ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၆၅

25.09.2020

ယနေ့ ဆုံတွေ့ပွဲ၏အစ၌ ငါ့အား အံ့အားသင့်စေခဲ့သည့် သင်တို့ပြုလုပ်ခဲ့သော အရာတစ်ခုအကြောင်းကို သင်တို့ကို ငါပြောချင်သည်။ သင်တို့ထဲမှ အချို့သည် ကျေးဇူးတရား အသိစိတ်တစ်ခုကို ပြုစုပျိုးထောင်ကောင်း ပျိုးထောင် နေလိမ့်မည်၊ ကျေးဇူးတင်ရှိကောင်းတင်ရှိနေလိမ့်မည်၊ ထို့ကြောင့် သင်တို့၏စိတ်ခံစားချက်သည် အလားတူ လိုက်လျောညီထွေသော လုပ်ဆောင်ချက်ကို ဆောင်ကြဉ်းခဲ့ပေသည်။ သင်တို့ လုပ်ခဲ့သည့်အရာသည် အပြစ်ဆိုဖို့မလိုသည့်အရာတစ်ခု ဖြစ်၏။ မှန်လည်း မမှန်သကဲ့သို့ မှားလည်းမမှားချေ။ သို့ရာတွင် သင်တို့ကို ငါသည် တစ်စုံတစ်ခုအား နားလည်စေချင်သည်။ မည်သည့်အရာကို သင်တို့အား ငါ နားလည်စေချင်သနည်း။ ဦးစွာအနေဖြင့်၊ သင်တို့ ယခုတင် လုပ်ခဲ့သောအရာ နှင့်ပတ်သက်ပြီး သင်တို့ကို မေးချင်သည်။ ယင်းသည် ဝတ်ပြုကိုးကွယ်ရန် ဝပ်စင်းရခြင်းလော သို့မဟုတ် ဒူးထောက်ရခြင်းလော။ တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်သလော။ (ဝပ်စင်းရခြင်းဟု ယုံကြည်ပါသည်။) ဝပ်စင်းရခြင်းဟု သင်တို့က ယုံကြည်သည်၊ သို့ဆိုလျှင် ဝပ်စင်းခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း (ကိုးကွယ်ခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ဝတ်ပြုရန် ဒူးထောက်ခြင်းသည် အဘယ်နည်း။ ဤအကြောင်းကို သင်တို့နှင့်အတူ ယခင်က ငါမိတ်သဟာယမပြုရသေးသော်လည်း၊ ယနေ့ ထိုအရာကို လုပ်ဆောင်ဖို့လိုအပ်သည်ဟု ငါ ခံစားမိသည်။ သင်တို့၏ ပုံမှန်ဆုံတွေ့ပွဲများတွင် သင်တို့ ဝပ်စင်းကြသလော။ (မဝပ်စင်းကြပါ။) သင်တို့ ဆုတောင်းသည့်အခါ ဝပ်စင်းသလော။ (ဝပ်စင်းပါသည်။) ဆုတောင်းသည့်အခါတိုင်း အခြေအနေ ပေးသည့်အခါဝပ်စင်းကြသလော။ (ဝပ်စင်းပါသည်။) ကောင်းပေ၏။ သို့ရာတွင် ယနေ့ သင်တို့ကို ငါနားလည်စေချင်သည်မှာ လူနှစ်မျိုး၏ ဒူးထောက် ရှိခိုးခြင်းကိုသာ ဘုရားသခင်က လက်ခံသည့် အကြောင်းဖြစ်၏။ ငါတို့သည် သမ္မာကျမ်း သို့မဟုတ် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆွေးနွေးဖို့ မလိုအပ်ပေ။ ယင်းအစား၊ ငါသည် သင်တို့အား မှန်ကန်သော အရာတစ်ခုကို ဤနေရာနှင့် ယခုပင် ပြောတော့မည်။ ဦးဆုံးအနေဖြင့်၊ ဝတ်ပြုရန် ဝပ်စင်းခြင်းနှင့် ဒူးထောက်ခြင်းတို့သည် မတူညီကြချေ။ ၎င်းတို့ဘာသာ ဝပ်စင်းသောသူတို့၏ ဒူးထောက်ရှိခိုးခြင်းကို ဘုရားသခင်သည် အဘယ်ကြောင့် လက်ခံသနည်း။ ယင်းမှာ ဘုရားသခင်သည် တစ်စုံတစ်ယောက်အား သူ့ထံသို့ ခေါ်ဆို၍၊ ဤလူအား သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် စေ့ဆော်သောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို မိမိ၏ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် ဝပ်စင်းခွင့်ပြုခြင်းဖြစ်လေသည်။ ဤသည်မှာ ပထမလူအမျိုးအစားဖြစ်၏။ ဒုတိယ အမျိုးအစားသည်ကား ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ယောက်၏ ဝတ်ပြုရန် ဒူးထောက်ခြင်း ဖြစ်သည်။ ဤသို့သော လူနှစ်မျိုးသာရှိ၏။ သို့ဆိုလျှင် မည်သည့်အမျိုးအစား၌ သင်တို့ ပါဝင်သနည်း။ သင်တို့ပြောနိုင်ပါသလော။ သင်တို့၏ခံစားချက်များကို အနည်းငယ်မျှ နာကျင်စေ နိုင်သော်လည်း၊ ဤသည်မှာ အမှန်တရားဖြစ်၏။ ဆုတောင်းစဉ်အတွင်း လူတို့၏ ဒူးထောက်ရှိခိုးခြင်းအကြောင်းကို ပြောစရာ ဘာမျှမရှိချေ- ဤသည်မှာ သင့်လျော်ပြီး ဖြစ်လည်း ဖြစ်သင့်၏၊ အဘယ်ကြောင့်ဆိုသော် လူတို့ ဆုတောင်းသည့်အခါ၊ အများအားဖြင့် တစ်စုံတစ်ခုအတွက် ဆုတောင်းခြင်း၊ ၎င်းတို့၏ နှလုံးသားများကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် သူနှင့် မျက်နှာချင်းဆိုင်ဆုံတွေ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် နှလုံးသားချင်း ဆက်သွယ်ကာ၊ ဖလှယ်ကြခြင်း ဖြစ်သည်။ သင်၏ ဒူးထောက်ဝတ်ပြုခြင်းသည် လုပ်ရိုးလုပ်စဉ် တစ်ခုမျှသာ မဖြစ်သင့်ပေ။ ငါသည် ယနေ့ သင်တို့ လုပ်လိုက်သောအရာအပေါ် အပြစ်ဆိုရန် ရည်ရွယ်ခြင်း မဟုတ်။ ဤအခြေခံသဘောတရားကို သင်တို့ နားလည် စေရန်အလို့ငှာ၊ သင်တို့အား ရှင်းရှင်းလင်းလင်း ဖြစ်စေလိုခြင်းသာ ဖြစ်သည်- ဤအရာကို သင်တို့ သိသည် မဟုတ်လော။ (သိပါသည်။) ဤအရာ တစ်ဖန်မဖြစ်ဖို့ရန် အလို့ငှာ သင်တို့ကို ငါ ပြောနေခြင်း ဖြစ်သည်။ သို့ဆိုလျှင်၊ လူတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ဝပ်စင်း၊ ဒူးထောက်ရန် အခွင့်အရေး ရှိပါသလော။ ဤအခွင့်အရေး လုံးဝမရှိမည်တော့ မဟုတ်ပေ။ အနှေးနှင့်အမြန် ထိုနေ့ရက်သည် ရောက်လာမည်ဖြစ်သော်လည်း၊ ယခု အချိန်မကျသေးပေ။ သင်တို့မြင်ကြသလော။ ဤအရာက သင်တို့ကို စိတ်ပျက်စေသလော။ (စိတ်မပျက်ပါ။) ကောင်းပေ၏။ ဘုရားသခင်နှင့်လူကြားက လက်ရှိ အကျပ်အတည်းနှင့် ၎င်းတို့ကြားတွင် မည်သည့် ဆက်ဆံရေးမျိုး ယခု