ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၆

17.02.2021

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင် “ဗိမာန်တော်” ဆိုသည်မှာ ကြီးကျယ်ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ဆိုလိုပြီး ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်သည်။ သခင်ယေရှုက “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏” ဟူ၍ပြောသောအခါတွင် “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ရှင်းပါသည်။ “အရာ” ဆိုသည်မှာ ဇာတိခန္ဓာထဲမှ သခင်ယေရှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့်ဖြစ်သည်။ ဤစကားလုံးတို့က လူတို့ကို မည်သို့ပြောပြနေသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောနေသည်။ ဘုရားသခင်က ထွက်နှင့်ပြီးဖြစ်ပြီး ထိုအထဲတွင် အလုပ်မလုပ်တော့ပေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းတို့ကို ဗိမာန်တော်၏အပြင်ဖက်တွင် ရှာဖွေပြီး သူ၏အလုပ်အသစ်တွင် သူ၏ခြေလှမ်းတို့နောက်ကို လိုက်သင့်သည်။ ထိုအချက်ကို သခင်ယေရှုပြောခဲ့ခြင်း၏ နောက်ခံအကြောင်းရင်းမှာ ပညတ်တော်အောက်တွင် လူတို့က ဗိမာန်တော်ကို ဘုရားသခင်ကိုယ်တော်တိုင်ထက် ကြီးမြတ်နေသကဲ့သို့ မြင်လာခဲ့ကြ၍ပင်ဖြစ်သည်။ တစ်နည်းဆိုရသော် လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်နေကြသည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်ကြောင့် ရုပ်တုတို့ကို မကိုးကွယ်ဘဲ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏” ဟု သူပြောခဲ့သည်။ သခင်ယေရှု၏အမြင်၌ ပညတ်တော်အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်တော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်နေကြသည်မှာ ထင်ရှားမြင်သာပြီး သခင်ယေရှုက ဤလမ်းစဉ်သည် ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သော၊ ပိုမြင့်သော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ သူတို့နှလုံးသားတွင် ဗိမာန်တော်သာ ရှိသည်။ ဘုရားသခင်မရှိချေ။ ဗိမာန်တော်ကို သူတို့ ဆုံးရှုံးသွားလျှင်၊ သူတို့ ကျိန်းဝပ်ရာအရပ်ကို ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။ ဗိမာန်တော်မရှိလျှင် သူတို့ ကိုးကွယ်ရန်နေရာမရှိချေ။ သူတို့၏ ယဇ်ပူဇော်ခြင်းတို့ကို မလုပ်ဆောင်နိုင်တော့ချေ။ သူတို့၏ ကျိန်းဝပ်ရာအရပ်ဆိုသည့်နေရာက ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းဟူသော နဖူးစည်းစာတန်းအောက်ဝယ် သူတို့လှုပ်ရှားသောနေရာဖြစ်ပြီး သူတို့ကို ဗိမာန်တော်တွင် နေခွင့်ပေးပြီး သူတို့၏ ကိုယ်ပိုင်အရေးကိစ္စတို့ကို လုပ်ဆောင်ခွင့်ပေးသည်။ သူတို့၏ ယဇ်ပူဇော်ပသခြင်းဟူသောအရာက ဗိမာန်တော်မှာ သူတို့၏ အစေခံခြင်းကို လုပ်ဆောင်ခြင်းဟူသော အသွင်ပုံစံအောက်တွင် သူတို့၏ကိုယ်ပိုင် ရှက်စရာကောင်းသော အတွင်းရေးကိစ္စတို့ကို ဆောင်ရွက်ရန်သက်သက်ပင် ဖြစ်သည်။ ၎င်းသည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု ယင်းအချိန်တုန်းက လူတို့မြင်ရသော အကြောင်းရင်းပင်ဖြစ်သည်။ သူတို့က ဗိမာန်တော်ကို အကာအကွယ်အနေနှင့် အသုံးပြုပြီး လူတို့ကို လိမ်ညာရန်နှင့် ဘုရားသခင်ကို လိမ်ညာရန်အတွက် အသွင်ပုံစံတစ်ခုအနေနှင့် ယဇ်ပူဇော်ခဲ့ကြသည့်အတွက်ကြောင့် သခင်ယေရှုက