ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၈၀

19.04.2021

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်ရှင်သန်မှုအတွက် ဒဿနများ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အနှစ်သာရကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် အသက်ရှင်သန်မှုအတွက် အတွေးအခေါ်မဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများအထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏မနာခံမှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

ခရစ်တော်သည် ဝိညာဉ်တော်၏ သဘောသဘာဝကို ဆောင်သည်

လူ့ဇာတိခံဘုရားသည် လူသားတို့၏ ပင်ကိုသဘာဝနှင့် ပြုသမျှအားလုံး၊ လူသားတို့ ဖောက်ပြန်စိတ်၊ ပုန်ကုန်သောအပြုအမူ၊ အားလုံးသူသိပြီး ထုတ်ဖော် လောကီသားများနှင့် သူအသက်မရှင် သို့သော် သူတို့ဒုစရိုက်နှင့် သဘာဝကို သိသည် ဒါကတော့ သူ့ရဲ့သဘာဝ သူသည် လောကနှင့် မဆက်ဆံလည်း ဘယ်လိုမျိုး ကိုင်တွယ်ရမည်ကို သူအမြဲတမ်းပဲ သိသည် လူသားတို့အား သူနားလည်ပြီး သူတို့ သဘာဝကို အပြည့်အဝနားလည်…အို

လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြားနိုင်သော ယနေ့နှင့် ကုန်လွန်တဲ့အတိတ်က ဝိညာဉ်တော်၏ လုပ်ဆောင်မှုများအား သူသည် ကောင်းမွန်စွာ နားလည်ထားသည် လူနားမလည်နိုင်သည့် အံ့ဖွယ်အရာ ခံယူချက်မဟုတ်သည့် ပြတဲ့ ဉာဏ်ပညာ ဒါကတော့ သူ့ရဲ့သဘာဝ ဖုံးဝှက်၊ ထုတ်ဖော် လူသားတို့ဆီမှ သူ့ဖော်ပြမှု များ သည် ထူးခြားသော လူ၏ ထုတ်ဖော်ခြင်းမဟုတ် ဝိညာဉ်တော်၏ ဝိသေသ လက္ခဏာနှင့် သဘောကိုဆောင်သည်…အို

ဒီကမ္ဘာတစ်ဝှမ်း သူသည်မလှည့်လည်သည့်တိုင် ထိုအကြောင်း အရာ အားလုံး သူသိနေ သူ့စကားများသည် ဂုဏ်မြင့်သောလူသားထက်တွင်ရှိလည်း ပညာ၊ ဉာဏ်နည်းသော သူများနှင့် တွေဆုံ လူ့အစဉ်အလာမသိ၊ ဘယ်လို အသက် ရှင်ရမှန်း မသိ၊ နုံချာထုံထိုင်းသော လူများတွင် သူအသက်ရှင်ခဲ့သည်။ မှန်ကန်တဲ့ လူ့ဘဝအတိုင်းနေထိုင်ရန် သူတောင်းဆိုသလို သူတို့ဘယ်လို အောက်ကျ၊ ဘယ်လို နိမ့်ကျကြောင်း ထုတ်ဖော်ခဲ့ ဒါ သူ့သဘာဝပါ လူ့သဘာဝ၏ အထက်တွင်ရှိ။ စီရင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူကို သူ လေ့လာနားလည်မှု မဟုတ်ပေ။ လူ မနာခံခြင်းကို ရွံရှာ သောကြောင့် သူတို့မတရားမှုများကို ထုတ်ဖော်သည်။ သူ့သဘာဝနှင့် သူ စိတ်သဘောထား သူ့စိတ်သဘောထား လူကိုထုတ်ဖော်ဖို့ပင် ဘယ်လူမှ ထုတ်ဖော်မှုမပြုနိုင် ခရစ်တော်မှ အပ…အို

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။