တည်ရှိသည်ဆိုသည်ကို သင်တို့၏ နှလုံးသားများထဲတွင် သိနိုင်စေရန် အလို့ငှာ၊ ဤစကားတို့သည် သင်တို့အား တွန်းအားပေးလိမ့်မည်၊ သို့မဟုတ် လှုံ့ဆော်ပေးလိမ့်မည်။ ငါတို့သည် များမကြာမီက အများအပြား ဆွေးနွေးဖလှယ်ထားကြပြီးဖြစ်သော်လည်း၊ ဘုရားသခင် အပေါ် လူသား၏ သိနားလည်မှုမှာ လုံလောက်ရန် အလှမ်းဝေး နေဆဲဖြစ်၏။ လူသားသည် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းသည့် ဤလမ်းပေါ် ဆက်လျှောက်ဖို့ရန် ဝေးစွာကျန်နေသေးသည်။ ဤအရာကို သင်တို့အား အရေးတကြီး ကိစ္စရပ်တစ်ခုအဖြစ် ပြုလုပ်စေရန်၊ သို့မဟုတ် ဤသို့သော ရည်မှန်းချက်များ၊ ခံစားချက်များကို အမြန်ဖော်ပြစေရန်မှာ ငါ၏ ရည်ရွယ်ချက် မဟုတ်။ ယနေ့ သင်တို့လုပ်ခဲ့သောအရာသည် သင်တို့၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြကောင်း ထုတ်ဖော်ပြနိုင်ပြီး၊ ငါသည် ၎င်းတို့ကို သိမြင်၏။ ထို့ကြောင့် သင်တို့အားလုံးကို ကောင်းမွန်စေချင် သောကြောင့် သင်တို့ ထိုအရာကို ပြုလုပ်နေစဉ်တွင်၊ ငါသည် ထကာ သင်တို့အား ငါ၏ ဆုမွန်ကောင်းများကို ပေးချင်ခဲ့မိ၏။ ထို့ကြောင့် သင်တို့အနေဖြင့် အမှုအရာများအားလုံးနှင့်သက်ဆိုင်၍ မှန်ကန်သော သိနားလည်မှုနှင့် မှန်ကန်သော အမြင်များ ရှိနိုင်ကြဖို့အလို့ငှာ၊ ငါ၏ နှုတ်ကပတ်တော်တိုင်းနှင့် အပြုအမူတိုင်းတွင်၊ သင်တို့ကို ကူညီရန်၊ လမ်းပြရန်အတွက် ငါသည် အစွမ်းကုန်ကြိုးပမ်း၏။ ဤအရာကို သင်တို့ သဘောပေါက်နိုင်သည် မဟုတ်လော။ (သဘောပေါက်ပါသည်။) ကောင်းပေ၏။ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော အမှုနှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ ရှိကြသော်လည်း၊ ဤနားလည်မှု၏ အများစုမှာ စာမျက်နှာတစ်ခုပေါ်မှ စကားလုံးများကို ဖတ်ကြည့်ခြင်း သို့မဟုတ် ယင်းတို့ကို အခြေခံသဘောတရားအရ နားလည်ခြင်း သို့မဟုတ် ယင်းတို့ကို စဉ်းစားကြည့်ခြင်းတို့ထက် မပိုချေ။ လူတို့ အချို့တဲ့ဆုံးသောအရာမှာ အတွေ့အကြုံစစ်စစ်မှလာသည့် စစ်မှန်သော သိနားလည်ခြင်းနှင့် ထိုးထွင်းသိမြင်မှု ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏နှလုံးသားတို့ကို နိုးထစေရန် အတွက် အမျိုးမျိုးသော နည်းလမ်းတို့ကို အသုံးပြုသော်ငြား၊ ဤအရာ မဖြစ်မြောက်နိုင်မီ လျှောက်လှမ်းရမည့် ခရီးရှည်တစ်ခု ရှိနေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။