ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၈

19.04.2021

လူသားကိုပေးသော ယေဟောဝါ ဘုရားသခင်၏ အမိန့်

ကမ္ဘာဦးကျမ်း ၂:၁၅-၁၇ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူကိုယူပြီး ဧဒင်ဥယျာဉ်ထဲတွင် ပြုစုစောင့်ရှောက်စေရန် ထားတော်မူ၏။ ယေဟောဝါဘုရားသခင်က ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏။

လူမိန်းမကို မြွေ၏ညှို့ယူဖမ်းစားခြင်း

ကမ္ဘာဦးကျမ်း ၃:၁-၅ ယခုတွင်၊ မြွေသည် ယေဟောဝါ ဘုရားသခင် ဖန်ဆင်းတော်မူသော မြေပေါ်ရှိ မည်သည့်တိရစ္ဆာန်မဆိုထက် ပိုမို လိမ္မာပါးနပ်လေသည်။ သူက လူမိန်းမထံ၊ ဥယျာဉ်ထဲမှ အပင်တိုင်းကို သင်တို့ မစားရဟု အမှန်စင်စစ် ဘုရားသခင် မိန့်တော်မူခဲ့သလောဟု မေးလေသည်။ လူမိန်းမကလည်း၊ ကျွန်မတို့သည် ဥယျာဉ်ထဲရှိ အပင်များ၏ အသီးများကို စားသုံးနိုင်ကြပါ၏၊ သို့သော်၊ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုမူ၊ ဘုရားသခင်က၊ သင်တို့ သေမည်စိုးရသဖြင့် ယင်းကို သင်သည် မစားရသကဲ့သို့ ထိလည်း မထိရဟု မိန်တော်မူကြောင်း မြွေကို ပြောကြားလေသည်။ မြွေကလည်း၊ သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်ဟု လူမိန်းမအား ဆိုလေသည်။

ဤကျမ်းပိုဒ်နှစ်ပိုဒ်က သမ္မာကျမ်းစာ၏ မည်သည့်ကျမ်းမှ ကောက်နုတ်ထားချက်များ ဖြစ်သနည်း။ (ကမ္ဘာဦးကျမ်းမှဖြစ်ပါသည်။) ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို သင်တို့အားလုံး ရင်းနှီးကြသလော။ ဤသည်မှာ လူသား ဦးဆုံး ဖန်ဆင်းခြင်းခံခဲ့ရချိန်ဖြစ်သည့် အစအဦး၌ ဖြစ်ပျက်ခဲ့သည့် အရာများပင်ဖြစ်သည်။ ဤသည်မှာ အဖြစ်အပျက်မှန်ဖြစ်၏။ ပထမဦးစွာ ယေဟောဝါ ဘုရားသခင်က အာဒံနှင့်ဧဝကို မည်သည့်အမိန့်မျိုး ပေးခဲ့သနည်းဆိုသည်ကို ကြည့်ကြစို့၊ ဤအမိန့်မှာပါဝင်သော အကြောင်းအရာသည် ယနေ့ငါတို့၏ခေါင်းစဉ်အတွက် အင်မတန် အရေးကြီး၍ဖြစ်သည်။ ယေဟောဝါ ဘုရားသခင်က “ဥယျာဉ်ထဲရှိသည့် ခပ်သိမ်းသောအပင်တို့ကို သင်သည် လွတ်လပ်စွာ စားသုံး နိုင်၏။ သို့သော် အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်” ဟု လူကို အမိန့်ပေးတော်မူ၏။ ဤကျမ်းပိုဒ်ထဲက လူသားကိုပေးသည့် ဘုရားသခင်၏ အမိန့်တွင် မည်သည့်အရာ ပါဝင်သနည်း။ ပထမအနေဖြင့် ဘုရားသခင်က လူသားကို အပင်အမျိုးစုံ၏ သစ်သီးများအနေနှင့် သူအဘယ်အရာကို စား၍ရသည်ကို ပြောသည်။ အန္တရာယ်မရှိပါ၊ အဆိပ်မရှိပါ။ အားလုံးကို စား၍ရပြီး ဒွိဟဖြစ်နေသည်များ မရှိဘဲနှင့် သဘောရှိ စား၍ရသည်။ ဤသည်ကတစ်ပိုင်း။ နောက်တစ်ပိုင်းက သတိပေးချက်ဖြစ်၏။ ဤသတိပေးချက်တွင် ကောင်းမကောင်း သိကျွမ်းရာအပင်၏ အသီးကို ခူးမစားရန် ဘုရားသခင်က လူသားကို ပြောသည်။ သူစားလျှင် မည်သည့်အရာဖြစ်လာမည်နည်း။ သင်စားပါက- ဧကန်အမှန်သေရမည်ဟု ဘုရားသခင်က လူသားကို ပြော၏။ ဤစကားလုံးများသည် ရှင်းလင်းပြတ်သားပါ၏လော။ (ရှင်းလင်းပြတ်သားပါသည်။) အကယ်၍ ဘုရားသခင်က သင့်ကို ဤအချက်ပြောပြပြီး သင်က အဘယ်အတွက်ကြောင့်နည်းဆိုသည်ကို နားမလည်လျှင်၊ ယင်းကို စည်းမျဉ်းတစ်ခုအဖြစ် သို့မဟုတ် လိုက်နာရမည့် ညွှန်ကြားချက် တစ်ခုအဖြစ် သဘောထားပါ့မည်လော။ ထိုအရာကို လိုက်နာသင့်သည် မဟုတ်လော။ သို့သော် လူသားသည် ထိုအရာကို လိုက်နာနိုင်သည်ဖြစ်စေ လိုက်မနာနိုင်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တိကျပြတ်သားသည်။ လူသားအနေနှင့် အဘယ်အရာကို စား၍ရသည်၊ အဘယ်အရာကို စား၍မရဆိုသည်နှင့် သူမစားသင့်သည့်အရာကို သူစားလိုက်လျှင် မည်သို့ဖြစ်မည်ဟူသည့် အရာများကို ဘုရားသခင်က သူ့ကို အင်မတန် ရှင်းရှင်းလင်းလင်း ပြောထား၏။ ဘုရားသခင်ပြောခဲ့သည့် ဤနှုတ်ကပတ်တော် အတိုချုပ်ထဲတွင် သူ၏ စိတ်သဘောထား တစ်ခုတလေကိုများ သင်တွေ့သလော။ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက မှန်ကန်ပါသလော။ ပရိယာယ်များ ရှိနေသလော။ မမှန်ကန်သည့်အရာများ ရှိနေသလော။ (မရှိပါ။) ခြိမ်းခြောက်နေသောအရာ တစ်ခုတလေရော ရှိပါ၏လော။ (မရှိပါ။) လူသားက မည်သည့်အရာစား၍ရသည်ဆိုသည်နှင့် မည်သည့်အရာကို စား၍မရဆိုသည်ကို ဘုရားသခင်က သူ့ကို ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ စိတ်ရင်းအမှန်နှင့် ရှင်းရှင်းပြတ်ပြတ် ပြောခဲ့၏။ ဤနှုတ်ကပတ်တော်များ ထဲတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်တစ်ခုတလေ ရှိသလော။ ဤနှုတ်ကပတ်တော်များက တိကျပြတ်သားပါသလော။ ထင်ကြေး ပေးစရာများ လိုသလော။ (မလိုပါ။) မှန်းဆစရာ မလို၊ ဟုတ်ပါသလော။ သူတို့၏ အဓိပ္ပာယ်များက တစ်ချက်ကြည့်ရုံနှင့် ထင်ရှားပေါ်လွင်ပြီး ထိုအရာကို သင်တို့တွေ့သည်နှင့် နားလည်သည်။ ယင်းမှာ ရှင်းလင်း ပြတ်သားသည်။ ဆိုလိုသည်က ဘုရားသခင် ပြောလိုသောအရာနှင့် သူဖော်ပြလိုသော အရာများသည် သူ့နှလုံးသားမှ လာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင် ဖော်ပြသည့် အရာများသည် ရှင်းလင်း၏၊ ရိုးရိုးစင်းစင်းနှင့် ပြတ်သားသည်။ တိတ်တခိုး ရည်ရွယ်ချက်များ မရှိသကဲ့သို့ ဖုံးကွယ်နေသော မည်သည့် အဓိပ္ပာယ်မှလည်း မရှိပါ။ လူသားကို သူမည်သည့်အရာကို စား၍ရသည်၊ မည်သည့်အရာကို စား၍မရဆိုသည်ကို ပြောပြရင်း သူသည် လူသားကို တိုက်ရိုက်သာ ပြောဆိုခဲ့၏။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်၏ နှလုံးသားက ကြည်လင်ရှင်းလင်းသည်ဟူသည့်အရာနှင့် ဘုရားသခင်၏ နှလုံးသားက မှန်ကန်သည်ကို လူသားက မြင်နိုင်ပါသည်။ စားကောင်းသည့်အရာကို သင်စား၍မရပါဟု ဆိုပြီး သင့်ကိုပြောခြင်းနှင့် စား၍မရသည့်အရာများနှင့် ပတ်သက်ပြီး “လုပ်ကြည့်ပြီး မည်သည့်အရာ ဖြစ်လာမည်နည်း ကြည့်ကြည့်” ဟုသင့်ကိုပြောသည့်နေရာမှာ မမှန်ကန်သည့်အရာ လုံးဝမရှိပါ။ ဘုရားသခင်က ဤအရာကို ရည်ရွယ်ခဲ့ သလော။ (မရည်ရွယ်ခဲ့ပါ။) မရည်ရွယ်ခဲ့ပါ။ ဘုရားသခင်၏နှလုံးသားထဲ၌ သူတွေးသည့် အရာမှန်သမျှသည် သူပြောသည့် အရာပင်ဖြစ်သည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များအတွင်းတွင် ဤနည်းလမ်းဖြင့် သူ့ကိုယ်သူ ပြသပြီး ထုတ်ဖော်ပြသည့်အတွက်ကြောင့် ဘုရားသခင် သန့်ရှင်းသည်ဟု ငါပြောလျှင် ငါက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေသည် သို့မဟုတ် ငါ၏အနက်ဖွင့်ချက်သည် အနည်းငယ် လက်လွန်သွားပြီဟု သင်အနည်းငယ် ခံစားရကောင်း ခံစားရနိုင်သည်။ ဤသို့ဆိုလျှင် စိတ်မပူပါနှင့်၊ ငါတို့ ယခုထိမပြီးသေးပါ။

“လူမိန်းမကို မြွေ၏သွေးဆောင်ဖြားယောင်းမှု” ဟူသည့်အကြောင်း ပြောကြစို့။ မြွေဆိုသည်မှာ အဘယ်သူနည်း။ (စာတန်ဖြစ်ပါသည်။) ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် စာတန်က အဖြည့်ခံ အခန်းကဏ္ဍမှာ ပါဝင်လေသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ငါတို့မိတ်သဟာယဖွဲ့ ဆေးနွေးသည့်အခါ မပြော၍မရသည့် ဇာတ်ကောင်ဖြစ်သည်။ အဘယ်ကြောင့် ငါဤသို့ပြောသနည်း။ အကယ်၍ သင်တို့သည် စာတန်၏ မကောင်းမှုနှင့် ပျက်စီးခြင်း သို့မဟုတ် စာတန်၏ သဘာဝကို မသိလျှင် ထိုအရာကို မှတ်မိရန် သင်တို့တွင် နည်းလမ်းရှိမည် မဟုတ်သကဲ့သို့ သန့်ရှင်းခြင်းဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည် ဆိုသည်ကိုလည်း သိနိုင်မည် မဟုတ်ပေ။ စာတန်လုပ်သည့်အရာက