ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၀

28.09.2020

လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းသည့် အခြေခံရှင်သန်နေထိုင်မှု ပတ်ဝန်းကျင် (လက်ရွေးစင် ကျမ်းပိုဒ်များ)

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ခေါင်းစဉ်များနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြားကို ငါတို့ဆွေးနွေးခဲ့ကြပြီးပြီ၊ သို့သော်လည်း ဘုရားသခင်သည် သင်တို့အား သူ၏နှုတ်ကပတ်တော်ဖြင့် ပံ့ပိုးပေး၍ သင်တို့အပေါ်၌ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်း တို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့် အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံးများထဲတွင် သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၏၊ သူသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်မှုနှင့် နှစ်သိမ့်မှုတို့ကို ပေးပြီး စောင့်ရှောက်မှုနှင့် အကာအကွယ်တို့ကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကျွန်ုပ်အား သူပေးပါသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစရာ၊ သောက်စရာများ ပေးပါသည်” ဟုပြောမည်ဖြစ်ပြီး၊ အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနားပါ၏” ဟုပင် ပြောလိမ့်မည်။ ၎င်းတို့၏နေ့စဉ်အသက်တာများ၌ လူတို့ ကြုံရသည့် ပြဿနာများကို သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံ၏ နယ်ပယ်နှင့်ဆက်နွှယ်သော နည်းလမ်းဖြင့် တုန့်ပြန်ကောင်း တုန့်ပြန်နိုင်သည်။ ဘုရားသခင်သည် လူအသီးသီးအပေါ် အမှုအရာများစွာ ပေးသနားပေသည်၊ သို့သော် ဤနေရာ၌ ငါတို့ဆွေးနွေးနေသည့်အရာမှာ လူတို့၏ နေ့စဉ် လိုအပ်ချက်များ ဆိုင်ရာ နယ်ပယ်၌သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ လူတစ်ဦးစီ၏ အမြင်နယ်ပယ်ကို တိုးချဲ့ဖို့နှင့် အမှုအရာများကို ကျယ်ပြန့်သော ရှုထောင့်မှ သင့်ကို မြင်ခွင့်ပေးရန်ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်သည့်အတွက် သူ့အနေဖြင့် အရာခပ်သိမ်း၏အသက်ကို မည်သို့ ထိန်းသိမ်းသနည်း။ တနည်းအားဖြင့်၊ သူ၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အရာခပ်သိမ်း ဆက်လက်တည်ရှိနိုင်ရန် အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုနှင့် ယင်းဖြစ်တည်မှုအား ကျောထောက် နောက်ခံပြုထားသည့် နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့အား မည်သည့်အရာကို ပေးသနည်း။ ယင်းမှာ ယနေ့ ငါတို့၏ ဆွေးနွေးမှု အဓိကအချက်ဖြစ်သည်။...သင်တို့သည် ဤအကြောင်းအရာ နှင့် ငါပြောမည့်အရာများကို အသိပညာ၊ လူ့ယဉ်ကျေးမှု၊ သို့မဟုတ် သုတေသန တစ်ခုတစ်လေနှင့် ဆက်စပ်ခြင်းထက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင် အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ဤသည်မှာ သင်တို့အဖို့ ငါ၏အကြံပြုချက် ဖြစ်သည်။ သင်တို့ နားလည်ကြသည်မှာ သေချာပါသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အရာများစွာကို ပေးသနားခဲ့၏။ လူတို့မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ ခံစားနိုင်သည့်အရာအကြောင်းကို ပြောခြင်းဖြင့် ငါစတင်မည်။ ဤအရာများသည် လူတို့က မိမိတို့၏ စိတ်နှလုံးများထဲတွင် လက်ခံကာ နားလည်နိုင်သည့် အရာများဖြစ်၏။ ထို့ကြောင့်၊ ရုပ်ဝတ္ထု လောကအကြောင်း ဆွေးနွေး၍ ဘုရားသခင်သည် လူသားမျိုးနွယ်အား မည်သည့်အရာ ထောက်ပံ့ပေးပြီး ဖြစ်သည်ဆိုသည့်အကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြပါစို့။

