ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၄

07.04.2021

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေသားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်တို့၌ မည်သည့်အခါမျှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ သူ့လုပ်ရပ်များနောက်က သဘောတရားများနှင့် ရည်ရွယ်ချက်များက အားလုံးရှင်းလင်းပြီး ပွင့်လင်းမြင်သာသည်၊ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သည်။ အတွင်း၌ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးယုတ်သည့်အပြုအမူများက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေသားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပဲ ဖြစ်နေပါသေးသည်။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်းမှာ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးယုတ်သည့် အပြုအမူများကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါမှာ သူ့ဒေါသကို သူတို့အပေါ် ယူဆောင်လာလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ့ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီး ဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်တန့်မည် မဟုတ်ပေ။ သူ၏အမျက်ဒေါသသည် သူတို့ဖျက်ဆီးခံရသည့်အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနှင့် မေတ္တာကို ဖော်ပြသည်ဖြစ်စေ လူသား၏နှလုံးသားအတွင်းမှာ ဘုရားသခင်အပေါ် သူ၏ အပြုအမူနှင့် သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှတစ်ဆင့် ဖော်ပြသည့်အရာကို သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သူက တစ်ခါမျှ အမှန်တကယ် နောင်တရခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ ဦးညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်မှု ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိပေ။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို မကြာခဏလက်ခံရရှိလျှင် ဤလူသည် သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်ကို မဆန့်ကျင်ပေဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူသည် ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်မှာ မကြာခဏ ဆင်းသက်သော်လည်း သူ၏အမျက်ဒေါသ ကျရောက်မည် မဟုတ်ပေ။

ဤအတိုချုပ်အသေးစိတ်အချက်အလက်များက ဘုရားသခင်၏ နှလုံးသားကို လူတို့မြင်ဖို့၊ သူ၏အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်ဖို့၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းသည် အကြောင်းမရှိဖြစ်ခြင်းမဟုတ်ဘူးဆိုသည်ကို မြင်ဖို့ အခွင့်ပေးပါသည်။ သူ၏ဒေါသနှင့် သူ၏သည်းခံခြင်းဖြစ်သည့် ဘုရားသခင်၏အနှစ်သာရ၏ ဤအချက်နှစ်ချက်ကြားမှာ တည်ရှိနေပုံရသည့် ကြီးမားသည့် ကွာဟမှု သို့မဟုတ် ကြီးမားသည့်ခြားနားမှု တည်ရှိနေပုံရသည်ဟု လူတို့ကို ယုံကြည်စေသည့် သူစိတ်ဆိုးသည့်အချိန်နှင့် သူ၏နှလုံးသား ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင် ထုတ်ဖော်ပြသခဲ့သည့် သိသာသည့် ကွဲပြားမှုရှိသော်လည်း၊ နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို လူတို့ကို မြင်စေပါသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုကို နောက်တစ်ကြိမ်မြင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ထုတ်ဖော်ခြင်းကို မြင်စေဖို့ လူသားမျိုးနွယ်ကို အမှန်တကယ် အခွင့်ပေးပါသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုသည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများ မဟုတ်ဘူးဆိုသည်ကို အသိအမှတ်ပြုရုံပဲရှိပါသည်။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏နှလုံးသားပြောင်းလဲခြင်းက မှန်ကန်ပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။