မှန်သည်ဟူ၍ လူများက ဇဝေဇဝါနှင့် ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျက်စီးနေသည့် ဤကဲ့သို့စိတ်သဘောထားမျိုးထဲတွင် ရှင်သန်နေကြသောကြောင့် ဖြစ်သည်။ အဖြည့်ခံမရှိလျှင်၊ နှိုင်းယှဉ်စရာ ဘာမျှမရှိလျှင်၊ သန့်ရှင်းခြင်း ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သင်မသိနိုင်ပါ။ ထို့ကြောင့်ပင် စာတန်အကြောင်းကို ဤနေရာတွင်ပင် ဖော်ပြမှဖြစ်မည်။ ထိုကဲ့သို့သော ဖော်ပြချက်မှာ အနှစ်သာရမဲ့သော အပြောမဟုတ်ပါ။ စာတန်မည်သို့ လုပ်ဆောင်သည်၊ လူသားများကို စာတန်မည်သို့ ဖျက်ဆီးသည် ဟူသည့်အရာများနှင့် စာတန်၏သဘာဝနှင့် မျက်နှာထားက မည်သည့် အရာဖြစ်သည် ဆိုသည်တို့ကို စာတန်၏ စကားလုံးများနှင့် လုပ်ရပ်များ မှတစ်ဆင့် ငါတို့မြင်ရမည်။ ထို့ကြောင့် ဤလူမိန်းမက မြွေကို မည်သည့်အရာ ပြောခဲ့သနည်း။ ယေဟောဝါဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာကို လူမိန်းမက မြွေကို အသေးစိတ် ပြန်ပြောပြခဲ့၏။ သူပြောခဲ့သည့်အရာကို ယူလိုက်မည်ဆိုလျှင် ဘုရားသခင်က သူ့ကို ပြောခဲ့သည့် အရာအားလုံး၏ ကျိုးကြောင်းညီညွတ်ခြင်းကို သူအတည်ပြု ခဲ့သလော။ ဤအရာကို သူအတည်မပြုနိုင်ခဲ့ပါ၊ ဟုတ်သည် မဟုတ်လော။ လောလောလတ်လတ် ဖန်ဆင်းခံထားရသည့် သူတစ်ယောက်အနေနှင့် ကောင်းမကောင်းကို သိနိုင်သည့်စွမ်းပကား သူ့မှာမရှိသကဲ့သို့ သူ့ဘေးပတ်လည်မှာ ရှိသည့်အရာများကို နားလည်နိုင်သည့် စွမ်းပကား သူ့မှာမရှိခဲ့ပါ။ မြွေကို သူပြောခဲ့သည့် စကားများမှ အကဲဖြတ်ကြည့်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်သည်ဟုဆိုပြီး သူ့နှလုံးသားထဲတွင် အတည်မပြုခဲ့ရသေးပါ။ ဤသည်သာ သူမ၏ စိတ်နေသဘောထားဖြစ်သည်။ ထို့ကြောင့် လူမိန်းမက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်၌ ပြတ်သားသေချာသည့် သဘောထား မရှိသည်ကို မြွေက တွေ့သွားသည့်အခါ “သင်တို့ ဧကန်မုချ သေရကြမည်မဟုတ်၊ သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း ဘုရားသခင် သိသည့်အတွက်ကြောင့် ဖြစ်သည်” ဟု လူမိန်းမအား ဆိုလေသည်။ ဤစကားလုံးများတွင် မှားသည့်အရာ တစ်ခုခုရှိသလော။ (ရှိပါ၏။) မည်သည့်အရာ မှားနေသနည်း။ ဤဝါကျကို ဖတ်၍ပြီးသွားသည့်အခါ မြွေ၏ ရည်ရွယ်ချက်များကို သတိပြုမိကြ သလော။ (သတိပြုမိပါသည်။) မြွေတွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။ (လူသားကို အပြစ်ကျူးလွန်အောင် သွေးဆောင်ရန် ဖြစ်ပါသည်။) မြွေက ဤလူမိန်းမကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား အလေးဂရုပြုခြင်းကို ရပ်တန့်ဖို့ရန် သွေးဆောင်ချင်သော်လည်း သူတိုက်ရိုက်ပြောခဲ့သလော။ (မပြောခဲ့ပါ။) တိုက်ရိုက် မပြောခဲ့ပေ၊ ထို့ကြောင့် သူက အင်မတန် စဉ်းလဲသည်ဟု ငါတို့ပြောနိုင်၏။ လူသားဆီမှ ဖုံးကွယ်ထားပြီး သူ့အထဲတွင် သိမ်းထားသည့် သူ၏ ရည်ရွယ်ထားသည့် ရည်မှန်းချက်ကို ရဖို့ရန် သူက မိမိဆိုလိုရင်းကို လှည့်ဖြားပြီး ကွေ့လည်ကြောင်ပတ် နည်းမျိုးဖြင့် သူဖော်ပြခဲ့၏— ဤသည်မှာ မြွေ၏စဉ်းလဲမှုပင်။ စာတန်က အမြဲ ဤနည်းလမ်းဖြင့် ပြောဆို လုပ်ကိုင်သည်။ သူက တစ်နည်းနည်းနှင့် အတည်ပြုခြင်းမရှိဘဲ “ဧကန်အမှန်မဟုတ်” ဟုပြော၏။ သို့သော် ဤသည်ကို ကြားလိုက် သည်နှင့် မသိနားမလည်သည့် ဤလူမိန်းမ၏ နှလုံးသားက လှုပ်ရှားသွား ခဲ့သလော။ (လှုပ်ရှားသွားခဲ့ပါသည်။) သူ၏စကားလုံးများသည် လိုချင်သည့် အကျိုးဆက်ကို ရရှိသွားသည့်အတွက်ကြောင့် မြွေက ကျေနပ်ခဲ့၏— ဤသည်မှာ မြွေ၏ စဉ်းလဲသည့်ရည်ရွယ်ချက်ပင် ဖြစ်သည်။ ထို့အပြင် ရလဒ်ကောင်းတစ်ခုဟု လူသားက ယုံကြည်သည့် ရလဒ်တစ်ခုကို ကတိပေးကာ “သင်တို့စားသောနေ့တွင် သင်တို့၏ မျက်စိများပွင့်ပြီး” ဟုသူပြောပြီး လူမိန်းမကို သွေးဆောင်ဖြားယောင်းခဲ့၏။ ထို့ကြောင့်- “ငါ၏မျက်စိပွင့်လင်းသည်မှာ ကောင်းသည့်အရာဖြစ်၏” ဟုဆိုပြီး လူမိန်းမက တွေးဆလေသည်။ ယင်းနောက်တွင် ပို၍ပင် ကောင်းသေးသော အရာ၊ လူသားမသိသည့် စကားများ၊ ကြားရသူများအပေါ် တန်ခိုးကြီးမားသည့် သွေးဆောင်မှုကို ကိုင်ဆောင်ထားသော စကားများဖြစ်သည့် “သင်တို့သည် ဘုရားကဲ့သို့ဖြစ်ကာ အကောင်းနှင့် အဆိုးကို သိမည်အကြောင်း” ဟု ၎င်းက ပြောခဲ့၏။ ဤစကားများက လူသားများအပေါ် အားပြင်းပြင်းနှင့် ဖမ်းစားမနေသလော။ ယင်းက တစ်ယောက်ယောက်က သင့်ကို ဤသို့ ပြောသကဲ့သို့ဖြစ်သည်၊ “သင့်မျက်နှာက မယုံနိုင်လောက်အောင်ကို အချိုးအစားကျပေ၏။ နှာတံလေးက အနည်းငယ် တိုနေခြင်းသာဖြစ်သည်။ သို့သော် ထိုအရာကို ပြင်လိုက်မည်ဆိုလျှင် သင်သည် ကမ္ဘာ့အဆင့်မီ အချောအလှတစ်ယောက် ဖြစ်သွားမည်ဖြစ်၏။” အမြင်လှအောင် ခွဲစိတ်ပြုပြင်ရန် တစ်ခါမျှ မလိုချင်ခဲ့သည့် သူတစ်ယောက်အတွက် ဤစကားလုံးများကို ကြားရလျှင် ၎င်းတို့နှလုံးသားက