ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၇

21.06.2020

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲ၍မရနိုင်သကဲ့သို့ ထိခိုက်၍လည်း မရပေ

၁။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဘွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

၂။ ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

၃။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရားလမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့်အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဤကျမ်းပိုဒ် သုံးပိုဒ်တွင် သင်တို့ အဘယ်အရာကိုမြင်သနည်း။ ဘုရားသခင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် အခြေခံစည်းမျဉ်းတစ်ခုရှိသည်ကို သင်တို့မြင်ခဲ့ကြသလော။ ဥပမာ ဘုရားသခင်က လူသားနှင့်အတူ ပဋိညာဉ်တစ်ခုထူထောင်ရန်အတွက် သက်တံတစ်ခုကို အသုံးပြုခဲ့ပြီး ကမ္ဘာကိုဖျက်ဆီးရန်အတွက် ရေလွှမ်းမိုးခြင်းကို မည်သည့်အခါမျှ နောက်တစ်ခါ အသုံးမပြုတော့ပေဆိုသည်ကို လူသားကိုပြောရန်အတွက် တိမ်ထဲတွင် သက်တံကို ထားခဲ့သည်။ လူများ ယနေ့မြင်ရသည့် သက်တံက ဘုရားသခင်၏နှုတ်မှ ပြောခဲ့သည့် သက်တံနှင့် တူသလော။ ယင်းသက်တံ၏ သဘောတရားနှင့် အဓိပ္ပာယ်က ပြောင်းလဲသွားသလော။ ပြောင်းလဲမသွားသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်က ဤအပြုအမူများကို ဆောင်ရွက်ရန် သူ၏သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားနှင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်သည် ယနေ့အထိ ဆက်လက်တည်ရှိနေပြီး ဤပဋိညာဉ်ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏” ဟုပြောပြီးသည့်နောက်တွင် ဘုရားသခင်သည် ယနေ့အထိ ဤပဋိညာဉ်အရ အမြဲတမ်းပြုမူသည်။ ဤထဲတွင် အဘယ်အရာကို သင်တွေ့မြင်သနည်း။ ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း သူသည် သူ၏အပြုအမူများအပေါ်တွင် စေ့စပ်ပြီး စည်းကမ်းရှိကာ ကတိတည်သည်။ သူ၏ စေ့စပ်သေချာခြင်းနှင့် သူ့အပြုအမူ၏ အခြေခံစည်းမျဉ်းများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် မြင့်မားသည့် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း အရာအားလုံးကို အုပ်စိုးရန် သူ့ထံတွင် တန်ခိုးသြဇာရှိသော်လည်း ဘုရားသခင်သည် တစ်ခါမျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုလုပ်ပေ။ သူ၏သြဇာအာဏာကို အသုံးပြုသည့်အချိန်တိုင်းတွင် သူ၏အခြေခံစည်းမျဉ်းတို့နှင့် အတိအကျကိုက်ညီပြီး သူ့နှုတ်ကပြောသည့်အရာနောက်ကို တိကျစွာလိုက်ကာ သူ့အစီအစဉ်၏ အဆင့်များနှင့် ရည်ရွယ်ချက်များအတိုင်းလုပ်ဆောင်သည်။ ဘုရားသခင်အုပ်စိုးသည့် အရာအားလုံးသည်လည်း ဘုရားသခင်၏ သြဇာအာဏာနှင့် အသုံးပြုထားသည့် အခြေခံစည်းမျဉ်းများကို လိုက်နာကြပြီး မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ သူ့သြဇာအာဏာ၏ အစီအစဉ်မှ မလွတ်ကင်းသကဲ့သို့ သူ၏သြဇာအာဏာအသုံးပြုထားသည့် အခြေခံစည်းမျဉ်းများကို သူတို့ မပြောင်းလဲနိုင်ပေဆိုသည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏အမြင်တွင် ကောင်းချီးခံရသည့်သူများသည် သူ၏သြဇာအာဏာက သယ်ဆောင်လာသည့် ကောင်းမွန်သည့် ကံများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာမူ ဘုရားသခင်၏ သြဇာအာဏာကြောင့် သူတို့၏ အပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာ၏ စိုးပိုင်မှုအောက်တွင် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ သူ၏သြဇာအာဏာသက်ရောက်မှုမှ မကင်းလွတ်သကဲ့သို့ သူ့သြဇာအာဏာသက်ရောက်မှု၏ အခြေခံသဘောတရားများကိုလည်း သူတို့ မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချက်အလက်များ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ အလားတူပင် သူ၏ သြဇာအာဏာ သက်ရောက်မှုရှိသည့် အခြေခံသဘောတရားများသည်လည်း မည်သည့်အကြောင်းပြချက်နှင့်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးက ကြီးစွာသော ပြောင်းလဲမှုကို ကြုံတွေ့နိုင်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ပြောင်းလဲ၍မရသည့်၊ ပုန်ကန်စော်ကား၍မရသည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ လုံးဝ အတုမရှိခြင်းပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

Some of Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။