ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၅

09.04.2021

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားညှာတာမှုကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်

ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ အထူးသဖြင့် ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက မည်သို့ဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ပြထားသည့် အရာတစ်ခုဖြစ်ပါသည်။ “လူတိုင်းက သူ၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့သည်” ဆိုခြင်းနှင့် “သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်သည်” ဆိုခြင်းတို့ဖြစ်ပါသည်။

ဤ “မကောင်းသည့် လမ်းခရီး” က မကောင်းသည့်လုပ်ရပ်တစ်ချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတို့၏ အပြုအမူနောက်က မကောင်းသည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ “သူ၏ မကောင်းသည့်လမ်းခရီးကို ထားခဲ့ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မှ နောက်ထပ် မကျူးလွန်တော့ဘူးဟု ဆိုလိုပါသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤမကောင်းသည့်နည်းလမ်းကို နောက်ထပ် ဘယ်တော့မှ မပြုလုပ်တော့ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ကြံရွယ်ချက်နှင့် သဘောတရားများသည် အားလုံးပြောင်းလဲခဲ့သည်။ သူတို့နှလုံးသားမှာ သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိဖို့ ဤနည်းလမ်းများနှင့် သဘောတရားများကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်တော့ပေ။ “သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်သည်” မှာရှိသည့် “စွန့်လွှတ်” ဆိုခြင်းက လွတ်ချဖို့ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝ ဖြတ်တောက်လိုက်ပြီး ဘယ်တော့မှ နောက်ပြန်မကြည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေ၏လူတို့သည် သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ခဲ့သည့်အခါမှာ ဤအချက်သည် သူတို့၏ မှန်ကန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုပါသည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းနှင့် သူတို့၏နှလုံးသားကိုလည်း လေ့လာကြည့်ရှုပါသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် မှန်ကန်သည့် နောင်တကို မေးခွန်းမမေးဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ့နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အကြောင်းအရာများကို လုပ်ဆောင်သည့်နည်းလမ်းအမျိုးမျိုးနှင့် သူတို့နှလုံးသားထဲမှာရှိသည့် မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ့နှလုံးသားပြောင်းလဲစေဖို့၊ သူ၏ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့၏ လူတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့ပါသည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို ပြန်လည် ရွေးနှုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်က သူ၏ အမျက်ဒေါသကို ရုတ်သိမ်းခဲ့စေသည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်ခဲ့သည်။

ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ်နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်လမ်းခရီးများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။