ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၅၇

15.04.2021

ဘုရားသခင်၏ အလုပ်နှင့် သူ၏ စီမံခန့်ခွဲမှုတို့သည် နေရာတစ်ခုသို့ ရောက်ရှိပါက၊ သူ့စိတ်နှလုံးနှင့် ညီညွတ်သော သူအားလုံးတို့သည် သူ၏သတ်မှတ်ချက်များ အားလုံးကို ဖြည့်စွမ်းနိုင်ပြီ ဖြစ်သည်။ ဘုရားသခင်သည် လူတို့ ရရှိအောင်မြင်နိုင်မှုအရနှင့် သူ၏စံနှုန်းများအရ လူတို့အပေါ် သတ်မှတ်ချက်များကို ပြဋ္ဌာန်းသည်။ သူ့စီမံခန့်ခွဲမှု အကြောင်းကို ပြောနေစဉ်တွင်၊ လူအတွက် နည်းလမ်းကိုလည်း ညွှန်ပြပေးပြီး အသက်ရှင်နိုင်ရန် လမ်းကြောင်းကို ထောက်ပံ့ပေးသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူ၏လက်တွေ့ကျင့်ဆောင်မှုတို့သည် တူညီသည့် အလုပ်အဆင့်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်း လုပ်ဆောင်ကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအကြောင်း ပြောဆိုခြင်းတွင် လူ၏စိတ်သဘောထား ပြောင်းလဲမှုများ အကြောင်း ပါဝင်သည်၊ ထို့အပြင် လူသားက အဘယ်အရာကို လုပ်ဆောင်သင့်သည့်အကြောင်းနှင့် လူသား၏ စိတ်သဘောထားရှိ ပြောင်းလဲမှုများအကြောင်းကို ပြောဆိုခြင်းတွင် ဘုရားသခင်၏ အလုပ်အကြောင်း ပါဝင်သည်။ ထိုနှစ်ခု ခွဲခြားခြင်းခံရသည့် အချိန်သည် မရှိပေ။ လူသား၏ လက်တွေ့လုပ်ဆောင်မှုက တစ်ဆင့်ချင်းစီ ပြောင်းလဲနေသည်။ ဤသို့ဖြစ်ရခြင်းမှာ လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည်လည်း ပြောင်းလဲနေသောကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်သည် အမြဲတမ်း ပြောင်းလဲနေပြီး တိုးတက်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လူသားများ၏ လုပ်ဆောင်မှုသည် အယူဝါဒအထဲတွင် မိနေမည်ဆိုလျှင်၊ ဤအရာက သူသည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လမ်းညွှန်မှုတို့ ကင်းမဲ့နေပြီဟု သက်သေပြနေခြင်းပင် ဖြစ်သည်။ အကယ်၍ လူသား၏ ကျင့်ဆောင်မှုသည် ဘယ်သောအခါမျှ မပြောင်းလဲ သို့မဟုတ် သာ၍ မနက်နဲလာဘူးဆိုလျှင်၊ ဤအရာမှာ လူ၏ကျင့်ဆောင်မှုသည် လူ၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်နေကြောင်း သက်သေပြနေပြီး၊ ယင်းသည် သမ္မာတရားကို ကျင့်ဆောင်ခြင်း မဟုတ်ပေ။ အကယ်၍ လူတွင် နင်းလျှောက်ရန် လမ်းကြောင်းမရှိပါက၊ သူသည် စာတန်၏ လက်အတွင်းသို့ ကျရောက်ပြီးသား ဖြစ်ပြီး၊ စာတန်၏ ချုပ်ကိုင်မှုကို ခံနေရပြီး ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် ဆိုးသော ဝိညာဉ်၏ ချုပ်ကိုင်မှုကို ခံနေရသည်။ အကယ်၍ လူ၏ကျင့်ဆောင်မှုက ပိုမိုနက်နဲမသွားဘူးဆိုလျှင်၊ ဘုရားသခင်၏ အလုပ်သည် ဖွံ့ဖြိုးလာမည် မဟုတ်ပေ။ ထို့ပြင် ဘုရားသခင်၏ အလုပ်က ပြောင်းလဲမှုမရှိလျှင်၊ လူ၏ဝင်ရောက်မှုသည်လည်း ရပ်နားသွားလိမ့်မည်။ ဤအရာက ရှောင်လွှဲ၍မရပေ။ ဘုရားသခင်၏ အလုပ်များအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ဥပဒေသကို အမြဲလိုက်နာရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်သည် တိုးတက်နိုင်မည်မဟုတ်ပေ၊ ခေတ်တစ်ခုလုံးကို အဆုံးသတ်နိုင်ရန် သာ၍ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူသည် လက်ဝါးကပ်တိုင်ကို ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေရမည် ဆိုပါက၊ ဘုရားသခင်၏ အလုပ်ကို ဆက်လက်တိုးတက်စေရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ဥပဒေသများကိုသာ လိုက်နာနေသည့် လူသားများအကြား၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ ဆုပ်ကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲကျင့်ဆောင်နေသော လူသားများအကြားသို့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုကို အကယ်ပင် အဆုံးသတ်နိုင်မည်မဟုတ်ပေ။ ယင်းအစား၊ နောက်ဆုံးသော ကာလမှ ဘုရားသခင်ကို သိပြီး စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရကာ စာတန်၏ အုပ်စိုးမှုမှ မိမိတို့ကိုယ်မိမိ အပြည့်အဝ ကင်းလွှတ်စေပြီး ဖြစ်သည့် သူတို့အကြားတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်သည်။ ဤကား ဘုရားသခင်အလုပ်၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များမှ လက်တွေ့ လုပ်ဆောင်မှုသည် ခေတ်နောက်ကျနေသည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သူတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အလုပ်နှင့် ကွဲပြားနေသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ သူတို့ လက်တွေ့ လုပ်ဆောင်သောအရာက မှန်ကန်သည်၊ သို့သော် ခေတ်ကကုန်ဆုံးသွားပြီ ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကလည်း ပြောင်းလဲသွားပြီဖြစ်သည်၊ သူတို့၏ လက်တွေ့လုပ်ဆောင်မှုက တဖြည်းဖြည်းနှင့် ခေတ်နောက်ကျသွားသည်။ အလုပ်သစ်နှင့် အလင်းသစ်တို့က ယင်းကို စွန့်ပစ်ထားခဲ့ပြီး ဖြစ်သည်။ ယင်း၏ မူလအခြေခံအုတ်မြစ်ကို အခြေပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က သာ၍နက်နဲသော အဆင့်အချို့သို့ တိုးတက်လာပြီး ဖြစ်သည်။ သို့သော်လည်း ထိုသူတို့သည် ဘုရားသခင် အလုပ်၏ မူလအဆင့်တွင် တည်ရှိသောင်တင်နေဆဲ ဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်း ပိုမိုကြီးမားသည့် ပြောင်းလဲမှုများ မဖြစ်လာနိုင်ပေလော။ အကယ်၍ လူသား၌ အသစ်သော အလင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မီအောင်လိုက်ခြင်း မရှိခဲ့ဟု အဓိပ္ပာယ်သက်ရောက်သည်။ ဤကား လူ၏ချွတ်ယွင်းချက်ပင် ဖြစ်သည်။ ဘုရားသခင် အလုပ်သစ်၏ ဖြစ်တည်ခြင်းကို ငြင်းဆန်၍မရပါ၊ အဘယ်ကြောင့်ဆိုသော်၊ ယနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ မူလရှိသည့် ထိုသူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စီးဆင်းမှုထဲတွင် ရှိနေသည့် လူအားလုံးတို့သည် တစ်ဆင့်ပြီးတစ်ဆင့်၊ ပိုနက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေရမည်ဖြစ်သည်။ သူတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်သင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မသိသော ထိုသူများသာ သူ၏ မူလအလုပ်တွင် ရှိနေလိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို လက်ခံလိမ့်မည် မဟုတ်ပေ။ နာခံခြင်းမရှိသည့် ထိုသူများသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိင်လိမ့်မည် မဟုတ်ပေ။ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သစ်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အလုပ်နှင့် ပိုင်းပြတ်နေမည်မှာ သေချာပြီး၊ ယနေ့အလုပ်နှင့် သဟဇာတဖြစ်မည် မဟုတ်ကြောင်း သေချာနေသည်။ ထိုသို့ ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်၏ သက်သေခံမည့် ထိုနောက်ဆုံးသောလူများဖြစ်ရန် မဆိုထားနှင့် ဘုရားသခင်၏ အလိုတော်ကို အကယ်ပင် မလုပ်ဆောင်နိုင်ချေ။ ထို့ထက်ပိုပြီး စီမံခန့်ခွဲမှုအလုပ် တစ်ခုလုံးကို ထိုသို့သော လူစုအကြားတွင် အဆုံးမသတ်နိုင်ပေ။ ယေဟောဝါ၏ ပညတ်ချက်ကို တစ်ချိန်ကကိုင်စွဲသူနှင့် လက်ဝါးကပ်တိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲခံရသည့် ထိုသူတို့သည်၊ နောက်ဆုံးသောကာလ၏ အလုပ်အဆင့်ကို လက်မခံနိုင်ပါက၊ သူတို့ လုပ်ဆောင်ခဲ့သည်များ အားလုံးက အနှစ်မဲ့ပြီး အသုံးမဝင် ဖြစ်သွားလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အရှင်းဆုံးသော ဖော်ပြချက်မှာ ယခုအချိန်နှင့် ယခုနေရာအတွက် အကျုံးဝင်နေပြီး၊ ယခင်အတိတ်ကို ဖက်တွယ်မနေခြင်း ဖြစ်သည်။ ယနေ့အလုပ်ကို လိုက်မမီသည့် ထိုသူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ကွဲပြားသွားသည့် ထိုသူများတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ လက်ရှိအလုပ်ကို ဖီဆန်ကြသည်။ သူတို့သည် အတိတ်က အလင်းကို ဆုပ်ကိုင်သော်လည်း၊ ထိုသို့ပြုခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မသိဟု ငြင်းပယ်ရန် ဖြစ်နိုင်သည်ဟု မဆိုလိုပါ။ လူ၏လက်တွေ့လုပ်ဆောင်မှု ပြောင်းလဲခြင်း အကြောင်း၊ ယခင်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှု မတူညီပုံများ၊ ပြီးခဲ့သည့်ခေတ်က လက်တွေ့လုပ်ဆောင်မှု မည်သို့ လုပ်ဆောင်ခဲ့သည်နှင့် ယနေ့တွင် မည်သို့လုပ်ဆောင်သည်ကို အဘယ်ကြောင့် အားလုံးက ပြောဆိုနေသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်က အစဉ်မပြတ် ရှေ့သို့ရွေ့လျားနေသည့်အတွက် လူသား၏ လက်တွေ့လုပ်ဆောင်မှု အပိုင်းအခြားများသည် အမြဲပြောဆိုခြင်း ခံရပြီး၊ ထို့အတွက်ကြောင့် လူသား၏ လက်တွေ့လုပ်ဆောင်မှုက အစဉ်မပြတ် ပြောင်းလဲမှုရှိရန် လိုအပ်သည်။ လူသည် အဆင့်တစ်ခုတွင် ရပ်တန့်ကျန်ရစ်နေပါက၊ ဤကား သူသည် ဘုရားသခင်၏အလုပ်နှင့် အသစ်သော အလင်းကို အမီလိုက်ရန် မတတ်နိုင်ကြောင်းကို သက်သေပြနေခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် ပြောင်းလဲခြင်း မရှိခဲ့ဟု သက်သေပြခြင်း မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိနေသည့် ထိုသူများက မိမိတို့မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်သော်ငြားလည်း၊ အမှန်တကယ်မှာ၊ သူတို့အတွင်းမှ ဘုရားသခင်၏အလုပ်သည် ကြာမြင့်စွာ ကတည်းကပင် ရပ်တန့်သွားပြီး၊ သူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လည်း ကင်းမဲ့နေပြီဖြစ်သည်။ ကြာမြင့်စွာကတည်းကပင် ဘုရားသခင်၏ အလုပ်သည် အခြားလူတစ်စုဆီသို့၊ သူ၏အလုပ်သစ်ကို ပြီးမြောက်အောင်ဆောင်ရွက်ရန် သူရည်ရွယ်သည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအတွင်း ရှိနေသည့် ထိုသူများသည် ဘုရားသခင်၏ အလုပ်သစ်ကို လက်မခံနိုင်ကြဘဲ၊ ယခင်က အလုပ်ဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်က ထိုသူများကို စွန့်ပစ်ခဲ့ပြီး၊ ဤအလုပ်သစ်ကို လက်ခံသည့် သူများအပေါ် သူ၏အလုပ်သစ်ကို လုပ်ဆောင်သည်။ ထိုလူတို့သည် သူ၏အလုပ်သစ်ကို ပူးပေါင်းဆောင်ရွက်သည့်သူများဖြစ်ပြီး၊ ဤနည်းလမ်းအားဖြင့်သာ သူ၏စီမံခန့်ခွဲမှုက အောင်မြင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့သို့ရွေ့လျားနေပြီး၊ လူ၏လက်တွေ့လုပ်ဆောင်မှုကလည်း အမြဲတမ်း မြင့်မားလာသည်။ ဘုရားသခင်သည် အစဉ်အမြဲ အလုပ်လုပ်နေပြီး၊ လူသည် အမြဲတမ်း လိုအပ်နေသည်။ ဤသို့ဖြင့် နှစ်ဦးနှစ်ဖက်လုံး အထွတ်အထိပ်သို့ရောက်ကာ၊ ဘုရားသခင်နှင့် လူသည် ပြည့်ဝစွာ ပေါင်းစည်းသည်။ ဤကား ဘုရားသခင်အလုပ် အောင်မြင်မှု၏ ဖော်ပြမှုဖြစ်ပြီး၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။