၁။ လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့ အိပ်စက်နေသည့်အခါ၌ပင် အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ် အတွက် အလွန့်အလွန် အရေးကြီးပေသည်- ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ် လိုအပ်ပေသည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤဒြပ်ထည်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွက် သူ၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ သို့သော် လေကိုဖန်ဆင်း ပြီးနောက် ဘုရားသခင်သည် သူ၏ အမှု ပြီးစီးပြီဟု စဉ်းစားဆင်ခြင်လျက် ရပ်တန့်ခဲ့သလော။ သို့မဟုတ် လေ၏ သိပ်သည်းမှု မည်မျှဖြစ်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ လေတွင် မည်သည့်အရာ ပါဝင်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကို ဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း၊ ပြီးလျှင်သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူသားများသည် လေကိုလိုအပ်၏၊ ၎င်းတို့ အသက်ရှူရန် လိုအပ်သည်။ ပထမအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်အတွက် သင့်တော်ရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ အမှန်တွင်၊ လူတို့အတွက် ဤမေးခွန်း၏ အဖြေကို ကိန်းဂဏန်း သို့မဟုတ် အချက်အလက်အရ သိဖို့ အထူးတလည် မလိုအပ်သကဲ့သို့၊ အဖြေကို သိဖို့မှာ တကယ်ကို မလိုအပ်ပေ။ ယေဘုယျ ထင်မြင်ချက် တစ်ရပ်ရှိရုံမျှက လုံးဝ လုံလောက်ပေသည်။ ဘုရားသခင်သည် လူသား၏ အဆုတ်က ရှူရန်အတွက် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသား ခန္ဓာကိုယ်များထဲသို့ ၎င်းတို့၏ အသက်ရှူခြင်းမှတစ်ဆင့် လေက အလွယ်တကူ ဝင်ရောက်နိုင်ဖို့ရန်အလို့ငှာနှင့် အသက်ရှူစဉ် လူသား၏ ခန္ဓာကိုယ်ကို မထိခိုက်ဖို့ရန်အလို့ငှာ လေကို သူ ဖန်ဆင်းခဲ့လေသည်။ ဤအရာများသည် လေကို ဖန်ဆင်းသည့် အချိန်တွင် ဘုရားသခင် စဉ်းစားဆင်ခြင်သည့်အရာများ ဖြစ်သည်။ ဤနောက်၊ လေတွင် မည်သည့်အရာ ပါဝင်သည်ကို ငါတို့ ပြောကြမည်။ လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူသားများအဖို့ အဆိပ်မရှိသကဲ့သို့ အဆုတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသည် လေသည် ချောမောစွာ ဝင်ထွက်ရမည် ဖြစ်ကြောင်းနှင့် ရှူသွင်းပြီးနောက်တွင် အဆုတ်များနှင့် ကိုယ်ခန္ဓာထဲရှိ သွေးအပြင် စွန့်ထုတ်လေတို့က တစ်ပေါင်း တစ်စည်းတည်း ကောင်းကောင်းမွန်မွန် ဇီဝဖြစ်စဉ် လုပ်ဆောင်ဖို့အလို့ငှာ၊ လေအတွင်းရှိ ဒြပ်ထည်များ၏ သဘာဝနှင့် ပမာဏတို့ ရှိနေသင့်ပေသည်။ ထို့အပြင်၊ လေတွင် အဆိပ်အတောက်ဖြစ်စေသာ ဒြပ်ပစ္စည်းများ တစ်ခုတစ်လေ မပါရှိသင့်သည်ကို သူ ထည့်စဉ်းစားခဲ့ရသည်။ လေအတွက် ဤစံနှစ်ရပ်နှင့်ပတ်သက်၍ သင်တို့ကို ပြောပြရာတွင် ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို အထူးသီးသန့် အသိပညာ တစ်ခုတစ်လေကိုမျှ ပေးဖို့မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သုံးသပ်ချက်များနှင့်အညီ အမှုအရာ တစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့ပြီး သူ ဖန်ဆင်းသည့် အရာတိုင်းသည် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်သည်ကို သင်တို့အား ပြသဖို့ ဖြစ်သည်။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏနှင့် ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ ကမ္ဘာမြေဆီသို့ လွင့်မျောလာသည့် ဖုန်မှုန့်ပမာဏတို့အတွက်မူ- ဘုရားသခင်၌ ဤအရာများကို စီမံခန့်ခွဲရန်အတွက် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် ပြိုကွဲသွားစေခြင်း နည်းလမ်းများလည်း ရှိပေသည်။ လေထဲ၌ ဖုန်မှုန့်ပမာဏ အချို့ရှိသော်လည်း လူ၏ကိုယ်ခန္ဓာ သို့မဟုတ် အသက်ရှူခြင်းကို အန္တရာယ်မပြုစေရန် ဘုရားသခင်က ထိုအရာကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစား ရှိသည့် ဖုန်မှုန့်အမှုန်များ ဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင် ဖန်ဆင်းခြင်းသည် နက်နဲမှုတစ်ခုဖြစ်သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှကဲ့သို့ ရိုးရှင်းသော အရာ ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင် ဖန်ဆင်းခြင်း၌ပင် သူ၏နက်နဲမှု၊ သူ့စိတ်၏ လုပ်ဆောင်ချက်များ၊ သူ၏ တွေးခေါ်ပုံနှင့် ဉာဏ်ပညာတို့အားလုံး ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ (လက်တွေ့ကျပါသည်။) ဆိုလိုသည်မှာ ရိုးရှင်းသော အရာများကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစား နေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေသကဲ့သို့ လူသားများကို အန္တရာယ်မဖြစ်စေနိုင်ပေ၊ ထို့နည်းတူ လေ၏ သိပ်သည်းမှုသည် လူတို့အသက်ရှူရန်အတွက် သင့်တော်သည်။ လူသားက စဉ်ဆက်မပြတ် ရှူသွင်းရှူထုတ်ပြုလုပ်သည့် ဤလေသည် လူသားများ၏ကိုယ်ခန္ဓာ၊ အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အကန့်အသတ်မရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာဖြစ်ပြီး၊ လူတို့အသက်ရှူရန် မရှိမဖြစ်သော အရာဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။