ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၅၇

06.03.2021

ရိုးရာယဉ်ကျေးမှုနှင့် အယူသီးမှုတွင် ဆင်တူမှုများစွာ ရှိသော်လည်း၊ ကွာခြားချက်မှာ ရိုးရာယဉ်ကျေးမှု၌ အချို့သော ဇာတ်လမ်းပုံပြင်များ၊ သွယ်ဝိုက် ရည်ညွှန်းချက်များနှင့် ဇာစ်မြစ်များရှိ၏။ စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် “ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး”၊ “အနောက်ဘက်သို့ ခရီး”၊ “ကျောက်စိမ်း ဧကရာဇ်”၊ “နဂါးဘုရင်ကို အောင်နိုင်သော နီကျား” နှင့် “နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ” တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။ ဤစကားများကို သင်တို့ ကြားရသလော။ (ကြားပါသည်။) သင်တို့ထဲတွင် ဗုဒ္ဓအား အမွှေးတိုင် ထွန်းကာ၊ ကိုးကွယ်ကြသူ တစ်ဦးတစ်လေ ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ဗုဒ္ဓအား အမွှေးတိုင်ထွန်းကာ၊ ကိုးကွယ်ခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ (ငြိမ်းချမ်းမှုအတွက် ဆုတောင်းခြင်းဖြစ်ပါသည်။) ထိုအကြောင်းကို ယခု စဉ်းစားကြည့်ပါက၊ ငြိမ်းချမ်းမှုအတွက် စာတန်အား ဆုတောင်းဖို့မှာ ရယ်ဖွယ်ဖြစ်သည်မဟုတ်သလော။ စာတန်သည် ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပါသလော။ (မဆောင်ကြဉ်းပါ။) သင်တို့သည် ထိုအချိန်က မည်မျှ မသိနားမလည်ခဲ့သည်ကို မြင်ကြသည် မဟုတ်လော။ ထိုသို့သော အပြုအမူမျိုးသည် ရယ်ဖွယ်ရာဖြစ်သည်၊ ပညာမဲ့ရာကျပြီး နုံအရာ ရောက်သည် မဟုတ်လော။ စာတန်သည် သင့်ကို မည်သို့ ဖျက်ဆီးရမည်ကိုသာ တွေးတော၏။ စာတန်သည် သင့်အား ငြိမ်းချမ်းမှုကို မပေးနိုင်ပေ၊ ယာယီသက်သာမှုသာ ပေးနိုင်၏။ သို့ရာတွင် ဤသက်သာမှုကို ရရှိဖို့ သင်သည် ကတိသစ္စာ ပြုရမည်ဖြစ်ပြီး၊ သင်၏ ကတိ သို့မဟုတ် စာတန်ကို သင်ပြုထားသော သင်၏ကတိသစ္စာကို သင်ဖောက်ဖျက်ခဲ့ပါက၊ စာတန်သည် သင့်အား မည်သို့နှိပ်စက်သည်ကို သင် မြင်ရလိမ့်မည်။ သင့်ကို ကတိသစ္စာ ပြုစေရာတွင်၊ အမှန်မှာ ၎င်းက သင့်အား ထိန်းချုပ်ချင်လေသည်။ သင်တို့က ငြိမ်းချမ်းမှုအတွက် ဆုတောင်းသည့်အချိန်တွင်၊ ငြိမ်းချမ်းမှုကို သင်တို့ ရရှိခဲ့ကြပါသလော။ (မရခဲ့ပါ။) သင်တို့သည် ငြိမ်းချမ်းမှုကို မရခဲ့ကြဘဲ ဆန့်ကျင်ဖက်အနေဖြင့် သင်၏ အားထုတ်မှုများက ကံဆိုးခြင်းနှင့် အဆုံးမရှိသော ဘေးဒုက္ခများ- အမှန်တကယ် အကန့်အသတ်မဲ့သော ခါးသီးခြင်း သမုဒ္ဒရာတစ်ခုကို သယ်ဆောင်လာခဲ့၏။ စာတန်၏ အုပ်စိုးမှုတွင် ငြိမ်းချမ်းမှုဟူသည် မရှိ၊ ဤသည်မှာ အမှန်တရား ဖြစ်သည်။ ဤသည်မှာ ရှေးရိုးစွဲအယူသီးမှု၊ ရိုးရာယဉ်ကျေးမှုများက လူသားမျိုးနွယ်ထံ ယူဆောင်ပြီးသည့် အကျိုးဆက်ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။