ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၀

25.09.2020

ယနေ့ သင့်အနေဖြင့် မည်ကဲ့သို့ သိမ်းပိုက်ခံရရန်နှင့် လူတို့အနေဖြင့် သိမ်းပိုက်ခံရပြီးနောက် မည်သို့ ကိုယ်တိုင်ပြုမူ ကျင့်ကြံကြသည်ကို သတိပြုရပါမည်။ သိမ်းပိုက်ခြင်း ခံရပြီး ဖြစ်သည်ဟု သင်ပြောကောင်း ပြောမည်၊ သို့သော် သေခြင်းတိုင်အောင် သင်နာခံနိုင်ပါမည်လော။ မည်သို့သော အလားအလာများ ရှိနေပါလေ့စေ အဆုံးစွန်ထိ နာခံနိုင်ရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ပဓာနမထားပဲ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းကို လက်မလွတ်ပဲ ဆုပ်ကိုင်ထားရပါမည်။ နောက်ဆုံးအနေဖြင့် သေခြင်း သို့တိုင် နာခံသော ယောဘ၏ သက်သေ၊ ဘုရားသခင်ကို အထွတ်အထိပ်ချစ်သော ပေတရု၏ သက်သေ တည်းဟူသော သက်သေလက္ခဏာ နှစ်ပါးကို သင်ပိုင်ဆိုင်ဖို့လိုသည်။ အင်္ဂါရပ်တစ်ခု အနေဖြင့် သင်သည် ယောဘကဲ့သို့ ဖြစ်ရပါမည်။ သူသည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကင်းမဲ့ပြီး အသွေးအသားနာကျင်မှုနှင့် ဝန်းရံ ကြုံတွေ့ နေရသော်လည်း ယေဟောဝါ၏ အမည်နာမကို မစွန့်လွှတ်ခဲ့ပါ။ ဤသည်မှာ ယောဘ၏ သက်သေ ဖြစ်သည်။ ပေတရုသည်လည်း ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့ပါသည်။ ကားစင်တင်ခံရပြီး သူသေဆုံးချိန်တွင်ပင် ဘုရားသခင်ကို သူချစ်မြဲချစ်ခဲ့၏။ သူ၏ကိုယ်ပိုင်တက်လမ်းကို မငဲ့ကွက်ခဲ့သလို ကြီးကျယ်ခမ်းနားသော မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးအခေါ်များကို မဆည်းပူးခဲ့ပဲ ဘုရားသခင်ကိုသာချစ်ဖို့နှင့် ဘုရားသခင်၏ စီမံချက်အားလုံးကို လိုက်နာဖို့ သူကြိုးစားခဲ့သည်။ ဤသို့သော အရာမှာ သက်သေခံတစ်ဦးဟု သင့်ကိုမသတ်မှတ်ခင်၊ သိမ်းပိုက်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူ တစ်ဦး မဖြစ်မီ သင်ပိုင်ဆိုင်ရမည့် စံဖြစ်သည်။ ယနေ့ လူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အနှစ်သာရနှင့် အဆင့် အတန်းကို အမှန်သိခဲ့မည်ဆိုလျင် ၎င်းတို့ရှေ့ရေးနှင့် မျှော်လင့်ချက်များကို ရှာဖွေနေကြဦးမည်လော။ သင်သိထားရမည့် အရာမှာ “ကျွန်ုပ်ကို စုံလင်စေသည်ဖြစ်စေ၊ မစုံလင်စေသည်ဖြစ်စေ ဘုရားသခင် နောက်ကို ကျွန်ုပ်လိုက်နေမည် ဖြစ်သည်။ ယခု သူလုပ်ဆောင်သော အရာခပ်သိမ်းသည် ကောင်းမြတ်ပြီး ကျွန်ုပ်အတွက် လုပ်ဆောင်ခြင်းဖြစ်ကာ ထိုသို့အားဖြင့် ကျွန်ုပ်တို့၏ စိတ်သဘောထား ပြောင်းလဲနိုင်မည် ဖြစ်သကဲ့သို့ စာတန်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကို ရုန်းထွက်ပြီး ညစ်ညမ်းသောမြေမှာ ကျင်လည်ခွင့်ရလျက်ပင် ညစ်ညမ်းမှုကို မိမိကိုယ်မှ ဖယ်ရှားကာ ညစ်ညမ်းမှုနှင့် စာတန်၏ လွှမ်းမိုးမှုကို ခါချပြီး စာတန်၏ လွှမ်းမိုးမှုကို နောက်ချန်ထား ခဲ့စေနိုင်မည် ဖြစ်သည်” ဟူ၍ပင်။ မှန်ပါသည်၊ ဤသည်မှာ သင်လုပ်ဆောင်ဖို့ လိုအပ်သည့်အရာ ဖြစ်သော် လည်း ဘုရားသခင်အတွက်မှာမူ သိမ်းပိုက်ခြင်းမျှသာဖြစ်ပြီး ထိုသို့အားဖြင့် လူတို့က နာခံဖို့ စိတ်ပိုင်းဖြတ်ကြကာ ဘုရားသခင်၏ စီစဥ်ညွှန်ကြားခြင်းများ အဖြစ်သို့ ဝန်ခံအပ်နှံနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် အမှုအရာများကို ပြီးမြောက်လိမ့်မည်ဖြစ်သည်။ ယနေ့တွင် လူအများစုမှာ သိမ်းပိုက်ခြင်း ခံရပြီးသူများ ဖြစ်ကြသော်လည်း ၎င်းတို့အတွင်း၌မူ ပုန်ကန်ခြင်းနှင့် မနာခံခြင်းများစွာ ရှိနေသေး၏။ လူတို့၏ စစ်မှန်သော ဝိညာဥ်အသက်တာ မှာ အလွန်တရာ သေးငယ်လျက်ပင် ရှိသေးသည်။ သူတို့သည် မျှော်လင့်ချက်နှင့် အလားအလာရှိမှသာ အားမာန်အပြည့် ဖြစ်လာတတ်ကြပေသည်။ မရှိလျှင်မူကား အနုတ်လက္ခဏာ ဆောင်လာတတ်ကြပြီး ဘုရားသခင်ကို စွန့်ပစ် ဖို့ရန်ပင် စဉ်းစားတတ်ကြ၏။ လူတို့သည် သာမန် လူ့သဘောသဘာဝထဲမှ ရှင်သန်မှုကို ရှာဖွေဖို့ ဆန္ဒကြီးကြီးမားမား မရှိကြပါ။ ထိုသို့သောအရာက အလုပ်ဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့် သိမ်းပိုက်ခြင်းအကြောင်းကို ငါဆက်ပြောရပါမည်။ သိမ်းပိုက်ခြင်းနှင့် တစ်ချိန်တည်းမှာ စုံလင်ခြင်း ဖြစ်ပေါ်သည်။ သင့်အနေဖြင့် သိမ်းပိုက်ခြင်း ခံရလျှင် စုံလင်ခြင်းဖြစ်စေသည့် ပထမဦးဆုံးသော အကျိုးတရားကိုလည်း ရရှိခြင်းဖြစ်သည်။ သိမ်းပိုက်မှုခံရခြင်းနှင့် စုံလင်ခြင်းသို့ ရောက်ရှိစေခြင်းတို့ကြား ခြားနားချက်တစ်ခုရှိပြီး လူတို့၏အထဲက ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင် သည်။ သိမ်းပိုက်မှုခံရခြင်းသည် စုံလင်စေခြင်း၏ ပထမအဆင့်ဖြစ်ပြီး စုံလင်မှု အပြည့်အဝရှိသည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင်က လုံးဝပိုင်ဆိုင်ပြီဟူသော သက်သေလည်း မဟုတ်ပါ။ လူတို့သည် သိမ်းပိုက်မှု ခံယူပြီးချိန်တွင် ၎င်းတို့၏ စိတ်သဘောထားထဲတွင် အပြောင်းအလဲအချို့ ရှိပါသည်။ သို့သော် ထိုအပြောင်းအလဲများမှာ ဘုရားသခင်က အပြည့်အဝ ပိုင်ဆိုင်ထားပြီးဖြစ်သူတို့ အတွင်းရှိ အရာများကို မီဖို့များစွာ လိုပါသေး၏။ ယနေ့ ပြီးမြောက်သော အရာမှာ စုံလင်စေခြင်း၏ အစလုပ်ဆောင်မှု