ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၄

18.03.2021

ယခုတွင်မူ “ဘုရားသခင်၏ သန့်ရှင်းခြင်း” ဆိုသည်မှာ ဘုရားသခင်၏အနှစ်သာရမှာ အပြစ်အနာအဆာ ကင်းကြောင်း၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာက ကိုယ်ကျိုးငဲ့ခြင်းမရှိ၊ လူသားကို ဘုရားသခင်ပေးသော အရာအားလုံးသည် ကိုယ်ကျိုးငဲ့ခြင်း မရှိသည်ကို ဆိုလိုကြောင်း သင်၏ နှလုံးသားဗဟိုချက်မှ သင်သိမည့်နေ့ တစ်နေ့အထိ၊ ဘုရားသခင်၏ အနှစ်သာရအပေါ် သင်တို့၏ ထိုးထွင်းသိမြင်မှုကို အခြေခံသည့် သိနားလည်ခြင်းသည် ထိုအရာကို သင်ယူလေ့လာရန်၊ ခိုင်မာစေရန်၊ ခံစားရန်နှင့် ကြုံတွေ့ရန် ကြာရှည်သောအချိန်ကာလတစ်ခု လိုအပ်သေး၏။ ပြီးလျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အပြစ် အနာအဆာကင်းပြီး အပြစ်တင်စရာမရှိသည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်၏ ဤအနှစ်သာရနှင့်ဆိုင်သည့် ဤသွင်ပြင် လက္ခဏာများသည် သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်ရန် သူအသုံးပြုသော စကားလုံးများသက်သက်မဟုတ်ဘဲ၊ ယင်းထက် ဘုရားသခင်သည် လူတစ်ဦးတစ်ယောက်စီတိုင်းအား တည်ငြိမ်သော ရိုးသားမှန်ကန်မှုဖြင့် ဆက်ဆံရန် သူ၏အနှစ်သာရကို အသုံးပြုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ အနှစ်သာရသည် အဓိပ္ပာယ်မဲ့မဟုတ်သကဲ့သို့ အယူအဆရေးရာ သို့မဟုတ် အယူဝါဒဆိုင်ရာလည်း မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် အသိပညာတစ်မျိုး မဟုတ်သည်မှာလည်း အသေအချာပင်ဖြစ်၏။ ယင်းသည် လူသားအတွက် ပညာရေးတစ်မျိုးမဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်ကိုယ်တိုင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော စစ်မှန်သည့် ထုတ်ဖော်ပြခြင်းနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ထားသော အနှစ်သာရဖြစ်သည်။ ဘုရားသခင် ပြုသောအရာတိုင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်တိုင်းသည် လူတစ်ဦးတစ်ယောက်ချင်းစီအဖို့ ကြီးစွာသောတန်ဖိုးနှင့် ကြီးစွာသောအရေးပါမှု ရှိခြင်းကြောင့် လူသားသည် ဤအနှစ်သာရကို သိသင့်ပြီး နားလည်သဘောပေါက် သင့်၏။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည် သဘောပေါက် လာသည့်အခါ ဘုရားသခင်ကို သင် အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို နားလည်သဘောပေါက်လာသည့်အခါ “အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ် အစစ်အမှန်ကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။ သင့်အနေဖြင့် ဤတစ်လမ်းအပြင် သင်ရွေးလျှောက်နိုင်သည့် အခြားလမ်းကြောင်းများရှိသည်ကို တွေးလျက် သင်သည် စိတ်ကူးယဉ်တော့မည် မဟုတ်သကဲ့သို့၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသော အရာရာတိုင်းကို သစ္စာဖောက်ရန်လည်း လိုလားတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရသည် သန့်ရှင်းသောကြောင့် ယင်းသည် ဘုရားသခင် အားဖြင့်သာလျှင် ဖြောင့်မတ်သော အလင်းလမ်းကြောင်းပေါ် အသက်တာတစ်လျှောက် သင်လျှောက်လှမ်းနိုင်သည်ဟု အဓိပ္ပာယ် ရ၏။ ဘုရားသခင်အားဖြင့်သာ ဘဝ၏ အဓိပ္ပာယ်ကို သင်သိနိုင်၏။ ဘုရားသခင်အားဖြင့်သာ စစ်မှန်သော လူ့သဘာဝကို သင် အသက်ရှင်နေထိုင်နိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်သကဲ့သို့ သိလည်းသိနိုင်သည်။ ဘုရားသခင်အားဖြင့်သာ သမ္မာတရားမှ အသက်ကို သင်ရရှိနိုင်သည်။ ဘုရားသခင်ကိုယ်တိုင်သာ သင့်အား မကောင်းမှုမှ ရှောင်ကြဉ်ရန် ကူညီပေးနိုင်ပြီး စာတန်၏ အန္တရာယ်နှင့် ထိန်းချုပ်မှုမှ သင့်အား ကယ်တင်ပေးနိုင်၏။ ဆင်းရဲဒုက္ခကို သင် မခံစားရတော့ရန်အလို့ငှာ ဘုရားသခင် မှအပ သင့်အား မည်သူမျှ၊ မည်သည့်အရာကမျှ ဒုက္ခပင်လယ် အတွင်းမှ မကယ်တင်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရအားဖြင့် သတ်မှတ်ခြင်း ဖြစ်၏။ ဘုရားသခင် ကိုယ်တိုင်သည်သာ သင့်ကို လုံးဝကိုယ်ကျိုးမငဲ့ဘဲ ကယ်တင်၏၊ ဘုရားသခင်သည်သာ သင်၏အနာဂတ်၊ သင်၏ ကံကြမ္မာနှင့် သင်၏အသက်တာအတွက် အခြေခံအားဖြင့် တာဝန်ရှိပြီး၊ သူသည် သင့်အတွက် အရာခပ်သိမ်းကို စီစဉ်ပေး၏။ ဤသည်မှာ ဖန်ဆင်းခံဖြစ်စေ၊ ဖန်ဆင်းခံ မဟုတ်သည့်အရာဖြစ်စေ မည်သည့် အရာကမျှ မစွမ်းဆောင်နိုင်သည့် အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာတို့က ဘုရားသခင်၏ အနှစ်သာရကဲ့သို့သော အနှစ်သာရကို မပိုင်ဆိုင်သောကြောင့် မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သင့်အား ကယ်တင်ရန် သို့မဟုတ် သင့်အား ဦးဆောင်လမ်းပြရန် အစွမ်းအစမရှိချေ။ ဤသည်မှာ လူသားအဖို့ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အရေးပါမှု ဖြစ်သည်။ ငါပြောပြီးသော ဤနှုတ်ကပတ်တော်များသည် ယေဘုယျ အားဖြင့် အနည်းငယ်မျှ အထောက်အကူဖြစ်နိုင်သည်ဟု သင်တို့သည် ခံစားရကောင်းခံစားရမည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးပါက ဤနှုတ်ကပတ်တော်များက သင်၏ ကံကြမ္မာကို ပြောင်းလဲပေးရုံသာမက၊ ထို့ထက်ပင် ၎င်းတို့က သင့်အား လူ့အသက်တာ၏ မှန်ကန်သောလမ်းကြောင်းဆီသို့ မည်သို့ပို့ဆောင် ပေးလိမ့်မည်ကို သင်တွေ့ကြုံလာရလိမ့်မည်။ ဤအရာကို သင် နားလည်သည်မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။