ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈၄

25.08.2020

အရာအားလုံးကြီးထွားရန်အတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် လူသားအားလုံးသည် မည်သည့်အမျိုးအစားဖြစ်စေ ဘုရားသခင်၏ ထောက်ပံ့မှုအောက်တွင် နေနေကြသည်။ ၎င်းတို့အားလုံးသည် သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် နေနေကြသည် မဟုတ်လော။ ဤနိယာမများက ဖျက်ဆီးခံရလျှင် သို့မဟုတ် လူသားတို့အတွက် ဤကဲ့သို့သော နိယာမများကို ဘုရားသခင်သည် မတည်ဆောက်ခဲ့လျှင် သူတို့၏ ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ လူသားများသည် အသက်ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးနောက်တွင် သူတို့တွင် အစားအစာ အရင်းအမြစ်ရှိပါဦးမည်လော။ အစားအစာအရင်းအမြစ်သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ လူများက သူတို့၏ အစားအစာ အရင်းအမြစ် ပျောက်ဆုံးသွားလျှင်၊ ဆိုလိုသည်မှာ သူတို့သည် စားသောက်ရန်အတွက် ဘာမျှရရှိနိုင်မည်မဟုတ်လျှင် သူတို့ ဘယ်နှစ်ရက် ထပ်ပြီး အသက်ရှင်နိုင်မည်နည်း။ တစ်လပင် ဆက်ပြီး မရှင်သန်နိုင်တော့ခြင်းမျိုး ဖြစ်နိုင်သည်။ သူတို့၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခု ဖြစ်လာမည်။ ထို့ကြောင့် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက်၊ သူတို့ဆက်လက် တည်ရှိပြီး ပွားများရန်အတွက်၊ တည်မြဲနိုင်ရန်အတွက် ဘုရားသခင်လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန်အရေးကြီးသည်။ အရာအားလုံးထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် တစ်ခုချင်းစီတိုင်းသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခုဖြစ်လာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုက တည်ရှိနေပါဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူပြုစုပျိုးထောင်သည့် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲတည်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည်အရာအားလုံးအတွက် မည်သည့်အရာကိုပင် ပြင်ဆင်ပါစေ၊ လူသားတို့အတွက် မည်သည့်အရာကိုပင်လုပ်ပါစေ၊ ဤအရာများအားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အရာအားလုံးအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် ထွက်ခွာသွားလျှင်၊ ဤနိယာမများသည် ချိုးဖောက်သွားလျှင် သို့မဟုတ် နှောင့်ယှက်ခံရလျှင် အရာအားလုံးသည် ဆက်ပြီးတည်ရှိနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည် ဆက်လက်တည်ရှိမည်မဟုတ်ပေ။ သူတို့၏ နေ့စဉ် အစားအစာများလည်း ရှိမည်မဟုတ်သကဲ့သို့ သူတို့သည်လည်း တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအချက်ကြောင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက်တည်ရှိမည်မဟုတ်ပေ။

ဆွေးနွေးခဲ့သည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။ သင်တို့သည် ဤသို့ပြောကောင်းပြောနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် အလွန်ကြီးလွန်းသည်။ ကျွန်ုပ်တို့ မမြင်နိုင်ပါ။” ထို့ပြင် ဤကဲ့သို့ ပြောမည့်လူများလည်း ရှိကောင်းရှိနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်တို့နှင့် ဘာမျှ မသက်ဆိုင်ပါ။” သို့သော် သင်သည် အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရှင်သန်နေသည်ဆိုသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်ချုပ်မှုအတွင်းရှိ အရာအားလုံး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရပေ။ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုအောက်မှ ခွဲထွက်၍မရပေ။ သူ၏အုပ်ချုပ်မှုကို ဆုံးရှုံးခြင်းနှင့် သူ၏ပံ့ပိုးမှုကို ဆုံးရှုံးခြင်းသည် လူတို့၏ဘဝများ၊ အသွေးအသားနှင့် လူတို့၏ဘဝများ ပျောက်ကွယ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးဖြစ်စေ သို့မဟုတ် မည်သည့်ကုန်းမြေတွင် နေသည်ဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်မှ သင့်ကိုယ်သင် ခွဲထွက်၍မရပေ။ ထို့ပြင် လူသားတို့အတွက် သူတည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်၏ ပြုစုစောင့်ရှောက်ခြင်း၊ ပံ့ပိုးခြင်းများမှ သင်ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း၊ အသက်ရှင်သန်ရန်အတွက် သင်မှီခိုသည့်အရာ၊ အသွေးအသားနှင့် သင့်ဘဝကို ထောက်ပံ့ရန် သင်မှီခိုသည့်အရာသည် မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုမှ သင့်ကိုယ်သင် ခွဲထွက်၍ မရနိုင်ပေ။ အချို့လူများက ဤသို့ပြောသည်။ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ၊ အသက်မွေးဝမ်းကျောင်းရေးအတွက် ကောက်ပဲသီးနှံမစိုက်ပါ။ ကျွန်ုပ်၏အစားအစာအတွက် ကောင်းကင်ဘုံကို အမှီမပြုပါ၊ ထို့ကြောင့် ဘုရားသခင် တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်တွင် ကျွန်ုပ်ရှင်သန်နေသည်မဟုတ်ပါ။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးက ကျွန်ုပ်ကို ဘာမျှမပေးပါ။” သို့သော် ဤသည်မှာ မှန်သလော။ သင်အသက်မွေးရန်အတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု သင်ဆိုသည်။ သို့သော် အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများမစားသလော။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားသလော။ သင်စားသည့်အရာအားလုံး၊ သင်လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ထို့ပြင် လူသားမျိုးနွယ် လိုအပ်သည့် အရာအားလုံး၏ အရင်းအမြစ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ခွဲခြား၍မရပေ။ သင်သောက်သုံးသည့်ရေ၊ သင်ဝတ်သည့် အဝတ်အစား၊ သင်အသုံးပြုသည့် အရာများအားလုံး၊ မည်သည့်အရာသည် အရာအားလုံးထဲတွင် မပါဝင်သနည်း။ အချို့လူများက ဤသို့ပြောသည်။ “အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်သည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်ကို အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်ပါ။ ဤအရာသည် ဓါတုပစ္စည်းဖြစ်သည်။ လူလုပ်ထားသည့် အရာဖြစ်သည်။” ဤသည်မှာ မှန်သလော။ ပလတ်စတစ်သည် လူလုပ်ထားသည့် အရာပင်ဖြစ်သည်။ ဓါတုပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ပလတ်စတစ်၏ နဂိုပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ နဂိုမူလပါဝင်ပစ္စည်းများသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရသည်။ သင်နှစ်သက်ခံစားသည့် အရာများ၊ သင်မြင်သည့်အရာများ၊ သင်အသုံးပြုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ရရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းကျောင်းပင်ဖြစ်စေ၊ သို့မဟုတ် လူများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် နေထိုင်သည့် မည်သည့်ပတ်ဝန်းကျင်အမျိုးအစားပင်ဖြစ်စေ၊ ဤအရာများသည် ဘုရားသခင်၏ ပံ့ပိုးမှုမှ ခွဲထွက်မသွားနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။