ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၃

14.03.2021

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်သည့် နောင်တရခြင်းကို ဘုရားသခင် မြင်သည်

ဘုရားသခင်၏ ကြေညာချက်ကို နားထောင်ပြီးနောက်မှာ နိနေဝေဘုရင်နှင့် သူ့လူများသည် လုပ်ရပ်များ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ သဘောတရားက အဘယ်နည်း။ တစ်နည်းပြောရလျှင် သူတို့၏အပြုအမူအားလုံး၏ အနှစ်သာရက အဘယ်နည်း။ သူတို့လုပ်ခဲ့သည့်အရာကို သူတို့ ဘာကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်၏ အမြင်မှာ သူတို့သည် ရိုးသားဖြူစင်စွာ နောင်တရခဲ့သည်။ သူ့ရှေ့မှာ သူတို့၏အပြစ်ကို ဝန်ခံခဲ့ပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့ခြင်းကြောင့်သာလျှင်မဟုတ်ဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများကိုလည်း စွန့်ပစ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်မှာ သူတို့သည် အလွန်ပင်ကြောက်လန့်သွားပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို ယုံကြည်ခဲ့ကြ၍ ဤအတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာများထဲမှာထိုင်ခြင်းအားဖြင့် သူတို့၏လမ်းခရီးများကို ပြန်လည်ပြုပြင်ဖို့နှင့် ဆိုးယုတ်မှုမှ ရှောင်ကြဉ်ထိန်းသိမ်းဖို့၊ သူ၏ဒေါသကို ထိန်းဖို့ ယေဟောဝါဘုရားသခင်အတွက် ဆုတောင်းဖို့၊ သူ၏ဆုံးဖြတ်ချက်နှင့် သူတို့အပေါ်ကျရောက်လာမည့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းဖို့ ယေဟောဝါ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့ သူတို့ဆန္ဒရှိခြင်းကို ဖော်ပြချင်ခဲ့ကြသည်။ သူတို့၏အပြုအမူအားလုံးကို စူးစမ်းစစ်ဆေးခြင်းမှတစ်ဆင့် သူတို့၏ အရင်က ဆိုးယုတ်သည့် အပြုအမူများကို ယေဟောဝါဘုရားသခင်က စက်ဆုပ်သည်ဆိုခြင်းကို သူတို့နားလည်ခဲ့သည်၊ သူမကြာခင် သူတို့ကို ဘာကြောင့်ဖျက်ဆီးမည်ဆိုသည့် အကြောင်းရင်းကို သူတို့နားလည်ခဲ့ကြောင်းကို ငါတို့ မြင်နိုင်ပါသည်။ ဤအကြောင်းပြချက်များကြောင့် သူတို့အားလုံးသည် လုံးဝနောင်တရဖို့၊ သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို သူတို့ သိလိုက်သည်နှင့် သူတို့တစ်ယောက်ချင်းစီတိုင်း၏ နှလုံးသားများထဲမှာ အကြောက်တရားကို ခံစားခဲ့ကြသည်။ ဘုရားသခင်မုန်းသည့် သူတို့၏ ဆိုးယုတ်သည့်အပြုအမူများကို ဆက်မလုပ်တော့သကဲ့သို့ ဤလုပ်ရပ်များကို ဆက်ပြီး မကျူးလွန်တော့ပေ။ ထပ်ဖြည့်စွက်ရလျှင် သူတို့၏ အရင်ကအပြစ်များကို ခွင့်လွှတ်ဖို့နှင့် သူတို့၏အရင်က လုပ်ဆောင်ချက်များအရ သူတို့ကို မဆက်ဆံဖို့ ယေဟောဝါဘုရားသခင်ကို တောင်းပန်တိုးလျှိုးခဲ့သည်။ သူတို့သည် ဆိုးယုတ်မှုများကို ဘယ်တော့မှ မထိတွေ့ဖို့နှင့် ယေဟောဝါဘုရားသခင်၏ ညွှန်ကြားချက်များအရ ပြုမူဖို့ ဆန္ဒရှိနေခဲ့ကြပါသည်။ ယေဟောဝါဘုရားသခင်ကို သူတို့နောက်တစ်ခါ ဘယ်တော့မှ ဒေါသမထွက်စေလျှင်ဖြစ်သည်။ သူတို့၏ နောင်တရခြင်းက ရိုးသားဖြူစင်ပြီး ပြည့်စုံမှုရှိပါသည်။ သူတို့၏နှလုံးသားအတွင်းထဲကလာပြီး ဟန်ဆောင်ခြင်း မဟုတ်သကဲ့သို့ ယာယီလည်း မဟုတ်ပေ။

