း၏အဓိပ္ပာယ်နှင့်သက်ဆိုင်သည့် အသစ်သော နားလည်မှုတစ်ခု ရှိကြလေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ယောဘကဲ့သို့ အလားတူ စုံစမ်းနှောင့်ယှက်ခြင်းကို ခံရမည်၊ မခံရမည်ကို မစိုးရိမ်ကြတော့သကဲ့သို့၊ ဘုရားသခင်၏ စမ်းသပ်မှုများ ရောက်လာခြင်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုကြတော့ပေ။ စာတန်ကို အောင်မြင်ခြင်းအဖို့ ယောဘ၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် သူ၏သက်သေခံချက်တို့သည် လူတို့အဖို့ ကြီးမားသော အထောက်အကူနှင့် အားပေးတိုက်တွန်းမှု အရင်းအမြစ်တစ်ခု ဖြစ်ပြီးဖြစ်သည်။ ယောဘထဲ၌ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ကိုမြင်ကြပြီး ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမှတစ်ဆင့် စာတန်ကို အနိုင်ယူရန်၊ စာတန်ကို အောင်နိုင်ရန် လုံးဝ ဖြစ်နိုင်သည်ကို မြင်ကြရသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ သဘောတူသရွေ့၊ ပြီးလျှင် အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်ကို မစွန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်းတို့ ၎င်းတို့ ပိုင်ဆိုင်သရွေ့၊ ၎င်းတို့သည် စာတန်အပေါ် အရှက်ရစေပြီး ရှုံးနိမ့်မှု ယူဆောင်နိုင်သည်ကို မြင်ကြပြီး ၎င်းတို့သည် စာတန်အနေဖြင့် ကြောက်လန့်ပြီး အလောတကြီးဆုတ်ခွာစေရန်အတွက်- ၎င်းတို့၏ အသက်များ ဆုံးရှုံးရမည်ဆိုလျှင်ပင်- ၎င်းတို့၏ သက်သေခံချက်ထဲတွင် မြဲမြံစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ချက်နှင့် လုံ့လဝီရိယရှိရန်သာ လိုအပ်သည်ကို မြင်ကြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များအဖို့ သတိပေးချက်တစ်ခု ဖြစ်ပြီး ဤသတိပေးချက်က အကယ်၍ ၎င်းတို့သည် စာတန်ကို အနိုင်မယူပါက၊ စာတန်၏ စွပ်စွဲချက်များနှင့် နှောင့်ယှက်မှုများမှ မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်သကဲ့သို့၊ စာတန်၏ နှိပ်စက်မှုနှင့် တိုက်ခိုက်ခြင်းများမှ မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို ၎င်းတို့အား ပြောပြလေသည်။ ယောဘ၏ သက်သေခံချက်သည် နောင်မျိုးဆက်များကို အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်သည်။ ဤဉာဏ်အလင်းက လူတို့အား အကယ်၍ ၎င်းတို့သည် စုံလင်ကာ ဖြောင့်မတ်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည် ဖြစ်သည်ကို သွန်သင်သည်။ ယင်းက ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်မှသာလျှင် ဘုရားသခင်အား ခိုင်မာပြီး ထူးကဲသော သက်သေခံချက်အား ခံနိုင်မည်၊ ဘုရားသခင်ထံ ခိုင်မာပြီး ထူးကဲသော သက်သေခံချက်ကို ခံနိုင်မှသာလျှင်၊ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းကို မည်သည့်အခါမျှ မခံရဘဲ၊ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုအောက်တွင် အသက်ရှင်နိုင်သည်- ထိုအခါမှသာ ၎င်းတို့သည် အမှန်တကယ် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်ကို သွန်သင်ပေးလေသည်။ ယောဘ၏ ပင်ကိုစရိုက်နှင့် သူ၏ အသက်တာ၏ လိုက်စားမှုတို့ကို ကယ်တင်ခြင်းကို လိုက်စားသောသူ အယောက်တိုင်းက အတုယူသင့်ပေသည်။ သူ၏ အသက်တာတစ်ခုလုံးတစ်လျှောက် အသက်ရှင်နေထိုင်ခဲ့သည့်အရာနှင့် သူ၏စမ်းသပ်မှုများအတောအတွင်း သူ၏ အပြုအမူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်စားသောသူ အားလုံးအဖို့ အဖိုးထိုက်သော ရတနာတစ်ပါး ဖြစ်ပေသည်။

ယောဘ၏ သက်သေခံချက်သည် ဘုရားသခင်ကို စိတ်ချမ်းသာစေသည်