လူတို့ကို သတိပေးရန်အတွက် ဤစကားကို ပြောခဲ့သည်။ သင်တို့သည် ဤစကားလုံးတို့ကို လက်ရှိအချိန်အထိ အသုံးချလျှင် ၎င်းတို့သည် တန်းတူ ကိုက်ညီမှုရှိပြီး တန်းတူ အသုံးပြု၍ ရဆဲပင်ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခြင်းနှင့်မတူသော ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့ရသော်လည်း ယင်းတို့၏ သဘောတရား အနှစ်သာရက အတူတူပင်ဖြစ်သည်။ ယနေ့ အလုပ်၏ အကြောင်းအရာမှာ လူတို့က “ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်” ဟူသည့်အဖြစ်မျိုး အတူတူပင် လုပ်နေကြဦးမည်ဖြစ်သည်။ ဥပမာ လူတို့ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းကို သူတို့၏အလုပ်ဟု မြင်ကြသည်။ သူတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းကို ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအနေနှင့် မြင်ကြသည်။ အလုပ်တို့တွင် သူတို့၏ ကျွမ်းကျင်မှုတို့ကို အသုံးချရန်အတွက် သူတို့၏တာဝန်ကို စွန့်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို စောင့်ထိန်းရမည့်ဘာသာရေးအယူဝါဒ တစ်ခုသာသာ စသဖြင့် ဆက်ဆံကြသည်။ လူသားတို့၏ အပိုင်းမှာ ဤဖော်ပြချက်တို့က “ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်” ဆိုသည်နှင့် အတူတူပင် ဖြစ်သည်မဟုတ်လော။ ထိုလွန်ခဲ့သော နှစ်နှစ်ထောင်ကာလတွင် လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် သူတို့၏ကိုယ်ပိုင် လုပ်ငန်းတို့ကို လုပ်ဆောင်နေကြသည်။ သို့သော်လည်း ယနေ့ လူတို့သည် သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်တို့တွင် လုပ်ဆောင်ကြသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ဤလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်။ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ အလုပ်ကို ချစ်ကြသောလူတို့သည် အလုပ်ကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်။ သူတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤကဲ့သို့ပြောစေသည်။ “လူတို့က သူတို့၏စကားလုံးတို့မှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံးအဖြစ် ချီးမွမ်းကြသည်။ သို့သော်လည်း သူတို့၏မျက်လုံး၌ဆိုလျှင် အရာရာတိုင်းက ဘုရားသခင်ထက် ပိုပြီး ကြီးမြတ်နေသည်။” ဤအရာသည် လူတို့က သူတို့၏ ကိုယ်ပိုင် အရည်အချင်းတို့ကို ပြသရန်၊ သို့မဟုတ် သူတို့၏ကိုယ်ပိုင်လုပ်ငန်း၊ သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းအလုပ်တို့ကို လုပ်ဆောင်ရန်၊ ဘုရားသခင်နောက်ကိုလိုက်သော သူတို့၏လမ်းကြောင်းတစ်လျှောက်မှာ အခွင့်အရေးကို တွေ့သည်နှင့် တစ်ပြိုင်နက် သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ ဝေးကွာစေပြီး သူတို့ချစ်သော အသက်မွေးဝမ်းကျောင်းအလုပ်တို့ထဲတွင် နှစ်မြှုပ်လိုက်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်က သူတို့အပေါ် တာဝန်ပေးစေခိုင်းထားသောအရာနှင့် သူ့အလိုတော်အတွက်မှာမူ ဤအရာတို့က စွန့်ပစ်ခံထားရသည်မှာ ကြာပါပြီ။ ဤနေရာမှာ ဤလူတို့နှင့် လွန်ခဲ့သော နှစ်နှစ်ထောင်တုန်းက ဗိမာန်တော်၌ သူတို့၏ ကိုယ်ပိုင်လုပ်ငန်းတို့ကို လုပ်ဆောင်ကြသောသူတို့နှင့် ဘာကွာသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။