ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၇၂

16.04.2021

ဘုရားသခင်ကိုယ်တိုင်၏အမှုဖြစ်စေ၊ အသုံးပြုခြင်းခံရသော လူများ၏ အလုပ်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင်ရှိသော အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်များတွင် မတူညီသည့် အမည်နာမများဖြင့် ခေါ်ဆိုသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် တစ်ခုတည်း ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် အလုပ်လုပ်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်ထက် တစ်ပြားသားမျှ မလျော့ပေ။ အသုံးပြုခြင်း ခံရသော လူတို့၏ အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော လုံးဝ မှန်ကန်သည့် ဖော်ပြချက် ဖြစ်သည်၊ အသုံးပြုခြင်းခံရသော လူတို့၏ အလုပ်မှာမူ လူသား၏ အမှုအရာများစွာနှင့် ရောနှောနေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ပြီးပြည့်စုံသော ဖော်ပြချက်ဖြစ်ဖို့ မဆိုထားနှင့် သူ၏ တိုက်ရိုက်ဖော်ပြချက်ပင် မဟုတ်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားခြားနားပြီး မည်သည့် အခြေအနေများနှင့်မျှ ကန့်သတ်မထားပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ကွဲပြားသော လူများတွင် ကွဲပြားခြားနားသည်၊ ယင်းသည် ကွဲပြားသော အနှစ်သာရများကို ထင်ရှားစေပြီး၊ ခေတ်အပြင် နိုင်ငံများအားဖြင့် ကွဲပြားလေသည်။ ဟုတ်ပေ၏၊ သန့်ရှင်းသောဝိညာဉ်တော်သည် မတူညီသော နည်းလမ်း များစွာဖြင့် အလုပ်လုပ်ပြီး အခြေခံသဘောတရား များစွာအတိုင်း အလုပ်လုပ်သော်လည်း၊ အလုပ်ကို မည်သို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် လူအမျိုးအစားတို့အပေါ် လုပ်ဆောင်သည် ဖြစ်စေ ယင်း၏ အနှစ်သာရသည် အမြဲ ကွဲပြားခြားနားပေသည်။ မတူညီသော လူများအပေါ် လုပ်ဆောင်သော အလုပ်အားလုံးသည် ၎င်း၏ အခြေခံသဘောတရားများ ရှိပြီး၊ ထိုအလုပ်တစ်ခုလုံးသည် အပြုခံအရာများ၏ အနှစ်သာရကို ကိုယ်စားပြုနိုင်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် နယ်ပယ်အားဖြင့် အတော်အတန် တိကျပြီး အတော်အတန် ချင့်ချင့်ချိန်ချိန် ဖြစ်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သည့် အမှုသည် လူတို့အပေါ် ဦးစီးဦးရွက်ပြုသော အလုပ်နှင့် မတူညီသကဲ့သို့၊ ထိုအလုပ်သည် ဦးစီးဦးရွက်ပြုခံရသော လူ၏ အရည်အချင်းနှင့်အညီလည်း ကွဲပြားလေသည်။ လူ့ဇာတိခံ ခန္ဓာတွင် လုပ်ဆောင်သော အလုပ်ကို လူတို့အပေါ် မလုပ်ဆောင်သကဲ့သို့ ယင်းသည် လူတို့အပေါ် လုပ်ဆောင်သော အလုပ်နှင့် မတူညီပေ။ အတိုချုပ်အားဖြင့်၊ ယင်းကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ကွဲပြားသော အရာများအပေါ် ဆောင်ရွက်သော အမှုသည် လုံးဝ မတူညီသကဲ့သို့၊ သူလုပ်ဆောင်သည့် အခြေခံသဘောတရားများသည် သူအမှုပြုသော ကွဲပြားသည့် လူများ၏ အခြေအနေနှင့် သဘာဝဗီဇများနှင့်အညီ ကွဲပြားလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မတူညီသော လူတို့၏ ရှိရင်းစွဲ အနှစ်သာရအပေါ် အခြေခံ၍ ၎င်းတို့အပေါ် အလုပ်လုပ်ပြီး၊ ယင်းအနှစ်သာရကို ကျော်လွန်သည့် တောင်းဆိုမှုများကို ၎င်းတို့အပေါ် မပြုသကဲ့သို့၊ ၎င်းတို့၏ မွေးရာပါ အရည်အချင်းကို ကျော်လွန်သည့် အမှုကိုလည်း ၎င်းတို့အပေါ် မလုပ်ဆောင်ချေ။ သို့ဖြစ်၍၊ လူသားအပေါ်တွင်ပြုသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် ယင်းအလုပ်၏ အပြုခံအရာ၏ အနှစ်သာရကို လူတို့အား တွေ့မြင်ခွင့်ပေးလေသည်။ လူသား၏ ရှိရင်းစွဲ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ မွေးရာပါ အရည်အချင်းသည် အကန့်အသတ်ရှိ၏။ ယင်းမှ လူတို့ အကျိုးရရှိနိုင်ဖို့အလို့ငှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့၏ အရည်အချင်း ကန့်သတ်ချက်များနှင့်အညီ လူတို့ကို အသုံးပြုသည် သို့မဟုတ် လူတို့အပေါ် အလုပ်လုပ်လေသည်။ အသုံးပြုခြင်း ခံရသည့် လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သောအခါတွင်၊ ထိုလူတို့၏ ပါရမီများနှင့် မွေးရာပါ အရည်အချင်းသည် ထိန်ချန်မထားဘဲ ပွင့်အန်ထွက် လာလေသည်။ ၎င်းတို့၏ မွေးရာပါ အရည်အချင်းသည် အမှုနှင့်သက်ဆိုင်သော ဝန်ဆောင်မှုတွင် အသုံးပြုခံရလေသည်။ သူသည် ယင်းအမှုတွင် ရလဒ်များ ရရှိဖို့အလို့ငှာ၊ လူများ၏ အသုံးပြု၍ရသော အစိတ်အပိုင်းများကို သူ၏ အမှုတွင် အသုံးပြုသည်ဟု ဆိုကောင်းဆိုနိုင်ပေသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ လူ့ဇာတိခံ ခန္ဓာ၌ လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်၏ အလုပ်ကို တိုက်ရိုက်ဖော်ပြပြီး၊ လူ၏စိတ်နှင့် အတွေးများဖြင့် ရောနှောခြင်းမရှိပေ။ လူသား၏ ပါရမီများဖြစ်စေ၊ လူ၏ အတွေ့အကြုံဖြစ်စေ၊ လူသား၏ မွေးရာပါအခြေအနေဖြစ်စေ ယင်းကို လက်လှမ်း မမီနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ မရေမတွက်နိုင်သော အလုပ်အားလုံးသည် လူသားကို အကျိုးပြုရန်နှင့် စိတ်ဓာတ်မြှင့်တင်ပေးရန် ရည်ရွယ်ပေသည်။ သို့ရာတွင် လူအချို့သည် စုံလင်စေခြင်း ခံရနိုင်သော်လည်း၊ အခြားသူများသည် စုံလင်စေခြင်းအတွက် သတ်မှတ်ချက်များ မပိုင်ဆိုင်ပေ၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်း မခံရနိုင်သကဲ့သို့၊ နည်းနည်းမျှ ကယ်တင်မခံရနိုင်ဟု ဆိုလိုပြီး၊ ၎င်းတို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိခဲ့ကောင်း ရှိခဲ့နိုင်သော်လည်း၊ အဆုံး၌ ဖယ်ရှားခံကြရပေသည်။ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် လူတို့ကို စိတ်ဓာတ်မြှင့်တင်ရန် ဖြစ်သော်လည်း၊ ၎င်းတို့၏ လိုက်စားရှာဖွေမှုတွင် လူများစွာ လိုက်လျှောက်သော လမ်းကြောင်းသည် စုံလင်စေခြင်းဆီသို့သွားသည့် လမ်းကြောင်း မဟုတ်သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရရှိခဲ့ပြီးဖြစ်သည့် လူတိုင်း လုံးဝ စုံလင်စေခြင်း ခံရလိမ့်မည်ဟု ပြော၍မရနိုင်ဟု ဆိုခြင်းဖြစ်သည်။ ၎င်းတို့သည် ခံစားချက်အရဖြစ်သော လူသား၏ ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့၊ လူသား၏ မှန်ကန်သော အားထုတ်မှု မရှိဘဲ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တစ်ဖက်သတ် လုပ်ဆောင်မှုသာ ရှိလေသည်။ ဤအကြောင်းကြောင့်၊ ဤလူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စုံလင်စေခြင်းခံရသော သူတို့ကို အစေခံရန် ဖြစ်လာလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့က တိုက်ရိုက် မမြင်နိုင်သကဲ့သို့၊ လူတို့ကိုယ်တိုင် တိုက်ရိုက် မထိတွေ့နိုင်ပေ။ ယင်းသည် အမှုနှင့်သက်ဆိုင်သော ပါရမီရှိသူတို့ အားဖြင့်သာ ဖော်ပြခံရနိုင်လေသည်၊ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လူတို့ ပြုလုပ်သော ဖော်ပြချက်များမှတစ်ဆင့် နောက်လိုက်များအား ထောက်ပံ့ ပေးထားခြင်း ဖြစ်သည်ဟု ဆိုလိုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။