ယောဘသည် နှစ်လိုဖွယ်ကောင်းသော လူတစ်ဦး ဖြစ်သည်ဟု သင်တို့အား ယခု ငါပြောပါက၊ သင်တို့သည် ဤစကားများအတွင်းရှိ အနက်အဓိပ္ပာယ်ကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်သကဲ့သို့၊ ဤအရာအားလုံးကို ငါပြောရသည့် အကြောင်းရင်း နောက်ကွယ်က ခံစားချက်ကို သဘောပေါက်ကောင်း သဘောပေါက်နိုင်မည်မဟုတ်ပေ။ သို့သော် ယောဘ၏ စမ်းသပ်မှုများနှင့် တူညီသော သို့မဟုတ် ဆင်တူသော စမ်းသပ်မှုများကို သင်တို့ခံဖူးသည့် နေ့ရက်၊ အတိဒုက္ခကို သင်တို့ ဖြတ်သန်းဖူးသည့် နေ့ရက်၊ သင်တို့အတွက် ဘုရားသခင် ကိုယ်တိုင်ကိုယ်ကျ စီစဉ်ထားသော စမ်းသပ်မှုများကို သင်တို့ တွေ့ကြုံဖူးသည့် နေ့ရက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအလယ်တွင် စာတန်ကို အောင်နိုင်ရန်နှင့် ဘုရားသခင်ကို သက်သေခံရန်အလို့ငှာ သင်၌ရှိသမျှကို ပေးပြီး အရှက်ရခြင်းနှင့် အခက်အခဲကို သည်းခံသည့် နေ့ရက်အထိ စောင့်ဆိုင်းကြလော့- ထိုအခါ သင်တို့သည် ငါပြောသော ဤစကားများ၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြလိမ့်မည်။ ထိုအချိန်တွင် သင်သည် ယောဘထက် အလွန်နိမ့်ကျကြောင်း၊ ယောဘသည် မည်မျှ နှစ်လိုဖွယ်ကောင်းပြီး၊ သူသည် အတုယူထိုက်ကြောင်းကို သင် ခံစားမိလိမ့်မည်။ ထိုအချိန် ရောက်လာသောအခါတွင်၊ သင်သည် ယောဘပြောခဲ့သည့် ထိုဂန္တဝင်စကားများမှာ ဖောက်ပြန်ပျက်စီးပြီး ဤခေတ်ကာလများ၌ အသက်ရှင်သောသူတစ်ဦးအတွက် မည်မျှ အရေးကြီးသည်ကို သင် နားလည်လိမ့်မည်ဖြစ်ပြီး၊ ယောဘ စွမ်းဆောင်ရရှိခဲ့သောအရာကို ယနေ့လူများ စွမ်းဆောင်ရရှိရန် မည်မျှ ခက်ခဲသည်ကို သင် နားလည်လိမ့်မည် ဖြစ်သည်။ ခက်ခဲသည်ဟု သင်ခံစားရချိန်တွင်၊ ဘုရားသခင်၏ စိတ်နှလုံးမှာ မည်မျှ ပူပန်ကာ စိုးရိမ်သည်ကို သင်နားလည်လိမ့်မည်၊ ထိုသို့သော လူများကို ရယူခြင်းအတွက် ဘုရားသခင် ပေးခဲ့သော အဖိုးအခ မည်မျှ မြင့်မားပြီး လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုခဲ့ပြီး အသုံးပြုခဲ့သည့်အရာ မည်မျှ အဖိုးထိုက်သည်ကို သင်နားလည်လိမ့်မည် ဖြစ်သည်။ ယခုအခါ သင်တို့သည် ဤစကားများကို ကြားခဲ့ပြီးဖြစ်သောကြောင့်၊ ယောဘအပေါ် တိကျမှန်ကန်သည့် သိနားလည်မှုနှင့် မှန်သော အကဲဖြတ်ချက်တစ်ခု သင်တို့ ရှိကြသလော။ သင်တို့၏ အမြင်တွင် ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သော အမှန်တကယ် စုံလင်ကာ ဖြောင့်မတ်သည့်လူတစ်ဦး ဖြစ်ခဲ့သလော။ လူအများစုက ဖြစ်ခဲ့သည်ဟူ၍ သေချာပေါက်ပြောကြလိမ့်မည်ဟု ငါယုံကြည်သည်။ အကြောင်းမှာ ယောဘ လုပ်ဆောင်ခဲ့ပြီး ထုတ်ဖော်ပြခဲ့သေ အချက်များမှာ မည်သည့် လူကမျှ သို့မဟုတ် စာတန်အနေဖြင့် မငြင်းနိုင်သောကြောင့် ဖြစ်သည်။ ထိုအရာများသည် စာတန်အပေါ် ယောဘ၏ အောင်နိုင်ခြင်းနှင့်သက်ဆိုင်သည့် အားအကောင်းဆုံးသော သက်သေဖြစ်သည်။ ဤသက်သေသည် ယောဘထဲတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင် ရရှိသည့် ပထမဦးဆုံး သက်သေခံချက် ဖြစ်ခဲ့သည်။ ထို့ကြောင့် စာတန်၏ စုံစမ်းနှောင့်ယှက်မှုများတွင် ယောဘအောင်နိုင်ပြီး ဘုရားသခင်ထံ သက်သေခံခဲ့ချိန်တွင်၊ ဘုရားသခင်သည် ယောဘထဲ၌ မျှော်လင့်ချက်ကို မြင်ခဲ့ပြီး သူ၏စိတ်နှလုံးသည် ယောဘအားဖြင့် သက်သာရာ ရခဲ့သည်။ ဖန်ဆင်းမှုအချိန်ကတည်းမှစ၍ ယောဘ၏ အချိန်ကာလအထိ၊ ဤသည်မှာ ဘုရားသခင်က ကိုယ်စိတ်ချမ်းသာခြင်းမှာ အဘယ်အရာ ဖြစ်ပြီး၊ လူသားအားဖြင့် နှစ်သိမ့်မှု ရရှိခြင်းမှာ မည်သည့်အရာဆိုလိုသည်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ယင်းသည် သူ့အတွက် ခံခဲ့သည့် စစ်မှန်သော သက်သေခံချက်ကို သူမြင်ဖူးခဲ့ပြီး ရရှိခဲ့ဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ခဲ့ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။