ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၉

07.07.2020

သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်း၌ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရကို သင်တို့ မြင်နိုင်သလော။ သူ၏ဒေါသအတွင်းမှာ အရောအနှော တစ်ခုခုပါသလော။ ဘုရားသခင်၏ ဒေါသက သန့်စင်သလော။ လူသား၏ စကားကို အသုံးပြုရလျှင် ဘုရားသခင်၏ အမျက်ဒေါသက ဘာမျှ ရောမနေဘူးလော။ သူ၏အမျက်ဒေါသနောက်ကွယ်တွင် လှည့်ကွက်တစ်ခုခု ရှိသလော။ လျှို့ဝှက်ကြံစည်ခြင်းများ ရှိသလော။ ပြောပြ၍မရသည့် လျှို့ဝှက်ချက်များ ရှိသလော။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နှင့် ပြောပြနိုင်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမှာ သံသယဖြစ်နိုင်သည့် အပိုင်းမရှိပေ။ သူ၏ ဒေါသက သန့်စင်သည်။ ရောစပ်ခြင်းမရှိသည့် ဒေါသဖြစ်ပြီး အခြားရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင် မပါဝင်ပေ။ သူ၏ဒေါသအတွက် အကြောင်းပြချက်က သန့်စင်သည်၊ အပြစ်မရှိပေ၊ ဝေဖန်၍ မရနိုင်ပေ။ သဘာဝအလျောက်ထုတ်ဖော်ခြင်းနှင့် သူ၏ သန့်ရှင်းသည့် အနှစ်သာရကို ပြသခြင်းဖြစ်သည်။ မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်သည့် အရာဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်၏ သက်ဆိုင်သည့် အနှစ်သာရများနှင့် သူ၏ဖန်ဆင်းခံများကြားမှာ သိသာသည့် ကွာခြားမှုလည်း ဖြစ်သည်။

လူတစ်ယောက်က အခြားလူများရှေ့မှာ သို့မဟုတ် သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ၊ လူတိုင်းမှာ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ရှိပါသည်။ သူတို့၏ သိက္ခာကို တည်ဆောက်နေခြင်းလည်း ဖြစ်ချင်ဖြစ်မည် သို့မဟုတ် သူတို့၏ နာမည် သို့မဟုတ် အရှက်မရစေဖို့ ထိန်းသိမ်းရင်း သူတို့၏ ကိုယ်ကျိုးကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ကန့်သတ်ထိန်းသိမ်းကြပြီး အခြားလူတို့က ပိုပြီး မစဉ်းမစားဖြစ်ပြီး အနည်းငယ်မျှထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ သူတို့ ဆန္ဒရှိသကဲ့သို့ ဒေါသပေါက်ကွဲကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ ဒေါသသည် သူ၏ ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်ပါသည်။ ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ၊ ဇာတိနှင့် သဘာဝကြောင့်ဖြစ်ပါသည်။ လူသား၏ သဘာဝနှင့် အနှစ်သာရများထဲက ဘယ်အရာကမှ သမ္မာတရားနှင့် ထပ်တူညီခြင်းမရှိသည့်အတွက်ကြောင့် တရားမျှတခြင်း သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမှ မသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို အတူတူ မပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်အားဖြင့် ဖျက်ဆီးခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့် ဆန္ဒနှင့် စတင်ပါသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးမှု၌ အခြေခံပါသည်။ ထို့ကြောင့် သီအိုရီမှာ မည်မျှပင် သင့်တော်သည်ဟု မြင်ရပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် အတူတူပြောဆို၍မရပေ။ ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါမှာ မကောင်းသည့် စွမ်းအားများသည် တားဆီးခံရသည်။ မကောင်းသည့်အရာများသည် ဖျက်ဆီးခံရပြီး တရားမျှတခြင်းနှင့် အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှု၊ အကာအကွယ်တို့ကို ရရှိခံစားရပြီး ရှေ့ဆက်ပြုလုပ်ဖို့ အခွင့်ပေးခံရပါသည်။ တရားမမျှတမှု၊ အဖျက်သဘောနှင့် မကောင်းသည့်အရာများသည် တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သည့်အတွက်ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ပါသည်။ ဘုရားသခင်၏ ဒေါသ၏ ပန်းတိုင်သည် သူ၏ကိုယ်ပိုင်အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို ကာကွယ်ဖို့မဟုတ်ဘဲ တရားမျှတမှု၊ အပြုသဘောဆောင်ခြင်း၊ လှပပြီးကောင်းမွန်သည့်အရာများကို ကာကွယ်ဖို့၊ လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်ရပ်တည်ရေး နိယာမနှင့် အစီအစဉ်ကျမှုများကို ကာကွယ်ဖို့ ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ အရင်းအမြစ်အကြောင်းရင်းဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသသည် အလွန်သင့်လျော်သည်၊ သဘာဝဆန်ပြီး သူ၏စိတ်သဘောထား၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ သူ၏ဒေါသနောက်မှာ မည်သည့်ရည်ရွယ်ချက်မျှ မရှိသကဲ့သို့ လှည့်စားခြင်း သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့ မရှိပေ။ ထို့အပြင် သူ၏ ဒေါသသည် ဆန္ဒ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း သို့မဟုတ် လူသားမျိုးနွယ်တို့ အားလုံးအသုံးပြုကြသည့်အရာအားလုံးကို ဖျက်ဆီးခြင်းတို့ မပါဝင်ပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်ခင်မှာ သူသည် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာ၊ ပြည့်စုံစွာသိမြင်ထားပြီးဖြစ်ပြီး တိကျပြီးရှင်းလင်းသည့် အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် ကောက်ချက်ချမှုများ ဖော်ထုတ်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အကြောင်းအရာတိုင်းမှာ သူ၏ ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် လုံးဝရှင်းလင်းပါသည်။ သူသည် စိတ်ရှုပ်ထွေးသူမဟုတ်ပေ။ သူသည် မစဉ်းမစားမလုပ်ပေ။ စိတ်လိုက်မာန်ပါ မလုပ်ပေ။ ဂရုမစိုက်ဘဲ လုပ်သူမဟုတ်ပေ။ ၎င်းတို့ထက်ပိုပြီး သူသည် စည်းကမ်းမရှိသူ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က သူ၏သာမန်တည်ရှိမှုကို ရရှိနေခြင်းက ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသ မပါဘူးဆိုလျှင် လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် နေထိုင်မှု အခြေအနေများထဲ ကျဆင်းသွားမှာဖြစ်ပါသည်။ တရားမျှတသည့်၊ လှပပြီး ကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရပြီး ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမပါဘူးဆိုလျှင် ဖန်ဆင်းခဲ့သည့် သတ္တဝါတို့အတွက် ဖြစ်တည်မှု နိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးဝ ဖြိုဖျက်ခြင်းခံရပါလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားမှာ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သည့်အတွက်ကြောင့် မကောင်းသည့်လူများအားလုံး၊ အရာဝတ္ထုများ၊ ပစ္စည်းများနှင့် လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏ အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဖျက်ဆီးခြင်းတို့ခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့ တစ်လျှောက်မှာ ဘုရားသခင်သည် သူ၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း လုပ်ဆောင်မှု၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သည့် ဝိညာဉ်အားလုံးကို ရိုက်ချ ဖျက်ဆီးဖို့အတွက် သူ၏ ဖြောင့်မတ်သည့်စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် လူသားကို ကယ်တင်ခြင်းမှာ ဘုရားသခင်၏ လုပ်ဆောင်မှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားများကြားက အဖြောင့်မတ်ဆုံးအရာသည် တစ်ခါမှ မဖျက်ဆီးခံရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။