ဖြစ်သည့် လူတို့ကို သိမ်းပိုက်ခြင်းဖြစ်ပြီး သင့်အနေဖြင့် သိမ်းပိုက်မှုကို မခံယူနိုင်လျှင် စုံလင်ခြင်းနှင့် ဘုရားသခင်မှ လုံးဝပိုင်ဆိုင်ခြင်းအဖြစ်သို့ ရောက်ဖို့ အကြောင်းမရှိပါ။ သင့်အနေဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုအနည်းငယ်သာ ခံရရုံရှိမည်။ သို့သော် ထိုအရာတို့က သင်၏ နှလုံးသားကို လုံးလုံး ပြောင်းလဲစေဖို့ မစွမ်းဆောင်နိုင်ပါ။ ထိုသို့အားဖြင့် သင်သည် သုတ်သင်ပယ်ရှင်းခြင်း ခံရသူတို့ထဲမှ တစ်ယောက်ဖြစ်ပေမည်။ ထိုအရာမှာ စားပွဲပေါ်ရှိ ခမ်းနားသည့် ပွဲတော်ကိုသာ မြင်ရပြီး မစား မသောက်သော အဖြစ်နှင့် မခြားနားပါ။ ဤအရာမှာ ဝမ်းနည်းစရာ မကောင်းပေဘူးလား။ ထို့ကြောင့် သင့်အနေဖြင့် ပြောင်းလဲမှုများကို ရှာဖွေမှ ဖြစ်မည်။ သိမ်းပိုက်မှု ခံရခြင်းဖြစ်စေ စုံလင်စေခြင်းဖြစ်စေ နှစ်ခုလုံးသည် သင့်အထဲက ပြောင်းလဲခြင်းများ၊ သင်နာခံမှုရှိ၊ မရှိဆိုသည့် အရာတို့နှင့်သက်ဆိုင်ပြီး ထိုအရာက သင့်ကို ဘုရားသခင် ပိုင်ဆိုင်နိုင်မည်လော ဆိုသည့်အရာကို ဆုံးဖြတ်ပေးသည်။ “သိမ်းပိုက်မှု ခံရခြင်း” နှင့် “စုံလင်စေခြင်း” တို့သည် ပြောင်းလဲခြင်း၊ နာခံမှုတို့၏ အတိုင်းအတာနှင့် သက်ဆိုင်သကဲ့သို့ ဘုရားသခင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာ ဖြူစင်မှုအပေါ် အတိအလင်း မူတည်နေသည်။ ယနေ့လိုအပ်သည်မှာ သင့်အနေဖြင့် လုံးဝစုံလင်ခြင်းသို့ ရောက်နိုင်သော်လည်း အရင်ဦးစွာ သိမ်းပိုက်ခြင်းကို ခံယူဖို့ဖြစ်သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအကြောင်းကို သင်စေ့စေ့ငှငှ သိရမည်ဖြစ်ပြီး လိုက်နာဖို့ ယုံကြည်ချက်ရှိရမည် ဖြစ်သကဲ့သို့ ပြောင်းလဲခြင်းများကို ရှာဖွေသောသူ ဖြစ်ရမည်ဖြစ်ကာ အကျိုး သက်ရောက်မှုများ ရှိရပါမည်။ သို့မှသာ သင့်အနေဖြင့် စုံလင်ခံရခြင်းကို ရှာဖွေသောသူ ဖြစ်ပါလိမ့်မည်။ သင်တို့သည် စုံလင်အောင် ပြုပြင်ခြင်းခံရစဉ်တွင် သိမ်းပိုက်မှု ခံရမည်ဖြစ်ပြီး သိမ်းပိုက်မှုခံရစဉ်တွင် စုံလင်စေခြင်း ရရှိမည်ကို နားလည်ထားရပါမည်။ ယနေ့ လူ့ပြင်ပသဘောတွင် စုံလင်စေခြင်း သို့မဟုတ် ပြောင်းလဲမှုနှင့် သင်၏အရည်အသွေး တိုးတက်မှုတို့ကို ရှာဖွေနိုင်သော်လည်း ပင်မအရေးကြီးသောအရာမှာ ယနေ့ဘုရားသခင် လုပ်ဆောင်သောအရာအားလုံး အဓိပ္ပါယ်ရှိပြီး အကျိုး ကျေးဇူးရှိသည်ကို နားလည် သဘောပေါက်ဖို့ ဖြစ်သည်။ ထိုအရာက ညစ်ညမ်းသောမြေတွင် ရှင်သန်သော သင့်အား ညစ်ညမ်းသောအရာများကို ဖယ်ရှား ခါထုတ်နိုင်စေမည် ဖြစ်သည်။ စာတန်၏ လွှမ်းမိုးမှုကို အနိုင်ယူပြီး စာတန်၏ မှောင်မိုက်လွှမ်းမိုးမှုကို အနိုင်ရ ကျော်လွှားနိုင်စေကာ ဤအရာများကို အလေးထား ရင်းဖြင့် ညစ်ညမ်းသောမြေ၌ ကွယ်ကာခြင်းကို သင်ရရှိမည်ဖြစ်သည်။ နောက်ဆုံးမှာ မည်သို့သော သက်သေကို သင်ပြဖို့လိုအပ်မည်နည်း။ ညစ်ညမ်းသော မြေမှာ သင်ရှင်သန်သော်လည်း သန့်ရှင်းသူ ဖြစ်လာနိုင်စွမ်းရှိပြီး နောက်ထပ် ညစ်ညမ်းခြင်း မသန့်စင်ခြင်း မရှိတော့ပါ။ သင့်အနေဖြင့် စာတန်၏ ပိုင်နက်မှာ အသက်ရှင်သော်လည်း သင့်ကိုယ်သင် စာတန်၏လွှမ်းမိုးမှုမှ ရှောင်ထွက်သွားနိုင်ပြီး စာတန်က ပိုင်ဆိုင်ခြင်း နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။ အနန္တတန်ခိုးရှင်၏ လက်ထဲ သင်အသက်ရှင်နေခြင်း ဖြစ်သည်။ ဤသည်မှာ သက်သေ၊ စာတန်နှင့် တိုက်ခိုက်သော တိုက်ပွဲကို အောင်နိုင်ခြင်း သက်သေဖြစ်သည်။ စာတန်ကို သင်စွန့်ပယ်နိုင်ပြီး သင့်အသက်ရှင်သန်မှုက စာတန်ကို မဖော်ညွှန်းတော့ပါ။ သို့သော် လူကိုဖန်ဆင်းချိန် ဘုရားသခင်က လူကိုပိုင်ဆိုင်စေချင်သည့် အရာဖြစ်သော သာမန် လူ့သဘောသဘာဝ၊ သာမန် ဆင်ခြင် တုံတရား၊ သာမန်အသိအမြင်၊ ဘုရားသခင်ကိုချစ်ဖို့ သာမန် ဆုံးဖြတ်ချက်နှင့် ဘုရားသခင်အား သစ္စာရှိမှု တို့ကို သင်ဖော်ညွှန်းလာသည်။ ဤသို့သောအရာမှာ ဘုရားသခင် ဖန်ဆင်းထားသူတစ်ဦးမှ သယ်ပိုးရသည့် သက်သေဖြစ်သည်။ သင်က “ကျွန်ုပ်တို့ ညစ်ညမ်းသည့်မြေမှာ ရှင်သန်ကြသည်။ သို့သော် ဘုရားသခင်၏ ကွယ်ကာမှု၊ ဦးဆောင်မှုနှင့် သူကျွန်ုပ်တို့ကို သိမ်းပိုက်ခြင်း တို့ကြောင့် စာတန်၏ လွှမ်းမိုးမှုမှ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ရုန်းထွက်ခဲ့ကြပြီး ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိူးရလဒ်ဖြစ်ပြီး ကျွန်ုပ်တို့ ကောင်းခြင်းကြောင့် သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုလို ချစ်ကြခြင်းကြောင့် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ယနေ့ အုပ်စိုးမှုကို ခံကြရခြင်းဖြစ်ပြီး သူ့ကို သက်သေခံပြီး အစေခံနိုင်ကြခြင်း ဖြစ်သည်။ ထို့အပြင် သူကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သည့်အတွက် စာတန်၏ပိုင်နက်မှာ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံရပြီး ညစ်ညမ်းမှုများကို နောက်ချန်ရစ်ကာ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် သန့်စင်ခံရခြင်းဖြစ်သည်” ဟု ဆိုနိုင်ပါသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။