လှုပ်ရှားသွားမည်လော။ (လှုပ်ရှားသွားမည် ဖြစ်ပါသည်။) ထို့ကြောင့် ဤစကားလုံးများက စွဲမက်စရာကောင်းသလော။ ဤညှို့ယူခြင်းက သင့်ကို သွေးဆောင်နေသလော။ စမ်းသပ်နေသလော။ (စမ်းသပ်နေပါသည်။) ဘုရားသခင်က ဤကဲ့သို့ပြောသလော။ ငါတို့ ယခုလေးတင် ကြည့်လိုက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဤအရာနှင့်ပတ်သက်သည့် အရိပ်အမြွက်တစ်ခုတလေများ ရှိနေခဲ့သလော။ (မရှိခဲ့ပါ။) အဘယ်ကြောင့်နည်း။ ဘုရားသခင်က သူ့နှလုံးသားထဲ၌ တွေးသည့်အရာကို ပြောပါသလော။ ဘုရားသခင်၏ နှလုံးသားကို သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားက မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သို့သော် ဤစကားလုံးများကို မြွေက လူမိန်းမကို ပြောခဲ့သည့်အခါ၊ သူ၏နှလုံးသားကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ပါ။) လူသား၏ မသိနားမလည်မှုကြောင့် သူတို့သည် မြွေ၏ စကားလုံးများအားဖြင့် ညှို့ယူခြင်းကို အလွယ်တကူပင် ခံလိုက်ရ၏။ အလွယ်တကူပင် ငြိစွန်းသွားပြီး အလွယ်တကူပင် ဦးဆောင်ခံလိုက် ရလေသည်။ ထို့ကြောင့် စာတန်၏ ရည်ရွယ်ချက်များကို သင်မြင်နိုင်ခဲ့ပါ သလော။ သူပြောသည့်အရာ၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို သင်မြင်နိုင်ခဲ့သလော။ သူ၏လှည့်ကွက်များနှင့် စဉ်းလဲသည့် အကြံအစည်များကို သင်မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) စာတန်၏ ပြောဆိုပုံပြောဆိုနည်းက မည်ကဲ့သို့ စိတ်နေသဘောထားမျိုးကို ကိုယ်စားပြုသနည်း။ ဤစကားလုံးများမှ တစ်ဆင့် မည်သို့သော အနှစ်သာရမျိုးကို စာတန်၏အထဲတွင် သင်မြင်ခဲ့ရသနည်း။ မသိမသာ စိမ့်ဝင်ကူးစက်တတ်သည် မဟုတ်လော။ အပေါ်ယံမှာတော့ သူက သင့်ကိုပြုံးပြမည် သို့မဟုတ် မျက်နှာအမူအရာကို ဘာဆိုဘာမျှ မပြခြင်းလည်း ဖြစ်နိုင်၏။ သို့သော် သူ့နှလုံးသားထဲမှာတော့ သူ့ရည်မှန်းချက်ကို မည်သို့ရောက်အောင် လုပ်ရမည်ဆိုသည်ကို သူအမြဲတွက်ချက်နေပြီး၊ သင်မမြင်နိုင်သည်မှာလည်း ဤရည်မှန်းချက်ပင် ဖြစ်သည်။ ထို့နောက်တွင်တော့ သူသင့်ကိုပေးသည့် ကတိများအားလုံးနှင့် သူပြောသည့် အကျိုးအမြတ်များအားလုံးကြောင့် သင်သည် ညှို့ယူ ခံလိုက်ရ၏။ ထိုအရာများကို ကောင်းသည်ဟု သင်မြင်ပြီး၊ သူပြောသည့်အရာများသည် ဘုရားသခင်ပြောသည့် အရာများထက် ပိုအသုံးဝင်သည်၊ ပိုကုံလုံသည်ဟု သင်ခံစားရ၏။ ဤသို့ဖြစ်လာသောအခါ၊ လူသားသည် ကျိုးနွံသည့် အကျဉ်းသားတစ်ယောက် ဖြစ်မလာသလော။ (ဖြစ်လာပါသည်။) ထို့ကြောင့် စာတန်အသုံးပြုသည့် နည်းနာသည် အင်မတန် ဆိုးယုတ်သည် မဟုတ်လော။ သင်က သင့်ကိုယ်သင် အကျင့်ပျက်ဆုတ်ယုတ်စေ၏။ စာတန်က လက်တစ်ချောင်းပင် လှုပ်စရာမလိုဘဲ ဤဝါကျလေး နှစ်ကြောင်းနှင့် သူ့နောက်ကို ပျော်ပျော်ကြီး သင်လိုက်သည်၊ သူ့ကို လိုက်နာသည်။ သူ့ရည်ရွယ်ချက် ပြည့်သွားပေပြီ။ ဤရည်ရွယ်ချက်က ဆိုးဝါးသည် မဟုတ်လော။ ဤအရာသည် စာတန်၏ မူလဘူတအကျဆုံး မျက်နှာထားပင် မဟုတ်လော။ စာတန်၏ စကားလုံးများမှ သူ၏ မကောင်းသည့် ရည်ရွယ်ချက်များကို လူသားက မြင်နိုင်၏၊ သူ၏အကျည်းတန်လှသည့် မျက်နှာနှင့် သူ၏အနှစ်သာရကို မြင်နိုင်သည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤဝါကျများကို နှိုင်းယှဉ်ကြည့်သည့်အခါ၊ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့် ယေဟောဝါ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငြီးငွေ့စရာကောင်းသည်၊ ရိုးရိုးနှင့် သာမန်သာဖြစ်သည်ဟု သင်ခံစားရနိုင်ပြီး၊ ဘုရားသခင်၏ ရိုးသားခြင်းကို ချီးမွမ်းရန် ရေးကြီးခွင်ကျယ်မလုပ်ထိုက်ဟု သင်ခံစားရနိုင်သည်။ သို့သော် စာတန်၏ စကားလုံးများနှင့် သူ၏ အကျည်းတန်လှသည့် မျက်နှာကိုယူပြီး အဖြည့်ခံအဖြစ် ငါတို့ အသုံးချသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက ယနေ့လူများအတွက် အင်မတန် သြဇာညောင်းသလော။ (သြဇာညောင်းပါသည်။) ဤအဖြည့်ခံမှတစ်ဆင့် လူသားများက ဘုရားသခင်၏ အပြစ်အနာအဆာမဲ့မှုစစ်စစ်ကို မြင်နိုင်၏။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) စာတန်ပြောသည့် စကားလုံးတိုင်းအပြင်၊ စာတန်၏ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် သူပြောဆိုသည့်ပုံ- ထိုအရာအားလုံးသည် မစင်ကြယ်ပေ။ သူပြောပုံပြောနည်း၏ အဓိကအင်္ဂါရပ်က မည်သည့်အရာနည်း။ သင့်ကိုမြင်တွေ့ခွင့် မပေးသကဲ့သို့ သူ့ရည်မှန်းချက်က မည်သည့်အရာ ဖြစ်သည်ကို သတိပြုမိရန် သင့်ကို အခွင့်မပေးဘဲ မရေမရာသဘောကို သူအသုံးပြု၏။ ယင်းက သင့်ကို ငါးစာကို ဟပ်စေသည်၊ သူ့ကို ချီးမွမ်းစေပြီး သူ၏ ကောင်းမြတ်ခြင်းများကို သီချင်းဆိုစေသည်။ ဤအရာက စာတန်၏ မပြောင်းလဲသည့်ပရိယာယ်ပင် မဟုတ်လော။ (ဟုတ်ပါသည်။)

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။