ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၆

11.10.2020

လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ပေးသော နေ့စဉ်အစားအသောက် (လက်ရွေးစင် ကျမ်းပိုဒ်များ)

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးမျိုးစုံ- ဤရာများအားလုံးသည် သက်သတ်လွတ် အစားအစာများ ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများ ဖြစ်ကြသော်လည်း လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် လုံလောက်သည့် အာဟာရဓာတ်များ ပါရှိ၏။ သို့ရာတွင် ဘုရားသခင်က၊ “လူသားမျိုးနွယ်ကို ဤအစားအစာများသာ ငါပေးမည်။ ဤအရာများကိုသာ ၎င်းတို့ စားကြပါလေ့စေ” ဟု မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌ မရပ်တန့်ခဲ့ဘဲ လူသားမျိုးနွယ်အတွက် သာ၍ပင် အရသာရှိသော နောက်ထပ် အစားအစာများစွာကို ဆက်လက်ပြင်ဆင်ပေးခဲ့၏။ ဤအစားအစာများမှာ အဘယ်နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ သူသည် လူသားအတွက် အသားငါး နှစ်မျိုးလုံးကို အလွန်များစွာ ပြင်ဆင်ခဲ့သည်။ ငါးများသည် ရေထဲ၌နေကြပြီး၊ ဒြပ်ပစ္စည်းအနေဖြင့် ရေထဲက ငါး၏ အသားသည် ကုန်းနေ တိရစ္ဆာန်များ၏ အသားနှင့် ကွာခြားကာ လူကို မတူကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါးသည်လည်း လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို ညှိပေးနိုင်သည့် ဂုဏ်သတ္တိများရှိပြီး၊ ယင်းသည် လူသားအဖို့ အလွန့်အလွန် အကျိုးပြုလေသည်။ သို့ရာတွင် အရသာကောင်းသည့်အစာကို အလွန်အကျွံ မစားရပေ။ ငါပြောပြီးသည့်အတိုင်း၊ လူတို့အနေဖြင့် ဘုရားသခင်၏ နှင်းအပ်မှုများကို ပုံမှန်နည်းလမ်းတစ်ခုဖြင့်၊ ရာသီဥတုနှင့် အချိန်ကာလနှင့်အညီ မှန်ကန်စွာ မွေ့လျော်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်တော်သည့်အချိန်တွင် သင့်တော်သည့် ပမာဏကို လူသားမျိုးနွယ်အပေါ် ပေးသနားလေသည်။ ဥစား၊ အသားစားအတွက် မွေးမြူသော ကြက်ဘဲများ အတန်းအစားတွင် မည်သည့် အစားအစာ အမျိုးအစားများ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ဖြစ်သည်။ လူများစွာက ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားမျိုးစုံကို ထောက်ပံ့ထားသော်လည်း သူ၏ရွေးချယ်ခြင်းခံရသူများနှင့် သက်ဆိုင်သော သတ်မှတ်ချက် အချို့ကို သူ ပြုလုပ်ခဲ့ပြီး ပညတ်တော်ခေတ်အတွင်းတွင် ၎င်းတို့၏ အစားအသောက်နှင့်ပတ်သက်၍ တိကျသည့် ကန့်သတ်ချက်များ ထားရှိခဲ့လေသည်။ ယနေ့ခေတ်တွင်၊ ဤကန့်သတ်ချက်များသည် တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်တိုင်ကိုယ်ကျ အနက်ပြန်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးရင်း၊ သွေးကို ကြွယ်ဝ စေလျက်၊ ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး ရုပ်ခန္ဓာ ခွန်အားတည်ဆောက်ပေးလျက် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့် အာဟာရဓာတ်များပေး၏။ လူတို့က ၎င်းတို့ကို မည်သို့ ချက်ပြုတ်ပြီး စားသောက်ကြပါစေ၊ ဤအသားများသည် လူတို့၏ အစားအစာ အနံ့အရသာကို တိုးတက်စေပြီး၊ ၎င်းတို့၏ စားချင်စိတ်ကို အားပေးကူညီစဉ်တွင် ၎င်းတို့၏ဝမ်းများကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိ၏။ အရေးအကြီးဆုံးအနေဖြင့်၊ ဤအစားအစာများသည် လူ့ခန္ဓာကိုယ်ကို နေ့စဉ် အာဟာရလိုချက်ချက်များ ဖြည့်ဆည်း ပေးနိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစားအစာ အဆင်သင့် ပြဆင်ပေးသည့်အချိန်တွင် ဘုရားသခင် ထည့်သွင်း စဉ်းစားခဲ့သည့် အချက်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ရှိ၏၊ အသားရှိ၏- ဤသည်မှာ ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင် ပြင်ဆင်ခဲ့ချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဤအစားအစာများကို လွန်လွန်ကဲကဲ မွေ့လျော်ခံစားဖို့ ဖြစ်သလော။ လူသည် ဤရုပ်ဝတ္ထု တပ်မက်မှုများကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရာ၌ ပိတ်မိလာသည့်အချိန်တွင် မည်သည့် အရာဖြစ်သနည်း။ ၎င်းသည် အာဟာရ လွန်ကဲလာသည် မဟုတ်လော။ အာဟာရများ လွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိစီးနှိပ်စက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်က သင့်တော်သော အချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေးပြီး လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီဥတုများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေသည့် အကြောင်းရင်းဖြစ်၏။ ဥပမာအားဖြင့်၊ အလွန်ပူပြင်းသော နွေရာသီ ပြီးနောက်၊ လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာထဲတွင် အပူဓာတ်များစွာအပြင်၊ ရောဂါ ဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုတို့ကို စုဆောင်းမိကြသည်။ ဆောင်းဦးရာသီ ရောက်သည့်အခါ၊ သစ်သီးဝလံ အမျိုးအစားများစွာ ရင့်မှည့်ကြပြီး ဤသစ်သီးများကို လူတို့စားကြသောအခါ ၎င်းတို့ ကိုယ်ခန္ဓာထဲက စိုထိုင်းမှုသည် ဖယ်ရှားခံရပေသည်။ ဤအချိန်တွင်၊ ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည်လည်း သန်သန်မာမာ ကြီးထွားကြပြီး ဖြစ်သောကြောင့် ဤသည်မှာ လူတို့သည် အာဟာရအတွက် အသားကို ပိုမိုစားသုံးသင့်သည့် အချိန်ဖြစ်သည်။ အသားအမျိုးမျိုးကို စားသုံးခြင်းအားဖြင့်၊ လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ၎င်းတို့ ခံနိုင်စေဖို့ အားအင်နှင့် အနွေးဓာတ်ရရှိကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ဘေးကင်းစွာနှင့် ကျန်းမာစွာ ကျော်ဖြတ်နိုင်ကြပေသည်။ အဆုံးစွန် ဂရုစိုက်ခြင်းနှင့် တိကျခြင်းတို့နှင့်အတူ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးရမည့်အရာနှင့် ထောက်ပံ့ရမည့်အချိန်၊ ပြီးလျှင် မည်သည့်အချိန်တွင် မတူညီသော အရာများကို ကြီးထွားစေမည်၊ အသီးသီးစေကာ ရင့်မှည့်စေမည်ဆိုသည်တို့ကို ထိန်းချုပ်ပြီး ပူးပေါင်း လုပ်ဆောင်လေသည်။ ဤအရာသည် “လူသား၏ နေ့စဉ်ဘဝ၌ လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” နှင့် ဆက်နွှယ် လေသည်။ အစားအစာအမျိုးအစားများစွာအပြင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်ဖြင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက်တွင်၊ လူတို့သည် ရေသောက်ဖို့လိုသေး၏။ သစ်သီးဝလံတစ်ခုတည်းက လုံလောက်မည်လော။ လူတို့သည် သစ်သီးဝလံဖြင့်သာ အသက်မရှင်နိုင်ပေ၊ သည့်အပြင် အချို့ ရာသီများတွင် သစ်သီးဝလံမရှိပေ။ သို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်သည် ရေကန်များ၊ မြစ်များနှင့် စမ်းချောင်းများအပါအဝင် မြေပေါ်မြေအောက်၌ ရေအရင်းအမြစ်များစွာကို ပြင်ဆင်ခြင်းဖြင့် ထိုအရာကို ဖြေရှင်းပြီး ဖြစ်သည်။ ဤရေအရင်းအမြစ်များ ညစ်ညမ်းမှုမျှမရှိသရွေ့၊ ၎င်းတို့ကို လူတို့က ကြိုးကိုင်ခြယ်လှယ်ခြင်း မရှိသရွေ့ မဖျက်ဆီးသရွေ့ သောက်သုံးနိုင်၏။ တစ်နည်းအားဖြင့်၊ လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ၏ ဘဝများကို အားဖြည့်သည့် အစာအရင်းအမြစ်များအရ၊ လူတို့၏ဘဝများသည် ကြွယ်ဝကာ ပေါများပြီး မည်သည့်အရာမျှ မချို့တဲ့ဖို့အလို့ငှာ ဘုရားသခင်သည် အလွန်တိကျ၊ အလွန်မှန်ကန်ပြီး အလွန် သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်၏။ ဤသည်မှာ လူတို့ ခံစားပြီး မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းတို့အလယ်တွင် လူ့ခန္ဓာရှိ ဒဏ်ရာအနာတရများကို