ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၂

09.11.2020

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များ၏ အတုမရှိသည့် သဘောနှင့် လက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည်

ဘုရားသခင်၏ ကောင်းချီးများကို လူအများက ရှာဖွေရရှိချင်ကြသည်။ သို့ရာတွင် ဘုရားသခင်၌ သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများရှိပြီး သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် လူသားကို ကောင်းချီးပေးသည့်အတွက် ဤကောင်းချီးများကို လူတိုင်း မရနိုင်ပေ။ ဘုရားသခင် လူသားအပေါ်ထားသည့် ကတိတော်များနှင့် လူသားအပေါ် သူချပေးသည့် ကျေးဇူးတော်ပမာဏတို့သည် လူသား၏ အတွေးနှင့်အပြုအမူတို့အပေါ်တွင် အခြေခံပြီး သတ်မှတ်ချပေးခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ ကောင်းချီးမှ အဘယ်အရာကို ပြသနည်း။ လူတို့က သူတို့အထဲတွင် အဘယ်အရာကို တွေ့နိုင်သနည်း။ ဤနေရာတွင် မည်သည့်လူမျိုးကို ဘုရားသခင် ကောင်းချီးပေးပြီး လူသားအပေါ် ဘုရားသခင် ကောင်းချီးပေးခြင်း၏ အခြေခံသဘောတရားများ တို့နှင့် ပတ်သက်သည့် ဆွေးနွေးချက်ကို ခဏဖယ်ထားကြစို့။ ထိုအစား ဘုရားသခင်၏ သြဇာအာဏာကိုသိရန် ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ သြဇာအာဏာကို သိရန်ရှုထောင့်မှ လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ကြည့်ကြစို့။

အထက်ပါ ကျမ်းပိုဒ် လေးပိုဒ်အားလုံးက လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အကြောင်းကို မှတ်တမ်းတင်ထားခြင်းများဖြစ်သည်။ ဤကျမ်းပိုဒ်များသည် အာဗြဟံနှင့် ယောဘကဲ့သို့ ဘုရားသခင်၏ ကောင်းချီးကို လက်ခံရရှိသူများ၏ အသေးစိတ် သရုပ်ဖော်ချက်ကို ပေးပြီး ဘုရားသခင်က အဘယ်ကြောင့် သူ၏ ကောင်းချီးများကို ပေးသနားသည်ဆိုသည့် အကြောင်းရင်းများနှင့် ဤကောင်းချီးများထဲတွင် အဘယ်အရာများ ပါဝင်သည်ဆိုသည်ကို ပြသထားသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ နှင့် သဘောထား၊ သူပြောဆိုသည့် ရှုထောင့်နှင့် အနေအထားတို့သည် ကောင်းချီးများကို ချပေးသည့်သူနှင့် ထိုကောင်းချီးတို့ကို လက်ခံရရှိသူများသည် ထင်ရှားသည့် ကွဲပြားသည့် ဝိသေသလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရများ ရှိသည်ဆိုသည့်အချက်ကို လူများအား နားလည်စေသည်။ ဤမိန့်မြွက်ချက်များ၏ ဟန်ပန်နှင့် သဘောထား၊ ယင်းတို့ကို ပြောဆိုသည့် အနေအထားတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင်အတွက် အတုမရှိပေ။ သူသည် သြဇာအာဏာနှင့် တန်ခိုးရှိပြီး ဖန်ဆင်းရှင်၏ ဂုဏ်ဒြပ်နှင့် မည်သည့်လူသားမျှ သံယသမဖြစ်သည့် ဘုန်းအာနုဘော်တို့ ရှိသည်။