နိနေဝေမှာရှိသည့်လူများ၊ အမြင့်မားဆုံးဘုရင်မှ သူ့လူများအထိ၊ ယေဟောဝါဘုရားသခင်သည် သူတို့ကို စိတ်ဆိုးသည်ဆိုသည်ကို သိရှိခဲ့သည်နှင့် သူတို့၏ လုပ်ရပ်တစ်ခုချင်းစီတိုင်း၊ သူတို့၏အပြုအမူအလုံးစုံနှင့် သူတို့၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုတိုင်းသည် ဘုရားသခင်၏အမြင်မှာ ရှင်းလင်းမြင်သာသည်။ ဘုရားသခင်၏ နှလုံးသားသည် သူတို့၏ အပြုအမူအရ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်၏ စိတ်အခြေအနေက မည်သို့ရှိခဲ့သနည်း။ သမ္မာကျမ်းစာက ဤမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်ပါသည်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်ပါသည်။ “သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” (ယောနဝတ္ထု ၃:၁၀) ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သော်လည်း သူ့စိတ်အခြေအနေနှင့် ပတ်သက်၍ ရှုပ်ထွေးခြင်း မရှိပေ။ သူသည် ရိုးရိုရှင်းရှင်းပင်၊ သူ၏ဒေါသကို ဖော်ပြခြင်းမှ သူ့ဒေါသကို စိတ်ငြိမ်စေလိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက်နိနေဝေမြို့အပေါ်ကို ကပ်ဘေး သယ်ဆောင်မလာရန် ဆုံးဖြတ်ခဲ့သည်။ နိနေဝေမြို့သားများကို ကပ်ဘေးမှ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်သည့် ဘုရားသခင်၏ ဆုံးဖြတ်ချက်က ဘာကြောင့်မြန်ဆန်သလဲဆိုသည်က ဘုရားသခင်က နိနေဝေမှာရှိသည့် လူတိုင်း၏ နှလုံးသားကို လေ့လာကြည့်ရှုခဲ့သည့်အတွက်ဖြစ်ပါသည်။ သူတို့နှလုံးသားထဲမှာ ဘာကိုကိုင်စွဲထားသနည်းဆိုသည်ကို သူမြင်ခဲ့ပါသည်။ သူတို့အပြစ်များအတွက် သူတို့၏ ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ သူ့အပေါ် သူတို့၏ ရိုးသားသည့် ယုံကြည်ခြင်း၊ သူ၏စိတ်သဘောထားကို သူတို့၏ဆိုးယုတ်သည့်အပြုအမူများက မည်ကဲ့သို့စိတ်ဆိုးစေခဲ့သနည်းဆိုသည့် သူတို့၏နက်နဲသည့် အသိစိတ်ခံစားချက်၊ ယေဟောဝါဘုရားသခင်ဆီမှ ကျရောက်တော့မည့် အပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုများဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဤကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် သူ၏ဒေါသကို အဆုံးသတ်ဖို့ သူ့ကို တောင်းပန်တိုးလျှိုးနေသည့် သူတို့၏နှလုံးသားအတွင်းထဲက ဆုတောင်းသံများကိုလည်း ယေဟောဝါ ဘုရားသခင်က ကြားခဲ့သည်။ ဘုရားသခင်က ဤအချက်များအားလုံးကို ကြည့်ရှုလေ့လာသည့်အခါမှာ သူ၏ဒေါသများက နည်းနည်းချင်း ပျောက်ကွယ်သွားခဲ့ပါသည်။ အရင်က သူ၏ဒေါသက မည်မျှပင်ကြီးပါစေ ဤလူတို့၏ နှလုံးသားအတွင်းထဲက ရိုးသားဖြူစင်သည့် နောင်တရခြင်းကို သူမြင်သည့်အခါမှာ သူ့နှလုံးသားက ဤအရာအားဖြင့် ထိတွေ့ခံရပြီး သူတို့အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သူမလုပ်နိုင်တော့ဘဲ သူတို့အပေါ် ဒေါသထွက်ခြင်းကို ရပ်လိုက်ပါသည်။ ထို့အပြင် သူတို့အပေါ်မှာ သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို ဆက်ထားခဲ့ပြီး သူတို့ကို ဆက်လက် လမ်းညွှန်ပြီး ထောက်ပံ့ပေးခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။