ပျောက်ကင်းစေရန် သို့မဟုတ် ဖျားနာမှုကို ကုသရန် အထူးသဖြင့် ရည်ရွယ်ထားသည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့လုပ်ဆောင်သင့်သနည်း။ အပူလောင်အကွက်ကို ရေနှင့်သာ သင်ဆေးကြောနိုင်သလော။ အဝတ်စဟောင်းတစ်ခုတစ်လေဖြင့် ယင်းကို ပတ်စည်း၍ ရနိုင်သလော။ ထိုသို့ လုပ်ဆောင်ပါက၊ ဒဏ်ရာသည် ပြည်ဖြင့် ပြည့်လိမ့်မည် သို့မဟုတ် ရောဂါပိုးဝင်ကောင်းဝင်လိမ့်မည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦး အဖျားရှိလျှင်၊ သို့မဟုတ် အအေးမိလျှင်၊ အလုပ်လုပ်စဉ် ဒဏ်ရာအနာတရဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင် နေထိုင်မှုပုံစံ အကြောင်းရင်းများ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါနှင့်ဆိုင်သော ရောဂါများ အပါအဝင် ရောဂါအချို့ဖြစ်ပေါ်လျှင် ထိုရောဂါ အခြေအနေများ အားလုံးကို ကုသသည့် လိုက်လျောညီထွေသော အပင်များရှိ၏။ သွေးလည်ပတ်မှုကို တိုးတက်စေပြီး၊ သွေးတန့်မှုကို ဖယ်ရှားပေးသည့် အပင်များ၊ နာကျင်မှု သက်သာစေသည့်အပင်များ၊ သွေးတိတ်စေသည့် အပင်များ၊ မေ့ဆေးထုံဆေးပေးသည့် အပင်များ၊ အသားအရေကို ကုသပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်စေဖို့ အထောက်အကူပြုသည့် အပင်များနှင့်၊ သွေးပုပ်များကို စွန့်ပစ်ပြီး ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အပင်များရှိ၏- အတိုချုပ် အနေဖြင့်၊ ဤအပင်များသည် နေ့စဉ်အသက်တာတွင် အသုံးဝင်မှုများ ရှိ၏။ ၎င်းတို့ကို လူတို့က အသုံးပြုနိုင်ပြီး လိုအပ်လာပါက လူ့ခန္ဓာကိုယ်အတွက် ဘုရားသခင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ထဲမှ အချို့ကို လူသားအား ကံအားလျော်စွာဖြင့် ရှာဖွေတွေ့ရှိခွင့်ပေးခဲ့သော်လည်း အခြား အရာများကိုမူ ထိုသို့ရှာဖွေတွေ့ရှိရန် ဘုရားသခင် ရွေးချယ်ခဲ့သည့် လူတို့က ရှာဖွေတွေ့ရှိခဲ့ကြသည်၊ သို့မဟုတ် သူစီစဉ်ညွှန်ကြားသည့် အထူးသဘာဝဖြစ်စဉ်၏ အကျိုးဆက် တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။ ဤအပင်များကို ရှာဖွေတွေ့ရှိပြီးနောက်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကြမည်ဖြစ်ပြီး လူများစွာတို့သည် ၎င်းတို့အကြောင်း သိလာခဲ့ကြပေလိမ့်မည်။ ထိုသို့ဖြင့် ဤအပင်များကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိလေသည်။ အကျဉ်းချုပ်အားဖြင့်၊ ဤအရာများ အားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင် ပြင်ဆင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ၎င်းတို့သည် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အတွေး လုပ်ငန်းစဉ်များသည် လူသား၏ အတွေးလုပ်ငန်းစဉ်များထက် သာ၍စေ့စပ်စုံလင် ကြသလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို သင်ခံစားမိသလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ အလုပ်လုပ်၏။ ဤလောကသို့ လူသား မလာခဲ့သေးမီက၊ လူသားမျိုးနွယ်နှင့် သူမထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့၏။ လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝပြီး ပေါများသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားနှင့် ပတ်သက်၍ စိုးရိမ်စရာ ကင်းလျက်၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အလို့ငှာ၊ အရာရာသည် စိတ်ထဲတွင်ရှိသည့် လူသားမျိုးနွယ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ လူသား၏ တည်ရှိမှုအဖို့၊ ၎င်းတို့၏ ရှင်သန်မှုအတွက် စိတ်ကူးနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင်၊ လူသားမျိုးနွယ်သည် ဆက်လက် မျိုးပွားကာ ရှင်သန်နိုင် ကြလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။