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ကို ဦးစွာကြည့်ကြစို့။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။” ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးလည်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို လူမျိုးတို့၏ ဖခင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အလွန်ပွားများစေကာ သူ့အားဖြင့်တိုင်းနိုင်ငံများဖြစ်ပေါ်စေပြီး၊ သူ့ထံမှ ရှင်ဘုရင်များ ဆင်းသက်လာစေလိမ့်မည်။ ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်သလော။ ဤကဲ့သို့သော သြဇာအာဏာမျိုးကို သင်မည်သို့မြင်သနည်း။ ဘုရားသခင့်သြဇာအာဏာနှင့်ဆိုင်သည့် အနှစ်သာရ၏ မည်သည့်ရှုထောင့်ကို သင်မြင်သနည်း။ ဤနှုတ်ကပတ်တော်များကို သေချာဖတ်ကြည့်ပါက ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသလက္ခဏာတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်...ငါသည် သင့်ကို...ခန့်ထားပြီ။ ငါသည် သင့်ကို...စေမည်” စသည့် “သင်သည်” “ငါသည်” ဆိုသည့် အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို အတည်ပြုခြင်းကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကိုပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။ တစ်ယောက်ယောက်က အခြားလူတစ်ယောက်သည် အလွန်ပွားများလိမ့်မည်၊ လူမျိုးများသည် သူတို့ဆီမှ ဖြစ်လာလိမ့်မည်၊ ရှင်ဘုရင်များသည် သူတို့ဆီမှ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်သည်ဟုပြောသည်ဆိုလျှင် ဤသည်မှာ မုချဆန္ဒပြုခြင်းတစ်မျိုးဖြစ်ပြီး ကတိ သို့မဟုတ် ကောင်းကြီးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူများက “ငါသည် သင့်ကို ဤကဲ့သို့ဖြစ်စေမည်။ သင်သည် အကြင်မည်သောအရာဖြစ်မည်...” ဆိုသည့်အရာမျိုး မပြောရဲကြပေ။ ထိုသို့သော တန်ခိုးကို သူတို့မပိုင်ဆိုင်ပေဆိုသည်ကို သိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤသည်မှာ သူတို့အပေါ်တွင် မူတည်သည့်အရာမဟုတ်ပေ။ ဤကဲ့သို့သောအရာမျိုးကို သူတို့ပြောသည်ဆိုလျှင်ပင် သူတို့၏စိတ်ဆန္ဒနှင့် ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်လာခြင်းမျိုးဖြစ်ပြီး သူတို့၏ စကားလုံးများသည် အနှစ်မရှိ၊ အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ သူတို့၏ ဆန္ဒများသည် မပြည့်စုံနိုင်ဟု ခံစားရလျှင် ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် လေသံမျိုးနှင့် မည်သူက ပြောဝံ့မည်နည်း။ လူတိုင်းက သူတို့၏မျိုးဆက်များကို ကောင်းစေချင်ကြသည်၊ သူတို့ ကောင်းစားပြီး ကြီးကျယ်သည့် အောင်မြင်မှုများကို ခံစားရမည်ကို မျှော်လင့်ကြသည်။ “သူတို့ထဲမှ တစ်ယောက်သည် ဧကရာဇ်မင်းတစ်ပါးဖြစ်လာမည်ဆိုလျှင် မည်မျှကြီးကျယ်သည့် ကံဖြစ်မည်နည်း။ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပါကလည်း ကောင်းပေလိမ့်မည်။ အရေးပါသည့်သူတစ်ယောက် ဖြစ်နေသရွေ့ ကောင်းပေလိမ့်မည်။” ဤအရာများအားလုံးက လူအားလုံး၏ ဆန္ဒများဖြစ်သည်။ သို့ရာတွင် လူများက သူတို့၏ မျိုးဆက်များအပေါ် ကောင်းချီးများသက်ရောက်ရန်သာ ဆန္ဒပြုနိုင်ကြပြီး သူတို့၏ ကတိများ အမှန်တကယ် ဖြစ်လာရန်အတွက် ဖြစ်မြောက်အောင် မပြုလုပ်နိုင်ပေ။ သူတို့နှလုံးသားထဲတွင် ဤကဲ့သို့သောအရာမျိုးကို ရနိုင်ရန် တန်ခိုးအစွမ်း သူတို့တွင် မပိုင်ဆိုင်ပေဆိုသည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်းသိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏အရာအားလုံးက သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် အခြားလူများ၏ ကံကြမ္မာကို သူတို့ မည်သို့ ချုပ်ကိုင်နိုင်မည်နည်း။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်က ပြောနိုင်သည့် အကြောင်းရင်းမှာမူ ဘုရားသခင်က ဤကဲ့သို့သောသြဇာအာဏာကို ပိုင်ဆိုင်ပြီး သူသည် လူသားအပေါ်တွင် ပေးအပ်သည့် ကတိများအားလုံးကို ပြည့်စုံစေရန်၊ အမှန်တကယ်ဖြစ်လာစေရန်၊ လူသားတို့အပေါ်ကို သူချပေးသနားသည့် ကောင်းချီးများအားလုံးကို အမှန်တကယ်ဖြစ်လာစေရန် တတ်စွမ်းနိုင်သည့်အတွက်ဖြစ်သည်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူတစ်ယောက်ကို လွန်စွာပွားများစေခြင်းငှာလုပ်ရန်မှာ ဘုရားသခင်အတွက်မူ ကလေးကစားစရာကဲ့သို့ဖြစ်သည်။ လူတစ်ယောက်၏မျိုးဆက်ကို ကောင်းစားအောင်လုပ်ရန်မှာ သူ့အတွက်မူ နှုတ်ကပတ်တော်တစ်လုံးသာ လိုသည်။ ဤကဲ့သို့သောအရာမျိုးအတွက် သူပင်ပင်ပန်းပန်းလုပ်ရန်၊ သို့မဟုတ် သူ့စိတ်ကို အားစိုက်ရန်၊ စိတ်ရှုပ်ခံရန်မလိုပေ။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုးသက်သက်၊ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့ မြင်နိုင်သလော။ ဖန်ဆင်းရှင်၏ ထူးမြတ်ခြင်းကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ဤနှုတ်ကပတ်တော်များသည် အမှန်တကယ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် မည်သူမျှ ဤကဲ့သို့သော စကားလုံးများကို မသုံးရဲပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် ကောင်းချီးပေးရန် မည်သူမျှ မလုပ်ရဲပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်က ဤကဲ့သို့သော သြဇာအာဏာရှိသည်ဆိုခြင်းကို၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည်ဆိုခြင်းကို၊ ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်ပေဆိုခြင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး မည်သည့် သက်ရောက်မှုကမျှ ဤပြီးမြောက်မှုကို ပြောင်းလဲခြင်း၊ တားဆီးခြင်း၊ ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် မှန်ကန်သည့်အဖြစ်အပျက်ကို မလွဲမုချပြီးမြောက်အောင်မြင်ခဲ့ခြင်းများသည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများမျှ မရရှိနိုင်ပေ။ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် အရာများမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သောလေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက် သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်း မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အရာဝတ္ထုမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။